Myanmar Idol Season 4 ကို ယှဉ်ပြိုင် လာခဲ့တာကတော့ အခုဆိုရင် Top 5 ပြိုင်ပွဲဝင်တွေ သီဆိုယှဉ်ပြိုင်ခဲ့ပြီးသွားပါပြီ ။ အဲ့ဒီ Top 5 ပြိုင်ပွဲဝင်တွေထဲက မူးလာကလည်း ပရိသတ်အခိုင်အမာရရှိထားပြီးပြီ ဖြစ်ပါတယ်။

ပြိုင်ပွဲဝ င်နေစဉ်မှာ စိတ်မကောင်းစရာ အဖြစ်ပျက်လေးနဲ့ ကြုံတွေ့ခဲ့ရပေမယ့် လည်း ပြိုင်ပွဲမှာ အရှုံးမပေးပဲ အကောင်းဆုံး သီဆိုယှဉ်ပြိုင်နေတယ်ဆိုတာကို အားလုံးသိရှိပြီးသားပါ။ ဒါပေမယ့်လည်း Top 5 ပြိုင်ပွဲဝင်တွေရဲ့ Result ရှိုးညမှာတော့ မူးလာ ဟာ ပြိုင်ပွဲကနေ ထွက်ခွါသွားခဲ့ရပါပြီ။

မူးလာ ပြိုင်ပွဲကနေ ထွက်ခွါသွားရတဲ့ အတွက်လည်း မူးလာကို ဝန်းရံသူတွေဟာ စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။

သီဆိုမှုမှာ အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့သလို ပြိုင်ပွဲတောက်လျှောက်မှာလည်း အရည်အချင်းတွေကိုပိုပိုတိုးတက်အောင်ကြိုးစားခဲ့တဲ့ စောခရစ်မူးလာကတော့ သူ့ရဲ့ဘဝတစ်ခုလုံးကို သူချစ်တဲ့ အနုပညာကိုချစ်မြတ်နိုးတာကြောင့် ပြိုင်ပွဲကိုပြိုင်ရင်း

သူရဲ့ ပထမဆုံးခြေလှမ်းကို စတင်ခြေလှမ်းသွားနိုင်ခဲ့တာကြောင့် သူကတော့ ဆက်လက်ကြိုးစားသွားမှာပါလို့ တည်ငြိမ်စွာ ပြောသွားခဲ့ပါတယ်..။

အဆုံးထိ ဖတ်ရှု့ပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်