ကျော်ကျော်ဗိုလ်ကေ တာ့ အနုပညာလောကမှာ အောင်မြင်ကျော်ကြားတဲ့ မင်းသားတစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့ သူတစ်ယောက်ပဲဖြစ်ပြီး အပြောကတော့ ရွှေမန်းပဲ လို့ပြောစမှတ်တွင်အောင်အပြောကောင်းအဟောကောင်းခဲ့ကာ မြန်မာ့ဇာတ်သဘင် ဦးသျှောင်တစ်ယောက်ဖြစ်တဲ့ အလင်္ကာကျော်စွာ ရွှေမန်းတင်မောင် ရဲ့မြေးတစ်ယောက်လည်းဖြစ်ပါတယ်။

ကျော်ကျော်ဗိုလ်ကတော့ အဖိုးဖြစ်သူ ရွှေမန်းတင်မောင်သာ သက်ရှိထင်းရှားရှိနေဦးမယ်ဆိုရင် (၁၀၁)နှစ်ပြည့်မွေးနေ့လေးဖြစ်မည့် ယနေ့မှာ အဖိုးဖြစ်သူကိုတမ်းတအမှတ်ရကာ မွေးနေ့ဆုမွန်ကောင်းတောင်ရင်း မြေးတစ်ယောက်ဖြစ်ခွင့်ရတာ ကျေးဇူးတော်အနန္တပါလို့ “Happy Birthday ပါ ဖိုးဖိုး အရှိန်တကယ်ပြောင် …. မသိမ်ငယ်ပေါင် ….မိုးထိအောင်တက်မယ့် ” တင်မောင် ” ကျွန်တော့် သည်ဘဝ သည်ခန္ဓာ ရွှေမန်းတင်မောင်မြေး ဖြစ်ခွင့်ရခဲ့သည့်အတွက် ကျေးဇူးတော်အနန္တပါခင်ဗျာ” လို့ သူရဲ့လူမှုကွန်ရက် စာမျက်နှာမှာတင်ထားပါတယ်။

သရုပ်ဆောင်အရည်အချင်း မှာသာမက ဟာသညဏ်ရွှင်သူ ဖြစ်တာမို့ နှင်းဆီအငြိမ့်များတွင်လည်း ပင်တိုင်လူရွှင်တော်တစ်ယောက် အဖြစ် ပရိသတ်ရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ ကျော်ကျော်ဗိုလ် ဟာ အဖိုးဖြစ်သူကွယ်လွန်သွားတာ နှစ်(၅၀)တိုင်အောင် အဖိုးဖြစ်သူရဲကမွေးနေ့လေးကို မေ့မရပဲ ဆုမွန်ကောင်းတောင်းပေးထားတာနော်။

ပရိသတ်ကြီးရေ အနုပညာအမွေတွေနဲ့ အနုပညာကိုချစ်တဲ့သွေးတွေစီဆင်းစေခဲ့ပြီး မြန်မာ့ဇာတ်သဘင်လောကရဲ့ ဦးသျှောင်တစ်ယောက်အဖြစ် သားသမီး၊မြေးမြစ်တွေကို ဂုဏ်ယူနိုင်အောင်စွမ်းဆောင်နိုင်ကာ ဘဝနောက်ဆုံးအချိန်ကိုတောင် ဇာတ်ခုံပေါ်တွင် ကရင်းခုန်ရင်း ကုန်းဆုံးခဲ့တဲ့ အဖိုးဖြစ်သူရဲ့ မြေးဖြစ်ရတာ ဂုဏ်ယူမဆုံးဖြစ်နေတာတော့ မဆန်းပါဘူးနော်။Source: Kyaw Kyaw Bo