ဒီ လူ့ေ လာကကြီးရဲ့ ကံကြမ္မာဟာ အရမ်းကို ဆန်းကြယ်လှပါတယ်။ မထင်မှတ်ထားတဲ့ အဖြစ်ပျက်များစွာက စောင့်ကြိုနေတတ်ပါတယ်။ အခု ပရိတ်သတ်ကြီးကို တင်ဆက်ပေးမယ့် သတင်းလေးကတော့ မလေးရှားနိုင်ငံက အဖြစ်ပျက်လေးပါပဲ။ နှစ်ပေါင်း ၃၀ ကျော်အောင် အရမ်းချစ်ခဲ့ကြတဲ့ စုံတွဲလေးဟာ ဖအေတူ မအေကွဲ မောင်နှမ ဖြစ်နေခဲ့ပြီး ဒီလို မောင်နှမဖြစ်နေခဲ့တာကို မသိခဲ့ကြပါဘူး။ မောင်နှမတွေဖြစ်မှန်း သိတဲ့အခါမှာတော့ လမ်းခွဲခဲ့ကြရတယ်လို့ @ibcig အမည်နဲ့ တွစ်တာ အသုံးပြုသူတစ်ယောက်က မျှဝေခဲ့ပါတယ်။

သူ တို့ ဇနီးမောင်နှံ့ ၂ ဦးဟာ လမ်းခွဲရတဲ့ အချိန်မှာတော့ မြေးတွေတောင် ရနေပြီလို့ ဆိုပါတယ်။ ဒီလို မောင်နှမ ဖြစ်နေမှန်းကို လုံးဝကို မသိခဲ့ကြပါဘူး။ သူတို့ရဲ့ အဖြစ်လေးကတော့ သူတို့ ဖခင်ဟာ ကုန်တင်ကားမောင်းနှင်သူ တစ်ဦးဖြစ်ပြီး Terengganu ပြည်နဲ့ Johor ပြည်နယ်တွေမှာ ဇနီး တစ်ဦး စီ ရှိခဲ့ပါတယ်။ သူတို့ရဲ့ ဖခင်ဟာ သူတို့ မူလတန်းအရွယ်မှာပဲ ဆုံးပါးသွားခဲ့ပါတယ်။ သူတို့ ဖခင်ရဲ့ ဇနီးသည်တွေဟာလည်း သူတို့ယောက်ျားမှာ အခုလို အိမ်ထောင် ၂ ခု တည်ဆောက်ခဲ့တယ်ဆိုတာကိုလည်း မသိခဲ့ကြပါဘူး။

သူတို့ ၂ ဦးဟာ အစပိုင်းမှာ ဖခင်နာမည်တူတာကို တိုက်ဆိုင်မှုလို့ဘဲ ထင်ခဲ့ကြပါတယ်။ သို့ပေမယ့်လည်း လှည့်စားတတ်တဲ့ ကံကြမ္မာကြီးက တစ်ရက်မှာ ရောက်ရှိလာပါတယ်။ ခင်ပွန်းဖြစ်သူက သူ့ဖခင်ပုံဟောင်းလေးကို ယောက္ခမကို ပြခဲ့မိရင်း သူတို့ ၂ ဦးဟာ ဖအေတူမအေကွဲမောင်နှမတွေဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။ ဒီလို သိရှိသွားတဲ့နောက်ပိုင်းမှာတော့ မင်္ဂလာ သက်တမ်း နှစ် ၃၀ ကျော်ပေမယ့်လည်း လမ်းခွဲခဲ့ကြပါတယ်။

ဘယ်လောက်တောင်မှ ဝမ်းနည်းဖို့ကောင်းတဲ့ အဖြစ်လေးလဲနော်……….။ ဘယ်လောက်ပဲ ချစ်ခဲ့ ချစ်ခဲ့ လမ်းခွဲကြဖို့ အကြောင်းပါခဲ့ပုံများ စိတ်မကောင်းစရာလေးပါပဲ။ ပရိတ်သတ်ကြီး ကံကြမ္မာကြီးက အရမ်းကို ထူးဆန်းတတ်တယ်နော်…………..။

Writer- ME(Shwe Yaung Lan)