Facebook က မိတ်ဆွေေ တွအတွက် လာဘ်ရွှင်ယတြာ လက်ဆောင်ပါးလိုက်ပါတယ်.. လာဘ်ပိတ်တဲ့ ဒုက္ခ မှ ကင်းဝေးပါစေ..
တစ်နေ့ မရောက်တာကြာပြီဖြစ်တဲ့အသိ တစ်ဦးရဲ့ ကုန်စုံရောင်းဝယ်ဆိုင်လေးသို့ ရောက်ရှိသွားပါတယ်။
”ဆရာသမား ဆိုင်ဘက်မရောက်တာကြာပြီ ”
”ဟုတ်ကဲ့ ခရီးများနေလို့ ..။ ဆိုင်ကလူရှင်းနေပါ့လား..”
ယခင်ကျွန်တော့်ရောက်ရှိလေတိုင်း ၀ယ်သူများ နဲ့ လက်မလည်အောင်စည်ကားနေတတ်ပါတယ်။ အခု သိသိသာသာဝယ်သူများရှင်းနေသဖြင့်မေး လိုက်ခြင်းဖြစ်ပါတယ်။
”ဟူးးး လူရှင်းဆို ၀ယ်သူကို မရှိသလောက် အောင် လာဘ်တွေတအားပိတ်နေတာ ဆရာသမားရေ ..။
ဆရာသမားလာတုန်း လာဘ်ရွှင်မယ့် အဆောင်လေး ယတြာလေး ချီးမြှင့်ပါဦး ”
ဆိုင်ရှင်အသိက သက်ပျင်းရှည်ကြီးချငြီးငြူကာ အကူညီတောင်းပါတော့တယ်။ ထိုအခါ ကျွန်တော့်က…
”ခင်များကို ယခင် လေးငါးလောက်က ပေးထားတဲ့ ယတြာမလုပ်ဖြစ်ဘူးထင်တယ်”
ပြောလိုက်ရာ ထိုသူက…
”ကြာသပတေး နေ့ ညနေ့ ၄နာရီ ခွဲမှ ၆နာရီ အတွင်း တနင်္လာနေ့ နံနက်၉နာရီမှ ၁၀ခွဲ အတွင်း ဆိုင်ရှေ့ကို ရေလေးခွက်ဖျန်း စေတီတစ်ဆူရဲ့ ဂြိုဟ်ခွင်ရှစ်ထောင့် ရှိတဲ့ ဘုရားလှူထားတဲ့ ပန်းအိုးတွေထဲက ရေပုတ်တွေ သန့်ရှင်း လုပ် ပေး အရဟံ ဂုဏ်တော်ကို အားတဲ့အ ချိန် ရွတ် တဲ့ ယတြာ လား ”
ဟု ပြောပါတယ်။ ထိုအခါ ကျွန်တော့်က …
”အေး လေ…ဗျာ ။ ဒီယတြာ က ငွေကြေးလာဘ်ပိတ်တဲ့ လူတွေလုပ်ရင် ငွေဝင်တယ်။ အရောင်းဝယ်လာဘ် ပိတ်တဲ့သူတွေ လုပ်ရင် အရောင်းဝယ်ကောင်းတယ်လေ ။
စာတွေ့တွေပြောနေတာမဟုတ်ဘူး လုပ်တွေ့တွေ အများကြီး အောင်မြင်နေကြတာ ”
ပြောလိုက်ရာ ထိုသူက သူ့နဖူးပြင်ကိုလက်ဖဝါးဖြင့် ပြန်လည်ရိုက်လိုက်ပြီးနောက်….
”အဲ့ဒီ့ ယတြာ မလုပ်ဖြစ်ထဲက အရောင်းအ နေတာ ဆရာသမားရေ..။ အိမ်က မိန်မ နေမကောင်းတော့ ဆိုင်ကို လိုက်မလာနိုင်တော့ဘူး။
ဆိုင်ကို သူမလိုက်နိုင်တော့ ဆိုင်မှာ ကျွန်တော့်ရှိနေမှ ဖြစ်မှာ ဒီတော့ ယတြာ က မလုပ်ဖြစ်တော့ ဘူးဗျ”
ဟု ပြောပါတယ်။ ထိုအခါ ကျွန်တော့်က…
”ဖြစ်ရလိမ့် ဗျာ..။ ဆိုင်က မခွာနိုင်လည်း ဆိုင်ရှေ့ ရေးဖျန်းတာ အဲ့ဒီ့ အချိန် ရေသန့်လေးဗူးလောက် ဒါန လုပ်ပေး ပြီး အရဟံ ရွတ်ပေါ့ ဗျာ။
အိမ်က အပြင်ထွက်လို့ မရတဲ့ လူတွေဆိုရင်လည်း အဲ့ဒီ့အချိန် တွေမှာ အိမ်ရှေ့ရေဖျန်း ရေလေးဗူးဒါန လုပ် အရဟံ ရွတ်နေရတာ ဘဲ ”
ပြောလိုက်ရာ ထိုသူက …
”ဟုတ်ကဲ့ ဆရာသမားရာ ကျွန်တော့်လည်း ပေါ့သွားတယ်။ နောက်နေ့ ကြာသပတေးနေ့ ဆိုတော့ ယတြာ စလုပ်လိုက်ပါမယ်”
”လုပ်လိုက်ပါ ဗျာ..။ မြန်မြန်အဆင်ပြေသွားအောင် အခု ဗုဒ္ဓဟူးနေ့ နံနက် ၁၀နာရီ ဆိုတော့ ဆိုင်ရှေ့ရေ ဖျန်း ရေသန့် လေးဗူး ဒါ လုပ်လိုက် ဦး”
”ဗျာ..ဗုဒ္ဓဟူးနေ့ လည်းလုပ်ရလား”
”ခုနှစ်ရက်စလုံး လုပ်ချင်ရင် ယတြာက လုပ်တယ်ဗျ ။ အင်္ဂဝိဇ္ဇာ ဗေဒင် အရ လာဘ်ဂြိုဟ် ဗုဒ္ဓဟူးခိုက်တဲ့ အခါ ၍ ပြီး နံတူဓာတ်နဲ့ ယတြာ ဆင်ထားတာဗျ။
ဒီတော့ ငွေဝင်ပိတ်တဲ့ လူတွေ ရန်ပြဿနာများနေတဲ့ လူတွေ ဈေးရောင်းမကောင်းတဲ့လူတွေ အားလုံး …
တနင်္ဂနွေ နေ့ဆိုရင် နေ့လည် ၁နာရီခွဲမှ ၃နာရီအတွင်း
တနင်္လာနေ့ နံနက် ၉နာရီမှ ၁၀ခွဲ အတွင်း
အင်္ဂါနေ့ ညနေ့ ၃နာရီမှ ၄ခွဲအတွင်း
ဗုဒ္ဓဟူး နေ့ နံနက် ၁၀ခွဲမှ ၁၂နာရီအတွင်း
ကြာသပတေးနေ့နံနက် ၆နာရီမှ ၇ခွဲ ညနေ့ ၄ခွဲမှ ၇နာရီခွဲ အတွင်း
သောကြာနေ့ နေ့လည် ၁၂နာရီမှ ၁နာရီ ခွဲ အတွင်း
စနေ့နေ့ နံနက်၇ခွဲမှ၉နာရီအတွင်း
လာဘ်ဂြိုဟ် ပိတ် တဲ့ အချိန် တွေဘဲ။ အဲ့ဒီ့အချိန်တွေမှာ ဗုဒ္ဓဟူးသားအနေနဲ့ ပန်းလှူတာ အကြံစည်ပြုတာ မလုပ်ရဘူး။
ဘယ်နေ့သားသမီးမဆို အဲ့ဒီ့ အချိန်တွေမှာ အ၀တ်အထည် ဘုရားပုံတော် ရုပ်ပွား ဆင်တု ၀ယ်မပူဇော်ရဘူး။
ခုန လို ရေသန့် လေးဗူးလှူတာ။ အိမ်ရှေ့ဆိုင်ရှေ့ ရေဖျန်းတာ။ စေတီ တစ်ဆူဆူမှာရှိတဲ့ ပန်းအိုးတွေထဲက ရေပုတ်တွေကိုသန့်ရှင်းရေးလုပ်ပေးတာစတဲ့ယတြာ တွေ ကို လုပ်ရမယ်”
ကျွန်တော့်က ရှည်လျားစွာရှင်းပြလိုက်ပါတယ်။ ထိုအခါ …
”အရောင်းဝယ် က အရမ်းလာဘ်ပိတ်နေတာဆိုတော့ နေ့တိုင်း ယတြာ လုပ်လိုက်မယ် ဆရာသမား”
ဟုပြောပါတယ်။ ခုရက်သားသမီးများလည်း ကျွန်တော့် တင်ပြတဲ့ ယတြာကို လုပ်ရင်း လာဘ်တွေ ရွှင်ကြပါစေ ။
Dr.ရဲဇော်(ဇီးကုန်း)