မြန်မာ့ရု ပ်ရှင်လောကရဲ့ ဇာတ်ပို့တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် အိအိတုန် တစ်ယောက်ကတော့ ယနေ့တိုင် ပရိသတ်လက်ခံနေတဲ့ ဇာတ်ပို့သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ သူမဟာ မြန်မာရုပ်ရှင်ဇာတ်ကား တော်တော်များများမှာ သရုပ်ဆောင်ခဲ့သူဖြစ်ပြီးတော့ သူမရဲ့ ထူးချွန်လှတဲ့ အနုပညာကြောင့်လည်း ယနေ့တိုင် ပရိသတ်ရှိနေတာပဲဖြစ်ပါတယ်။

အခုချိန်မှာတော့ အိအိတုန်တစ်ယောက်ဟာ သူရဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးနဲ့ အတူ သာယာတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။အထူးသဖြင့် ငယ်ချစ်နဲ့ ရွှေလက်တွဲခဲ့ရပြီးတော့ ယနေ့တိုင် ချစ်နေဆဲဖြစ်တာကြောင့်လည်း သူမဟာ အိမ်ထောင်ကျတာ ကံကောင်းသူတစ်ဦးအဖြစ် ပြောဆိုအသိပေးလာပါတယ်။

သူမရဲ့ ငယ်ဘဝအချိန်လေးတွေကို ပြန်လည်အမှတ်ရရင်းနဲ့ သူ့ခင်ပွန်းနဲ့ ချစ်သူဖြစ်၉ နှစ်တာကာလ ၊ အိမ်ထောင်ဘက်ဖြစ်တာ ၅ နှစ်တာ ကာလမှာ ယနေ့တိုင် ချစ်နေဆဲကြင်နာနေဆဲပဲလို့ သူမရဲ့ လူမှုကွန်ရက်ကအနေ အသိပေးပြောပြလာပါတယ်။

အိအိတုန်က ” ဒီလိုအရွယ်ထဲကချစ်လာကြတယ်ရည်းစားသက် (9) နှစ် အိမ်ထောင်သက်5နှစ်အတွင်းမှာချစ်ပေးတဲ့တွက်ရောနားလည်ပေးနိုင်တဲ့အတွက်ရောကျေးဇူးကျားကျားချစ်တယ်နော် ရှေ့ကိုတက်ညီလက်ညီတက်လှမ်းမယ် ယောက်ျားရကံကောင်းခဲ့တဲ့အိတုန်” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာတင်ထားတာကိုတွေ့ရပါတယ်။

အခုလို အိမ်ထောင်ရေးကံကောင်းတဲ့ သရုပ်ဆောင် အိအိတုန်အတွက်လည်း ပရိသတ်များက ဝမ်းသာကြောင်းနဲ့ မိန်းမတစ်ယောက်အတွက် အိမ်ထောင်ရေး ကံကောင်းခြင်းဟာ စိတ်ချမ်းသာစရာပဲဖြစ်တယ်လို့လည်း ပရိသတ်များက မှတ်ချက်ပြုကြပါတယ်။

Writer – SMT( Shwe Yaung Lan)