ပရိ သတ်အချစ်တော် မော်ဒယ်သရုပ်ဆောင် အဆိုတော် ဝိုင်းစုခိုင်သိန်းကတော့ ရွှေကြိုက်တဲ့ ဖခင်ဖြစ်သူရဲ့ မွေးနေ့မှာ ရွှေဟမ်းချိန်းကြီး မွေးနေ့လက်ဆောင်ပေးကာ “ဖေကြီးအတွက် မွေးနေ့လက်ဆောင်” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ဝိုင်းစုကတော့ မိဘအပေါ်သိတတ်နားလည်တဲ့သမီးလိမ္မာလေးတစ်ယောက်ဆိုတာ ပြောပြစရာမလိုအောင် ပရိသတ်တွေသိပြီးသားပဲဖြစ်ပါတယ်။

ဝိုင်း စုကတော့ အနုပညာလောကထဲကို မော်ဒယ်သရုပ်ဆောင်တစ်ယောက်အနေနဲ့စတင်ဝင်ရောက်လာပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိခဲ့ပြီး လက်ရှိမှာတော့ အဆိုပိုင်းကို တစ်စိုက်မတ်မတ်လုပ်ကိုင်နေပြီးလည်းဖြစ်ပါတယ်။သူဟာ မက်လောက်စရာဆိုတဲ့ တေးစီးရီးစတင်ထွက်ရှိခဲ့ပြီး ထွက်ရှိသမျှတေးစီးရီးတိုင်းဟာလည်း ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို သိမ်းပိုက်ထားနိုင်တဲ့ အမျိုးသမီးအဆိုတော်တစ်ဦးပဲဖြစ်ပါတယ်။လက်ရှိမှာတော့ ချစ်သူဖြစ်သူ အောင်လကိုယ်တိုင်ဦးစီးပြီး စီစဉ်ပေးထားတဲ့ နွားကျောင်းသူတေးစီးရီးနဲ့လည်း အောင်မြင်မှုပန်းတိုင်ကိုဆုပ်ကိုင်ထားနိုင်ပါတယ်။

ပရိ သတ်ကြီးရေ ထွက်ရှိသမျှတေးစီရီးတိုင်းဟာ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုသိမ်းပိုက်ထားနိုင်တဲ့ ၀ိုင်းစုကတော့ သူ့ရဲ့ အနုပညာကြေးလေးတွေထဲကမှ ဖခင်ဖြစ်သူရဲ့ မွေးနေ့မှာ ဖခင်သိပ်ကြိုက်တဲ့ ရွှေဟမ်းချိန်းကို လက်ဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်။