အ ကိတ်မလေး ဖြစ် ချင် လို့ ရင် သားကြီး သွားအောင် ခွဲ စိ တ်ရာ မှ ဒုက္ခရောက်သွား တဲ့ ၁၈ နှစ် မိန်းကလေး

ယနေ့ခေတ် မှာတော့ ခေတ်မီတိုးတက်လာတာနဲ့အမျှ ခေန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပြုပြင်လာခဲ့ကြပါတယ်။ ဒီလို ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ပြုပြင်ယုံသာမျှ မက မျက်နှာသွင်ပြင်ကိုလည်း ပြုပြင်ခြင်းဟာ ခေတ်စားလာခဲ့ပါတယ်။ ဒီလိုပြုပြင်ခြင်းတွေကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်လေး တစ်ယောက်အကြောင်းကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးပါ့မယ်။ သူမရဲ့ နာမည်ကတော့ အမ်မလင်းငုယင်လို့ ခေါ်ပါတယ်။

အမ်မ လင်းဟာ အမေရိကန်ဒေါ်လာ ၆ ထောင်ကျော်ကို စုဆောင်းခဲ့ပြီး ရင်သားခွဲစိတ်ပြုပြင်ဖို့ ပြုလုပ်ခဲ့ပါတယ်။ သူမကို ဂရင်းဝတ် ဗဲလေ့ခ်ျ ဆေးရုံးက ဒေါက်တာ ဂျော့ဖရေးကမ်နဲ့ အဆက်သွယ်ပြုလုပ်ခဲ့ပြီး ဒေါက်တာရဲ့ ဆေးခန်းဖြစ်တဲ့ ကိုလိုရာဒို ဆိုတဲ့ ပလပ်စတစ်ဆာဂျရီဆေးခန်းမှာ ခွဲစိတ်ခဲ့တာဖြစ်ပါတယ်။ သူမ ဒီလို ခွဲစိတ်ပြုပြင်မယ်ဆိုတာကို မိဘတွေကလည်း သိရှိခဲ့ပါတယ်။ သို့ပေမယ့်လည်း သမီးလေးရဲ့ဆန္ဒဖြစ်တဲ့အတွက် ဆယ်ကျော်သက်သမီးလေးကို ခွင့်ပြုခဲ့ပါတယ်။ သို့ပေမယ့်လည်း အမ်မလင်းဟာ ကံဆိုးခဲ့ရပါတယ်။ ယခုလိုဖြစ်ခဲ့တဲ့အတွက်လည်း အမ်မလင်း မိခင်က အဆိုပါ ဒေါက်တာကို တရားစွဲဆိုထားပါတယ်။

တရားရုံးရဲ့ အမှုတွဲမှာတော့ အမ်မလင်းကို သူနာပြု ရက်စ်မီကာ က နေ့လည် ၂ နာရီမှာ မေ့ဆေးပေးခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ခွဲစိတ်မှုဟာ ၂ နာရီသာ ကြာမြင့်တဲ့ ခွဲစိတ်မှုဖြစ်ပေမယ့်လည်း အချိန်တော်တော်ကြာအောင်ကို ဆွဲထားတယ်လို့ ဆိုပါတယ်။ အခုအချိန်ကြာမြင့်တာကြောင့် မိခင်က ဒေါက်တာနဲ့ ဆက်သွယ်တဲ့အခါ အမ်မလင်းဟာ အဆင်ပြေကြောင်း နှလုံးခုန်နှုန်းကျလို့ ရှေ့ဆက်မလုပ်သေးတာဖြစ်ကြောင်း ဆယ်ကျော်သက်မလို့ ကျန်းမာရေးကောင်းကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ အမ်မလင်းဟာ ပထမ အကြိမ်မှာ နှလုံးရပ်တန့်ခဲ့တယ်လို့ ဆိုပါတယ်။ နှလုံးပြန်လည် ခုန်လာပေမယ့် ဒုတိယအကြိမ်မှာတော့ အာရုံကြောတွေပါ တုံ့ဆိုင်းမှုကို ကြုံတွေခဲ့ရပါတယ်။ အမ်မလင်းကို ထိုဖြစ်စဉ်ဖြစ်ပြီး နောက်ပိုင်း Littleon Adventist ဆေးရုံကို တင်ခဲ့ပါတယ်။

၂၂ ရက်ကြာပြီးနောက်ပိုင်းမှသာ အမ်မလင်းဟာ သတိပြန်လည်ရခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သူမကို ပြန်လည်ထူထောင်ရေး ဆေးရုံကို ပို့ထားရတယ်လို့ ဆိုပါတယ်။ သူမဟာ လမ်းလည်း မလျှောက်နိုင်တော့သလို၊ စကားလည်း မပြောနိုင်တော့ပါဘူး။ Unilad သတင်းဖော်ပြချက်အရ သူမဟာ ဦးနှောက်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သတ်ပြီး သူမ မိခင်ဟာ ကလေးမလေးအတွက် သက်ဆိုင်တဲ့ ဆရာဝန်နဲ့ သူနာပြုတွေကို တရားရင်ဆိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ပရိတ်သတ်ကြီး အမ်မလင်းရဲ့ ကံဆိုးမှုလေးကို မျှဝေပေးလိုက်ပါဦးနော်။

Writer- ME(Shwe Yaung Lan)