”…မြန်မာ အိုင်ဒေါပွဲကို အမေဖြစ် သူ လာအားပေး လို့ စိတ် ချမ်းသာရ တယ်ဆို တဲ့ Benjamin Sum…”

Benjamin Sum ဟာ ဆိုရင် မြန်မာအိုင်ဒေါကို စတင်ဝင်ရောက် ယှဉ်ပြိုင်ကတည်းက ပရိသတ်တွေရဲ့ မေတ္တာတွေကို ခံယူလာခဲ့ သူလေး ဖြစ်ပြီး ပွင့်လင်းအေးချမ်းတဲ့ဟန်လေးနဲ့ သီချင်းဆိုလည်း ကောင်းသူလေးဖြစ်တာကြောင့် ပရိသတ်တွေရဲ့ နှလုံးသားကို သိမ်းပိုက်ထားနိုင်သူ ဆိုရင်လည်း မမှားပါဘူး။ ပြီးခဲ့တဲ့ အပတ်မှာ အကောင်းဆုံးယှဉ်ပြိုင်သွားနိုင်တဲ့ Benjamin က မီဒီယာတွေနဲ့အင်တာဗျူးမှာ ဖိုင်နယ်ပွဲကြီး နီးလာလို့ ရင်ခုန်ရတဲ့ ခံစားချက်ကို ပြောပြသွားခဲ့သလို week 8 ပွဲစဉ်ကို အမေဖြစ်သူ လာအားပေးလို့ စိတ်ချမ်းချမ်းသာသာနဲ့ ကောင်းကောင်းသီဆိုနိုင်ခဲ့တယ် လို့လည်း ပြောပြထားပါတယ်။

Benjamin က သူ ယှဉ်ပြိုင် တဲ့ ပွဲစဉ်ကို အမေဖြစ်သူ လာအားပေးလို့ စိတ်ချမ်းချမ်းသာသာနဲ့ သီဆိုနိုင်ခဲ့ကြောင်း “ဒီနေ့ဆိုရင် ကျွန်တော့်အမေက မလာဖို့ရှိတယ် သူ့ကျန်းမာရေးအရ ဒါပေမယ့် ကျွန်တော်က သီချင်းနှစ်ပုဒ်လည်း ဖြစ်တယ်။ စိတ်လည်းပူတယ်ဆိုတော့ အမေ့ကိုလာဖို့ ကျွန်တော်ပြောထားတယ်။ အမေလည်း လာတယ်။ စိတ်ချမ်းချမ်းသာသာနဲ့ သီဆိုခွင့်ရခဲ့တယ် အရမ်းကျေးဇူးတင်ပါတယ်”လို့ ရင်ဖွင့်ထားပါတယ်။

Benjamin က ဖိုင်နယ်ပွဲကြီး နီး လာ တဲ့ ခံစားချက်ကို “ပြီးတော့ အခုက ဖိုင်နယ်လည်း နီးလာပြီဆိုတော့ အများကြီးကြိုးစားပြီးတော့ ယှဉ်ပြိုင်ခဲ့တယ်။ ပြီးတော့ voting system ဆိုတော့ summer လေးတွေ ကျွန်တော့်ကို vote ပေးကြပါဦးလို့ ပြောချင်ပါတယ်” လို့ ပြောထားသလို ပြီးခဲ့တဲ့ ပွဲစဉ်မှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့လို့ ကျေနပ်မိကြောင်းလည်း “ကို တန်ခွန်ကျော် ကို ကျွန်တော် မြန်မာအိုင်ဒေါစင်မြင့်ပေါ်မှာ ပြန်တွေ့ရတဲ့အတွက် ကျွန်တော် အရမ်း ဝမ်းသာပါတယ် ခင်ဗျ။ ပြီးတော့ သူ့ကိုလည်း Congratulations လို့အများကြီးပြောတယ်။ အခုတွေ့ရင်လည်း congratulations၊ နောက်တွေ့ရင်လည်း congratulations ခဏခဏပြောပါတယ်ခင်ဗျ။ အရမ်းပျော်မိနေပါတယ် ဟုတ်”လို့လည်း ပြောပြထားပါသေးတယ်။

ပြောချင်လွန်းလို့ ပရိသတ်ကြီးရော Benjamin ကို ချစ်ကြလား။ Benjamin ကို voting ပေးကြမှာလား။ နောက်ဆုံးမှာ ဘယ်သူ့ကို winner ဖြစ်စေချင်လဲ။ ပြောခဲ့ကြပါဦး။

Source-ဟီးဟီးဟားဟား