ပ ရိသတ်ကြီးရေ Myanmar Idol Season(4)ရဲ့ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ဘင်ဂျမင်ဆုမ်းဟာ လက်ရှိမှာတော့ Final အဆင့်(၃)ယောက်ထဲပါဝင်ခဲ့ပြီပဲ ဖြစ်ပါတယ်နော်။ ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းများသီဆိုတဲ့အချိန်မှာ “အချစ်သည်လေပြေ” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယအပုဒ်ဖြစ်တဲ့ “ကမ္ဘာမြေအတွက်သီချင်း” ကိုလည်း ပရိသတ်တွေရင်ထဲရောက်အောင် သီဆိုနိုင်ခဲ့တဲ့အပြင် ဒိုင်တွေရဲ့မှတ်ချက်ကောင်းတွေ ရရှိခဲ့တာပါနော်။

အကောင်းဆုံး သီဆိုယှဉ်ပြိုင်ခဲ့ပေမယ့် တချို့သောပရိသတ်တွေက ဘင်ဂျမင်ဆုမ်းဟm Final မရောက်သင့်ဘူးလို့ မှတ်ချက်တွေ အပေးခံနေရတာပဲ ဖြစ်ပါတယ်။ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ချစ်စရာ ဘင်ဂျမင်ဆုန်း ကို ဆွဲဆောင်မှုမရှိတဲ့အပြင် တက်ရောက်ဖို့ အရည်အချင်းမပြည့်မှီဘူးလို့ ဝေဖန်မှုတွေဆက်တိုက်ထွက်ပေါ်လာနေတာပဲ ဖြစ်ပါတယ်။ပြုတ်သွားခဲ့တဲ့ ပြိုင်ပွဲဝင်တွေသာ Final ကို တက်ရောက်သင့်တယ်လို့ မှတ်ချက်တွေအပေးခံနေရတာပဲ ဖြစ်ပါတယ်နော်။

ပ ရိသတ်ကြီးရော ဘင်ဂျမင်ဆုမ်းတစ်ယောက် Final တက်ရောက်သင့်လားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။ဘယ်လိုမှတ်ချက်ဆိုးတွေပဲရှိရှိ ” “God is Good All the Time” “All the Time, God is Good” ကျွန်တော့်ကိုချစ်ပြီး vote ပေးတဲ့သူတွေအားလုံး

မြန်မာတစ်နိုင်ငံလုံးက Summers တွေ တကမ္ဘာလုံးက Summers ပါ ။တယောက်စီတိုင်းကိုကျေးဇူးအထူးတင်ရှိလိုက်တာဗျာ။ကျွန်တော်အကောင်းဆုံးကြိုးစားကြိုးစားကြိုးစားနေမယ်ခင်ဗျ ” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြခဲ့တာပါ။ ဘင်ဂျမင်ဆုမ်းတစ်ယောက် Final မှာ Winner ဆုကြီးကို ဆွတ်ခူးနိုင်ပါစေလို့ မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Benjamin Sum
Crd;Candy – Cele Connection