‘… တရားအားထုတ် ရာ မိုင်းကြပ်ဂူတွင်း မှ ရေးသားပေး ပို့လာ သည့် မိုင်း ဖုန်း ဆရာတော် ဘုရားကြီး၏ စာ …’

မြန်မာ လူမျိုးတွေသာမက ထိုင်းလူမျိုးတွေကပါ ကိုးကွယ်ကြတဲ့ မိုင်းဖုန်းဆရာတော်ဘုရားကြီးဟာ (၁၁-၁၂-၂၀၁၉) ရက် နတ်တော် လပြည့်နေ့တွင် တရားအားထုတ်လျှက် ရှိရာ မိုင်းကြပ်ဂူတွင်းမှ ရေးသားပေးပို့လာသည့် တရားစာအား ဘာသာပြန်ဆို တင်ပြ ပေးချက်ဟာ လူမှုကွန်ရက်မှာ ပြန့်နှံ့နေပါတယ်

ဘုန်း တန်ခိုးကြီးမားတဲ့ ဆရာတော်ဘုရားကြီးရဲ့ ဘာသာပြန်ထားတဲ့စာကို ပရိသတ်ကြီးတို့လည်း ဖတ်ရှုနာကြားနိုင်အောင် ပြန်လည်မျှဝေလိုက်ပါတယ်အကြောင်းအရာ၊ သာသနာနှစ် (၂၅၆၃-၂၅၆၄) မိုင်းကြပ်ဂူ မဟာမုနိ၌ ရေးသားသည့် မိုင်းဖုန်းဆရာတော်မှ တပည့် ဒကာများ သူတော်ကောင်းအပေါင်းတို့ထံ ရေးသားသည့် တရား မေတ္တာ အမှာစာ- မိုင်းကြပ်ဂူ၌ ငါလာပြီးအဓိဌာန် ဝင် တရားပွားများ ရတာ ပီတိစိတ်ဖြစ်ပြီး

ကိုယ် စိတ် အနားယူရတယ်၊ ငါ့ရဲ့အသက်လည်း 3 -4 နှစ်ထပ်ကြီးလာပြီ အသက် 60 ပြည့်တော့မယ်၊ ဘုရားသာသနာ့ပြုပြီး သဒ္ဒါရှိ သူတော်ကောင်းအပေါင်းတို့အတွက်လည်း သာသနာ့ပြုလာတာ များပြီ ဒီကစပြီး မိမိအတွက် တရားဘာဝနာ ပွားများပြီး ဒကာ သူတော်ကောင်းအပေါင်းတို့အတွက် တရားမေတ္တာ ပွားများ ဖြန့်ဝေမယ်၊လောကကြီး ဒုက္ခမှလွတ်မြောက်ရန်နှင့် နိဗ္ဗာန်ကိုရောက်နိုင်ဖို့ တရားဓမ္မရဲ့ သွန်သင်မှုကို သိရှိနားလည်ရမယ်၊ ငါနေကောင်းကျန်းမာ စိတ်ချမ်းသာပါတယ်၊

နေ့တိုင်း တရားပွားများတယ် ကိုယ်လည်းပေါ့ပါးတယ် စိတ်လည်းပေါ့ပါးတယ် ဘာ ကိုမှမလိုချင်တော့ဘူး ဘာကိုမှစိတ်မပူဘူး တရားသတိရှိတယ်၊အချိန်တိုင်း သတိရှိနေတယ် သတိပဋ္ဌာန်လေးပါးကိုပွားများတယ် အလယ်လမ်းအတိုင်းပွားမျာတယ်၊ မဂ္ဂင် ရှစ်ပါး ကောင်းတဲ့အတိတ်နိမိတ်များစွာရှိတယ်၊မြတ်စွာဘုရားကို အိမ်မက်မက်တယ် တရားလာဟောပေးတယ်၊ နတ်တွေရော ဘုရားရဲ့ တရားတော်ကို ပေးနာကြားတယ်၊ တစ်ညမှာ နတ်သကြား တစ်ပါးကို အိမ်မက်မက်တယ်

ငါ့ကိုလာစမ်းသပ်တာ လက်တစ်ဖက်စီမှာ ဓားနှစ်လက်စီ ကိုင်ပြီး ငါ့ကို ခုတ်တော့မယ့်ပုံနဲ့၊ ငါ့ကိုလာစောင့်နေတာလို့ ပြောတယ် ပြီးတော့ပျောက်သွားတယ်၊ တစ် ညရှိသေးတယ် ရဟန္တာ တရားလာသင်ပေးတယ် နာကြားပြီစိတ်အရမ်း ဝမ်းသာ ကြည်နူးရတယ်၊နိမိတ်များစွာတွေ့ရတယ် အကုန်မမှတ်မိဘူးတရားဘာဝနာ ပွားများရတာ ပိုကောင်းလာတယ်၊ သစ္စာလေးပါအကြောင်း သုံးသပ်ရတယ်၊ ရုပ်နဲ့နာမ် ကိုတွေ့မြင်ရတယ်

အနိစ္စ ဒုက္ခ အနတ္တ တို့၊ နိဗ္ဗာန်ကိုစိတ်ညွှတ်ပြီး ဘယ်အရာမှ တည်မြဲခြင်းမရှိဘူး၊ ဖြစ်ပေါ် ရပ်တည် ပျောက်ကွယ်သွားတယ် ရေစီးနေတာနဲ့တူတယ်၊ ပြန်မစီးလာနိုင်ဘူး၊ မီးနဲ့တူတယ် အရာရာတိုင်းကို လောင်မြိုက် သွားတာ၊ အနိစ္စက မတည်မြဲဘူး၊ငါတို့အားလုံးက ကုသိုလ်များစွာရှိတယ်၊ မွေးလာပြီး ဘုရားသာသနာနဲ့ လာကြုံတွေ့ရလို့၊ မြတ်စွာဘုးရား သွန်သင်ဆုံးမသည့် စကားအတိုင်း ငါတို့တွေ လိုက်နာပွားများ ကျင့်သုံး ရမယ်၊

ငါတို့ကို ဒုက္ခဖြစ်ပြီး ပူလောင်စေမည့် အကုသိုလ် အလုပ်တွေကို ရှောင်ရှားရမယ်၊ နေ့တိုင်း ညတိုင်း ကောင်းတဲ့အရာတွေကိုသာ ရွေးချယ် လုပ်ရမယ်၊ စိတ်ကို အချိန်တိုင်း သန့်ရှင်း ဖြူစင်အောင်ထား၊ လောဘ ဒေါသ မောဟ မာန တဏှာ ဒိဋ္ဌိ အဝိဇ္ဇာ မဖြစ်ရင် နိဗ္ဗာန်ကို ရောက်မယ်၊နေ့တိုင်း ညတိုင်း တန်ဖိုးရှိတယ် ကောင်းတဲ့အရာတွေကို ဝိုင်းဝန်းပြီး တည်ဆောက်သွား၊ သီလ ဘာဝနာ သမထ ဝိပဿနာ သတိပဋ္ဌာန် ၄ မျိုး အခြေခံ ရှိရမယ်၊

ဘဝမှာ အမှတ်တမဲ့ မထားပဲ အချိန်တိုင်း သတိ ပညာ ရှိရမယ်၊ စိတ်မှာ သတိရှိရင် နိဗ္ဗာန်က မဝေးဘူး သဒ္ဓါစိတ်ရှိရင် နိဗ္ဗာန်ကမဝေးဘူး၊ဒီဂူမှာ သီလအတူ လာစောင့်တဲ့ တိရိစ္ဆာ န်တွေများစွာရှိတယ် ၊ကြွက်လည်း အတူလာနေတယ် မြွေလည်း ၃ ကောင် အတူလာနေတယ်၊တရက်မှာ မြွေဟောက်အမဲရောင် နှစ်လံလောက်ရှည်မယ် ငါ့စီလာတယ် နှစ်ကြိမ်မြင်တယ်၊ တောင်ပေါ်ကျောင်း အနောက်မှာ အဝါရောင်မြွေ ရှိတယ် ရွှေရောင်လိုမျိုး သူ့ရဲ့ အရှည်က တစ်လံကျော်၊ ပြီးတော့ ကျားရှိတယ် နှစ်ကောင် အိပ်စောင့်နေတယ်၊

မျောက်အို နှစ်ကောင် သုံးကောင် အတူလာနေပြီး ဂူဝမှာအိပ်စောင့်နေတယ် တရံတခါလာတယ်၊ ပြီးတော့ သမင် ဂျီ တစ်ကောင် နှစ်ကောင် အတူလာနေတယ် ဂူတက်တဲ့လမ်းမှာ အိပ်စောင့်နေတယ်၊ကိုယ်က မေတ္တာစိတ်ရှိရင် တိရိစ္ဆာန်တွေကလည်း ကိုယ့်ကိုချစ်တယ်၊ ကိုယ့်ကို ဘာအန္တရာယ်မှ မပေးဘူး၊ ကျီးကန်းအမဲ ဆယ်ကောင် အတူ လာနေ သေးတယ် နေ့တိုင်း အစာကျွေးရတယ် လာခေါ်ပြီး အစာတောင်းတယ် လူလိုမျိုးပဲ၊

မိုင်းကြပ်ဂူက ဆွေမျိုးတွေနဲ့ လားဟူဆွေမျိုးတွေ ကိုမေတ္တာ ရပ်ခံပါတယ် တိရိစ္ဆာန်တွေကိုမပစ်ပါနဲ့ အကောင်ကြီးသည် ဖြစ်စေ သေးသည်ဖြစ်စေ၊တိရိစ္ဆာန်တွေက ကိုယ့်သားသမီးနဲ့တူတယ် ဆရာတော်ရဲ့ ဓမ္မမေတ္တာ ရိပ်ကို လာခိုလှုံ နေကြတာ၊ လူ နတ် တိရိစ္ဆာ န်တွေ နေကောင်း ကျန်းမာ ချမ်းသာကြပါစေ၊ ဒီလောက်ပဲ မေတ္တာ ပို့ပါတယ်၊မိုင်းဖုန်းဆရာတော်။

ဘာသာပြန်သူ ဒေါ်စုစုမင်း..စာစီတည်းဖြတ် ဦးခင်မောင်ကျော် ဘာသာပြန်ပြီးရက် (၁၃-၁၂-၂၀၁၉)(၁၆၀၀)နာရီပရိသတ်ကြီးတို့လည်း ဆရာတော်ကြီးရဲ့ မေတ္တာရပ်ခံစာလေးကို ပြန်လည် Share ရင်း တိရစ္ဆာန်လေးတွေရဲ့ အသက်ကို ဝိုင်းဝန်းကူညီပေးကြပါနော်