ရုပ် ရှင်ချစ်ပရိသတ်တွေရဲ့ ရင်ထဲကို အရွယ်နဲ့မလိုက်အောင် သရုပ်ဆောင်ချက်တွေနဲ့ ဖမ်းစားထားတဲ့ ကလေးသရုပ်ဆောင်ပြည့်ပြည့်ကတော့ မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးမှာ (၆)နှစ်ကြာပျောက်ဆုံးနေတဲ့ ကလေးသရုပ်ဆောင်ဆုကို (၆၈)ကြိမ်မြောက်ဖြစ်တဲ့ ဒီနှစ်ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးမှာ ရရှိနိုင်မလားလို့ ပရိသတ်တွေရဲ့ ထင်ကြေးမှုကိုရရှိထားတာလည်းဖြစ်ပါတယ်။

ပြည့်ပြည့်ကတော့ သက် ငယ်မုဒိန်းမှုတွေကိုအခြေခံပြီး ပညာပေးအနေနဲ့ဒါရိုက်တာဟိန်းစိုးရိုက်ကူးထားတဲ့ ဟစ်တိုင် ရုပ်ရှင်ဇာတ်ကားကြီးမှာ မုဆိုးမအမေဖြစ်သူကိုမှီတွယ်တာလွန်းပြီး လူယုတ်မာတွေရဲ့စော်ကားသတ်ဖြတ်ခံရတဲ့ခလေးမလေး ဥဒေါင်းငယ် အဖြစ်ပရိသတ်တွေရဲ့ ရင်ဘက်ထဲထိရောက်ခဲ့တဲ့ ကလေးသရုပ်ဆောင်ကောင်းပဲဖြစ်ပါတယ်။ဒါရိုက်တာအာကာရဲ့ အဖေနဲ့သမီးကြားက ကြီးမားတဲ့ မေတ္တာတရားကို ရိုက်ကူးပုံဖော်ထားတဲ့ ကမ္ဘာနှစ်ထပ် ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ အိမ်ထောင်ကွဲမိသားစုတခုကအဖေကိုမုန်းနေတဲ့ ဂျစ်ကန်ကန်ကောင်မလေး သုသုအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ပြည့်ပြည့်လေးရဲ့ အအောင်မြင်ဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ လိပ်ပြာစံအိမ်ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ချောက်ချားဖွယ်ရာဖြစ်ရပ်တွေနဲ့ ရင်ဆိုင်နေရသောကလေးမလေး သီရီလေးအဖြစ်နဲ့ စင်္ကာပူနိုင်ငံမှာကျင်းပပြုလုပ်ခဲ့တဲ့ “Asian Academy Creative Awards” ဆုပေးပွဲကြီးမှာ နာမည်ကြီးအနုပညာရှင်တွေအကုန်လုံးကို ကျော်ပြီး “Best Actress In A Supporting Role” ဆုကြီးကို သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။

ပရိသတ်ကြီးရေ စင်္ကာပူနိုင်ငံမှာကျင်းပပြုလုပ်ခဲ့တဲ့ “Asian Academy Creative Awards” ဆုပေးပွဲကြီးမှာ နာမည်ကြီးအနုပညာရှင်တွေအကုန်လုံးကို ကျော်ပြီး “Best Actress In A Supporting Role” ဆုကြီးကိုတောင်သိမ်းပိုက်နိုင်ခဲ့တဲ့ ကလေးသရုပ်ဆောင်ပြည့်ပြည့်ဟာ (၆)နှစ်ကြာပျောက်ဆုံးနေတဲ့ ကလေးသရုပ်ဆောင်ဆုကို (၆၈)ကြိမ်မြောက်ဖြစ်တဲ့ ဒီနှစ်ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးမှာ ရရှိနိုင်မလား။