အနု ပညာလောက ထဲမှာ အ ဆိုတော်ကြီးတွေက သူ့ ကို ဒဲ့ကျုံးကြတယ် လို့ အဆင်မပြေတာ ရင် ဖွင့်လာ တဲ့ သားငယ်

Myanmar Idol Season 2 ရဲ့ Winner တစ်ဦးဖြစ် တဲ့ အဆိုတော် သားငယ် တစ်ယောက်ဟာဆိုရင် လက်ရှိရပ်တည်နေရတဲ့ ဂီတအဆိုရှင်တစ်ဦးအနေနဲ့ MyanmarIdol Season 4 ရဲ့ ပြိုင်ပွဲဝင် ညီအစ်ကိုမောင်နှမတွေ အတွက် ကြိုးစားကြဖို့တိုက်တွန်း
လိုက်ပါတယ်။ အထူးသဖြင့် ပြိုင်ပွဲပြီးရင် ဂီတလောကထဲ တန်းပြီးရောက်ကြမယ့် သူတွေမို့ ကိုယ်ပိုင် သီချင်းလေးတွေလည်း ပြင်ဆင်ထားဖို့ သူက သတိပေးပြောဆိုပါတယ်။

သူ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်လေးတွေဖြစ်ပြီးတော့ လက်တွဲခေါ်တဲ့ အဆိုတော်တွေရှိသလို ဒဲ့ကြီးကျုံးတဲ့ အဆိုတော်ကြီးတွေလည်း ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကိုယ်ပိုင်သီချင်းလေးတွေ စုဆောင်းထားဖို့ ၊ မဟုတ်ရင် ပြိုင်ပွဲတုန်းက သီချင်း
တွေကိုပဲ ပြန်ဆိုနေရတာတွေ ဖြစ်ရလိမ့်မယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် Myanmar Idol ရဲ့ ပြိုင်ပွဲစနစ်ဖြစ်တဲ့ Voting စနစ်ကိုတော့ သဘောမကျလို့မရဘူးလို့ဆိုပါတယ်။ သဘောမကျရင် မ Voting ကြနဲ့ပေါ့လို့လည်း သူက ပြောပြပါတယ်။ ပြီးတော့ သူကိုယ်တိုင်လည်း Myanmar Idol Voting စနစ်က ရှင်သန်ထ
မြောက်ခဲ့သူဖြစ်ပေမယ့် ယနေ့အထိ Voting မပေးဖူးဘူးလို့ သူက ဆိုပါတယ်။

ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါ

Writer- SMT(Shwe Yaung Lan)