”အ သက္မျပည့္ေသး သည့္ အမ်ိဳး သမီးငယ္အား အိမ္နီးနာခ်င္း အမ်ိဳး သားႀကီး မွ အလိုမတူဘဲသားမယားအျဖစ္ျပဳက်င့္”

ဒီဇင္ဘာ(၂၂)AlinnMyay(အလင္းေျမ)

အသက္မျပည့္ေသးသည့္ ( ၁၄ )ႏွစ္အရြယ္ အမ်ိဳးသမီးငယ္ တစ္ဦးအား အိမ္နီးနာ လမ္းတစ္ဘက္တြင္ ေနထိုင္သူ အသက္ (၅၄ )ႏွစ္အရြယ္ အမ်ိဳးသားႀကီး မွ အလိုမတူ အဓမၼ ျပဳမႈက်င့္သည့္ ျဖစ္စဥ္ တစ္ခု ေတာင္ငူၿမိဳ႕နယ္ ၊ အင္းဝိုင္းရြာတြင္ ျဖစ္ပြါးခဲ့ေၾကာင္း ဒီဇင္ဘာ ၂၂ ရက္ေန႔က သိရသည္။

ပဲခူးတိုင္းေဒသႀကီး ၊ ေတာင္ငူၿမိဳ႕ ၊ ဇီကုန္းေက်းရြာအုပ္စု ၊ အင္းဝိုင္းရြာတြင္ ဒီဇင္ဘာ ၂၀ ရက္ ည ၈ နာရီ ၃၀ အခ်ိန္တြင္ လမ္းတစ္ဘက္ေန အိမ္နီးနားခ်င္းျဖစ္သူ ဦးေမာ္ေဟး(ခ) ေစာဘေလးေဖာ( ၅၄ )ႏွစ္ ၊ အင္းဝိုင္းေက်းရြာေနသူ မွ တစ္ရြာတည္းေန မ——- ( ၁၄ )ႏွစ္အား အလိုမတူ သားမယားအျဖစ္ျပဳခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။

အဆိုပါ ဦးေမာ္ေဟး(ခ) ေစာဘေလးေဖာ မွ အလိုမတူ သားမယားအျဖစ္ ျပဳက်င့္ခဲ့ေၾကာင္း မိခင္အားေျပာျပခဲ့ၿပီး မိခင္မွတဆင့္ ဖခင္ျဖစ္သူအား ဆက္လက္ေျပာျပခဲ့ရာမွ ေတာင္ငူၿမိဳ႕ အမွတ္ ( ၂ )နယ္ေၿမ ရဲစခန္းသို႔သြားေရာက္အမႈဖြင့္ဆိုခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

” သာမန္အားျဖင့္ေတာ့ စစ္ေဆးေပၚေပါက္ ပါတယ္ က်ဴးလြန္သူ / က်ဴးလြန္ခံရသူ ႏွင့္ သက္ေသ အေထာက္အထားေတြကို ဆက္လက္ စစ္ေဆးေနဆဲျဖစ္ေၾကာင္း ” ရဲအရာရွိ တစ္ဦးကေျပာသည္ ။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ဦးေမာ္ေဟး(ခ) ေစာဘေလးေဖာအား ေတာင္ငူၿမိဳ႕ အမွတ္( ၂ )နယ္ေျမရဲစခန္းတြင္ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္ စစ္ေဆးေဆာင္ရြက္လၽွက္ရွိေၾကာင္းသိရသည္။

ေနလင္းေအာင္ (ေတာင္ငူ) #AlinnMyay(အလင္းေျမ)

Unicode

အသက်မပြည့်သေးသည့် အမျိုးသမီးငယ်အားအိမ်နီးနာချင်း အမျိုးသားကြီးမှ အလိုမတူဘဲသားမယားအဖြစ်ပြုကျင့်

ဒီဇင်ဘာ(၂၂)AlinnMyay(အလင်းမြေ)

အသက်မပြည့်သေးသည့် ( ၁၄ )နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးအား အိမ်နီးနာ လမ်းတစ်ဘက်တွင် နေထိုင်သူ အသက် (၅၄ )နှစ်အရွယ် အမျိုးသားကြီး မှ အလိုမတူ အဓမ္မ ပြုမှုကျင့်သည့် ဖြစ်စဉ် တစ်ခု တောင်ငူမြို့နယ် ၊ အင်းဝိုင်းရွာတွင် ဖြစ်ပွါးခဲ့ကြောင်း ဒီဇင်ဘာ ၂၂ ရက်နေ့က သိရသည်။

ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူမြို့ ၊ ဇီကုန်းကျေးရွာအုပ်စု ၊ အင်းဝိုင်းရွာတွင် ဒီဇင်ဘာ ၂၀ ရက် ည ၈ နာရီ ၃၀ အချိန်တွင် လမ်းတစ်ဘက်နေ အိမ်နီးနားချင်းဖြစ်သူ ဦးမော်ဟေး(ခ) စောဘလေးဖော( ၅၄ )နှစ် ၊ အင်းဝိုင်းကျေးရွာနေသူ မှ တစ်ရွာတည်းနေ မ——- ( ၁၄ )နှစ်အား အလိုမတူ သားမယားအဖြစ်ပြုခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ဦးမော်ဟေး(ခ) စောဘလေးဖော မှ အလိုမတူ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း မိခင်အားပြောပြခဲ့ပြီး မိခင်မှတဆင့် ဖခင်ဖြစ်သူအား ဆက်လက်ပြောပြခဲ့ရာမှ တောင်ငူမြို့ အမှတ် ( ၂ )နယ်မြေ ရဲစခန်းသို့သွားရောက်အမှုဖွင့်ဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

” သာမန်အားဖြင့်တော့ စစ်ဆေးပေါ်ပေါက် ပါတယ် ကျူးလွန်သူ / ကျူးလွန်ခံရသူ နှင့် သက်သေ အထောက်အထားတွေကို ဆက်လက် စစ်ဆေးနေဆဲဖြစ်ကြောင်း ” ရဲအရာရှိ တစ်ဦးကပြောသည် ။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဦးမော်ဟေး(ခ) စောဘလေးဖောအား တောင်ငူမြို့ အမှတ်( ၂ )နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

နေလင်းအောင် (တောင်ငူ) #AlinnMyay(အလင်းမြေ)