‘…မဖြစ် သင့် တဲ့ ကိ စ္စ တစ်ခုကြောင့် အက်စတာ ကို ပွင့်ပွင့်လင်း ဝေဖန် လိုက် တဲ့ ဖြူဖြူကျော်သိန်း…’

ဒီတပတ် Myanmar Idol Season 4 ကနေ ထွက်ခွာခဲ့ရတာကတော့ မူးလာနဲ့ တန်ခွန်ကျော် တို့ပဲဖြစ်ပါတယ်။
ပရိသတ်အချစ်တော် အက်စတာ ကတော့ နောက်ဆုံး ၃ ယောက်အဆင့် (Top 3) ကိုတက်လှမ်းသွားနိုင်ခဲ့ပြီး ပရိသတ်တွေအားလုံးလည်း ဝမ်းသာပျော်ရွှင်ခဲ့ရတာပါ။

အက်စတာဟာ

ဒီတပတ်မှာ သီဆို ယှဉ်ပြိုင်ရာမှာ technical error ကြောင့် အမှားအယွင်းတွေရှိနေခဲ့ပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုနဲ့ Grand Final ကိုတက်လှမ်းနိုင်ခဲ့တာပါ၊ဒိုင်ဖြစ်သူ ဖြူဖြူကျော်သိန်းကတော့ အက်စတာရဲ့မှားယွင်းမှုကို ဒီနေရာ ဒီအဆင့်မှာ ယှဉ်ပြိုင်တဲ့အခါမှာ ဒီလိုမှားယွင်းမှုမျိုးဟာ မဖြစ်သင့်ကြောင်း အမှားကို အမြန်ဆုံးထိန်းသိမ်းနိုင်ခဲ့တာဟာ ချီးကျူးစရာ ဖြစ်ပေမယ့် နောက်မဖြစ်အောင်ဂရုစိုက်ဖို့ အကြံပြုခဲ့တာလည်းဖြစ်ပါတယ်။ဦးအောင်ကိုလတ်နဲ့ မတင်ဇာမော်တို့ကလည်း ဒီလိုမျိုးဟာ ဖြစ်တတ်တဲ့သဘာဝဖြစ်ကြောင်း စိတ်ဓာတ်မကျပဲ ဆက်လက်သီဆိုနိုင်တာကိုချီးကျူး ပြောဆိုသွားခဲ့ပါတယ်။

Myanmar Idol Season 4 Grand Final ကိုတက်ရောက်သွားတဲ့ အက်စတာကို ပရိသတ်ကြီးရဲ့အမြင်ကိုလည်း ပြောပေးခဲ့ကြပါအုန်းနော်။

Writer – Magic(Shwe Yaung Lan)