နိုင် ငံကျော် အနုပညာရှင်တွေဖြစ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာလောကမှာ အောင်မြင်မှုတွေကိုယ်စီ ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက သာယာပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားပြီး တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အားပေးကြတဲ့ ဇနီးမောင်နှံလေးပဲ ဖြစ်ပါတယ်။

ရွှေ ထူးနဲ့ ရွှေမှုံရတီက လက်ရှိမှာတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေတာဖြစ်ပြီး နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင် လည်ပတ်နေတာ ဖြစ်ပါတယ်။

သူ့ ထက် (၆) နှစ်ကျော်ငယ်တဲ့ ဇနီးချောလေးကိုပိုင်ဆိုင်ထားတဲ့ ရွှေထူးကဇနီးဖြစ်သူကို တော်တော်လေး ဂရုစိုက်ပြီး အလိုက်လိုက်သူ ဖြစ်ပါတယ်။ အခုလည်း သူ့ရဲ့ ဇနီးလေးကို ဘန်ကောက်မြို့မှာ ဆေးခန်းလိုက်ပြပေးနေတာပဲ ဖြစ်ပါတယ်။

ရွှေထူးက ဇနီးဖြစ်သူအတွက် စိုးရိမ်ပူပန်နေရင်း ပင်ပန်းနေတာကို “ဆေးခန်းလာပြတာကသူ… လူနာရုပ်ပေါက်နေတာက ကျွန်တော် 😁” ဆိုပြီး သူ့ကိုယ်သူ အရွှန်းဖောက်ထားပါသေးတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီကတော့ ဘန်ကောက်မြို့မှာ အေးအေးဆေးဆေး အနားယူနေကြတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Shwe Htoo’s fb