‘…Camp ထွက် တဲ့နေ့ မှာ စတုဒိသာအလှူ နဲ့ Fan Meeting ပြုလုပ် မယ့် အေးမြဖြူ…’

မိုးသိုရယ်လို့ ပရိသတ်တွေချစ်စနိုးနဲ့ ခေါဆိုကြတဲ့ အေးမြဖြူက ငယ်စဉ်ကတည်းက အနုပညာကို ဝါသနာပါခဲ့သူလေး ဖြစ်ပါတယ်။ အခု ၁၀တန်းအောင်ပြီး Myanmar Idol Season 4 ကို ဝင်ပြိုင်စဉ်မှာလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အားပေးသူတွေ အမြောက်အများ ရရှိခဲ့ပါတယ်။ အေးမြဖြူက အခုဆိုရင် Grand Final ကို တက်ရောက်ခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။

အေးမြဖြူက

လာမယ့် ဒီဇင်ဘာလ (၂၃) ရက်နေ့မှာ Myanmar Idol Camp မှ ထွက်ခွင့်ရမှာဖြစ်ပြီး စတုဒိသာအလှူနဲ့ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံမယ့် Fan Meeting ကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။

လာမည့်၂၃ ရက်နေ့ (Monday)မှာ (၁) မိသားစု/မိတ်ဆွေ/ fanများနှင့်အတူ ရွှေတိဂုံဘုရားအား မနက် ၇ နာရီတွင် သွားရောက်ဖူးမြော်ပြီး ကုသိုလ်ကောင်းမှုများ လုပ်ကြပါမယ်။

(၂) နေ့လည်ပိုင်း

အစီအစဉ်အနေနဲ့ မြို့မကျောင်းလမ်းက မတ္တရာ ဘုန်းကြီးကျောင်းတွင် မည်သူမဆို လာရောက်သုံးဆောင်နိုင်မည့် စတုဒိသာအလှူရှိပါမည် အချိန်အတိအကျကို ပြန်ပြောပေးပါ့မယ်လို့ သိရပါတယ်။

(၃) ညနေ ၅ နာရီမှာတော့

စိမ်းလန်းစိုပြေမှာ Fan meeting ကို ပျော်ပျော်ပါးပါး လုပ်မှာပါ ညနေပိုင်းဆိုတော့ အားလုံးအားကြမယ်ထင်ပါတယ် ဓာတ်ပုံတွေရိုက်မယ် သီချင်းတွေဆိုမယ် ပျော်စရာအစီအစဉ်တွေရှိမယ် ဆိုတော့ fan များရော သူငယ်ချင်းမိတ်ဆွေအားလုံးရော လာဖြစ်အောင်လာကြပါနော် ဆိုပြီး သူမရဲ့ ပရိသတ် မအေးချမ်းဖြူက ဖိတ်ကြားထားပါတယ်။

အစီအစဉ်တွေအားလုံးက လာမယ့် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ပြုလုပ်မှာဆိုတော့ ရန်ကုန်က အမျိုးတွေ သွားပြီး အားပေးကြလို့ရတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Aye Chann Phyu’s fb