”အ ကယ်ဒမီ နဲ့ပတ်သက် ရင်ရေစက် ရှိ ခဲ့ တဲ့ မင်းသမီး(၂)ဦး ရဲ့ ဒီနှစ် အ ကယ်ဒမီကံကြမ္မာကရောဘယ်လိုဖြစ်လာမလဲ”

မြန်မာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနား ကိုတော့ (၁၉၅၂) ခုနှစ်မှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ်ကျင်းပတဲ့ထူးချွန်ဆုပေးပွဲကြီး ကတော့ (၆၈)ကြိမ်မြောက်ကို ရောက်ရှိလာကာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရရှိဖို့ဆိုတာ တော်ရုံအရည်အချင်းနဲ့တော့မရနိုင်ပါဘူး။ယခုနှစ်ထဲမှာဆိုရင် ရုပ်ရှင်ကားကောင်းတွေနဲ့ အမိုက်စားသရုပ်ဆောင်ချက်တွေကြောင့် ဘယ်သူတွေရရှိမလဲလို့ ခန့်မှန်းရန် ခက်ခဲနေကြတာအမှန်ပါ။သဘာဝကျလွန်းတဲ့ကာရိုက်တာတွေနဲ့ ပရိသတ်ရင်ကိုရိုက်ခတ်ထားပြီး (၂)နှစ်ဆက်တိုက်ထဲမှာ ဇာတ်ပို့ဆုနဲ့၊ဇာတ်ဆောင်ဆုကို ဆန်းကြယ်စွာ တစ်ယောက်တစ်လှည့်ရရှိခဲ့တဲ့ခိုင်သင်းကြည်၊ဝတ်မှုံရွှေရည် သူတို့(၂)ယောက်ရဲ့ဒီနှစ်အကယ်ဒမီကံတရားကရော ဘယ်သူ့ကို(၃)ထပ်ကွမ်းဆုဆီ တွန်းပို့သွားမှာလဲ။

(၁) ခိုင်သင်းကြည်

ပရိသတ်တွေရဲ့ မပွတ်ကျွတ် လို့ချစ်စနိုးခေါ်ကြတဲ့ နိုင်ငံကျော်သရုပ်ဆောင်မင်းသမီးချော ခိုင်သင်းကြည်ကတော့ ကျရာဇာတ်ကောင်ကို သဘာဝကျကျသရုပ်ဆောင်တဲ့နေရာမှာ ထူးချွန်သူဖြစ်ပြီး (၂၀၁၃)ခုနှစ်တွင် ဒါရိုက်တာ ဝင်းထွန်းထွန်းရဲ့ စုန်းပြူး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို မိချော ဆိုတဲ့ ကာရိုက်တာနဲ့ရရှိခဲ့ပြီး (၂၀၁၄)ခုနှစ်မှာတော့ ဒါရိုက်တာ ဇေပါရဲ့ ကောင်းကျိုးကိုယ်၌တည်စေမင်း ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။ ယခုနှစ်မှာတော့ စရိုက် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ တော့ တစ်ခုလပ်မိန်းမ ဘဲဥမ ကာရိုက်တာကတော့ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာရေပန်းစားခဲ့ပြီး မပွတ်ကျွတ်(ခေါ်) ခိုင်သင်းကြည်ရဲ့ (၃)ထပ်ကွမ်းဖြစ်မည့် အကယ်ဒမီ ကိုဆွတ်ခူးပေးနိုင်မလား။

(၂) ဝတ်မှုံရွှေရည်

လူလေးလှသလောက် ရုပ်ရှင်ဇာတ်ကားတွေကို သူ့နဲ့လိုက်ဖက်မှသာ ရိုက်ကူးတဲ့နေရာမှာ ပရိသတ်တွေရဲ့ ဇာတ်ကောင်ရွှေးတအားတော်တယ်လို့ ချီးကျူးနေရတဲ့ ရွှေကစ်(ခေါ်)ဝတ်မှုံရွှေရည်ကတော့ (၂၀၁၃)ခုနှစ်မှာ နင်စေရင်ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီးဇာတ်ဆောင်ဆု၊(၂၀၁၄)ခုနှစ်မှာ နှလုံးသားဖြင့်ပြုလုပ်သည် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီးဇာတ်ပို့ဆုရရှိခဲ့ပါတယ်။ ရွှေကစ်ကတော့ နိုင်ငံကျော်သရုပ်ဆောင်မင်းသမီးချော ခိုင်သင်းကြည်နဲ့အတူတူ (၂)နှစ်ဆက်တိုက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ဇာတ်ပို့ဆု တစ်ယောက်တစ်လှည့် ရရှိခဲ့ပြီး ယခုနှစ်မှာတော့ လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးမှ မေနှင်း ဆိုတဲ့ ကာရိုက်တာနဲ့ Asia Academy Creative Award ဆုပေးပွဲကြီးမှာ ဇာတ်ဆောင်အနေနဲ့ Regional Winner အထိရောက်ရှိခဲ့တာမို့ မေနှင်း ဟာ ရွှေကစ်ရဲ့ (၃)ထပ်ကွမ်းဖြစ်မည့် အကယ်ဒမီဖြစ်လာနိုင်မလား။

ပရိသတ်ကြီးရေ သဘာဝကျလွန်းတဲ့ကာရိုက်တာတွေနဲ့ ပရိသတ်ရင်ကိုရိုက်ခတ်ထားပြီး (၂)နှစ်ဆက်တိုက်ထဲမှာ ဇာတ်ပို့ဆုနဲ့၊ဇာတ်ဆောင်ဆုကို ဆန်းကြယ်စွာ တစ်ယောက်တစ်လှည့်ရရှိခဲ့တဲ့ခိုင်သင်းကြည်၊ဝတ်မှုံရွှေရည် သူတို့(၂)ယောက်ရဲ့ဒီနှစ်အကယ်ဒမီကံတရားကရော ဘယ်သူ့ကို(၃)ထပ်ကွမ်းဆုဆီ တွန်းပို့သွားမှာလဲဆိုတာကတော့ ရင်ခုန်စိတ်လှုပ်ရှားစရာပါပဲနော်။