မော်ဒ ယ်သရုပ်ဆောင် မင်းသမီးတစ်လက်ဖြစ်တဲ့ နော်ဖောအယ်ထားကတော့ တစ်ခေတ်တစ်ခါက ကြော်ငြာမင်းသမီးချော ထက်ထက်မိုးဦးရဲ့ စိတ်သဘောထားပြည့်ဝမှုကို “ဗိုက်ဆာတယ် ပြောလို့ မုန့်လိုက်ဝယ်ကျွေးတာတဲ့ ငယ်ငယ်ကတည်းကအရမ်းချစ်ပြီး ကြိုက်ခဲ့ရတဲ့မင်းသမီး သူ့ကြော်ငြာလာရင် လိုက်ဆိုပြီး သူလုပ်သလို အိုက်တင်တွေ လိုက်လုပ်ခဲ့ရတာအမော ( လိုက်လုပ်ကောင်းလို့ ခုံပေါ်ကတောင်လှန်ကျခဲ့ဖူးတယ်) ခု ကားရိုက်ဆုံတော့ အများကြီး သင်ပြတယ် ပြောပြတယ် စိတ်သဘောထားအရမ်းပြည့်ဝပြီးအပြင်မှာပိုချစ်ခဲ့ရတဲ့ မထက် အမှတ်တရ” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

နော်ေ ဖာအယ်ထားကတော့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) ရိုက်ကူးနေသည့် သံမဏီနှင်းဆီ ရုပ်ရှင်ဇာတ်ကားကြီးမှာ ထက်ထက်မိုးဦး၊အလင်းရောင်၊ထွန်းကိုကို၊ညီထွဋ်ခေါင်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်နေတာလည်းဖြစ်ပြီး ရိုက်ကွင်းမှာ ငယ်ငယ်အရမ်းချစ်ပြီး ကြိုက်ခဲ့ရတဲ့ မင်းသမီးချော ထက်ထက်မိုးဦးရဲ့ စီနီယာတစ်ယောက်အပေါ်မှာထားတဲ့ စိတ်သဘောပြည့်ဝမှုကိုရရှိခဲ့လို့ အချစ်ပိုခဲ့ရပါသေးတယ်တဲ့နော်။ထက်ထက်မိုးဦးကတော့ နှစ်အတော်ကြာ အနုပညာအလုပ်ကို ရပ်နားခဲ့တာဖြစ်ပြီး လက်ရှိမှာ အနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။ပရိသတ်အချစ်တော် မင်းသမီးချော ထက်ထက်မိုးဦးကတော့ ခြေလှမ်းသစ်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပြန်လည်ဝင်ရောက် သရုပ်ဆောင်နေပါပြီ။

ပရိသတ်ကြီးရေ မော်ဒယ်သရုပ်ဆောင် မင်းသမီးတစ်လက်ဖြစ်တဲ့ နော်ဖောအယ်ထားကတော့ ငယ်ငယ်အရမ်းချစ်ပြီး ကြိုက်ခဲ့ရတဲ့ မင်းသမီးချော ထက်ထက်မိုးဦးရဲ့ စီနီယာတစ်ယောက်အပေါ်မှာထားတဲ့ စိတ်သဘောပြည့်ဝမှုကိုရရှိခဲ့ရလို့ ထက်ထက်ကို အချစ်ပိုနေရပါပြီတဲ့နော်။