…” အခု ချိန်ထိရုံတင်ခွင့်မရသေးတဲ့ ရုပ်ရှင်တွေအများကြီးရှိ‌နေသေး လို့ စိတ်ပျက်မိတယ် ဆို တဲ့ သင်ဇာဝင့်ကျော်…”

သင် ဇာဝင့်ကျော်ကတော့ မော်ဒယ်သရုပ်ဆောင် တစ်ယောက်အနေနဲ့ ရပ်တည်နေပြီး ပရိသတ်ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်ဦးပဲဖြစ်ပါတယ်။သင်ဇာရဲ့ အနုပညာသက်တမ်းဟာလည်း ဆယ်စုနှစ်တစ်ခုကျော်ရှိပြီဖြစ်သလို အောင်မြင်မှုကိုထိန်းသိမ်းထားနိုင်တဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အနေနဲ့ အပါအဝင်ပါပဲ။

သင် ဇာဟာ သူမရဲ့ အလန်းစားဖက်ရှင်တွေကြောင့်လည်း ပရိသတ်တွေစိတ်ဝင်တစားစောင့်ကြည်ကြနေရသူတစ်ဦးဖြစ်ပြီးသူမရဲ့ အလှအပကြောင့် ပုရိသတွေရဲ့နှစ်သက်အားပေးခံရမှုကိုသာမက မိန်းကလေးပရိသတ်တွေ အားကျငေးမောရသူတစ်ယောက်ဆိုရင်လညမမှားပါဘူးနော်။သင်ဇာကတော့ လှပတဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ ချစ်စဖွယ်မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့အပြင် သိမ်မွေ့တဲ့စိတ်ထားရှိသူလည်းဖြစ်ပါတယ်။

သင်ဇာဟာ ဒါရိုက်တာညိုမင်းလွင် ရိုက်ကူးမယ့် မြမြ ဇာတ်ကားမှာလည်း အဓိကသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး အဲဒီ ဇာတ်ကားကလည်း ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြရတဲ့ ကားတစ်ကားဆိုရင်လည် မမှားပါဘူး။သင်ဇာက မကြာသေးမီက မီဒီယာတွေနဲ့ အင်တာဗျူးမှာ လက်ရှိထွက်လာဖို့ရှိတဲ့ ရုပ်ရှင်တွေအကြောင်းနဲ့ ရုပ်ရှင်တွေရိုက်ပြီး နှစ်တွေကြာမှ ထွက်လာလို့ စိတ်ပျက်ရတဲ့ အကြောင်းတွေ ရင်ဖွင့်သွားခဲ့ပါတယ်။

သင်ဇာက ရိုက်ထားတဲ့ ပညာပေး ဇာတ်ကားလေးကို အားရကြောင်းနဲ့ အချို့ဇာတ်ကားတွေက ရိုက်ပြီး နှစ်ကြာမှ ထွက်လာတာကြောင့် စိတ်ပျက်ရတာတွေ ရှိကြောင်းကို “ပြောလို့ရတယ် အားရတယ်။ ဘာလို့ဆိုတော့ ဇာတ်ကားတိုင်းက အဲ့လိုပဲ ဖြစ်ရမှာလေ။ အချို့ကားတွေဆို လုံးဝအားမရဘူး။ စိတ်တောင်ပျက်တယ်။ ကိုယ်က ကြိုးစားပြီး ရိုက်ပေးလိုက်ပေမယ့် ထွက်တောင်ထွက်မလာဘူးပေါ့နော်။

ဒါကတော့ ပရိုဂျူဆာနဲ့ပဲဆိုင်တယ်။ ကိုယ်နဲ့တော့မဆိုင်တော့ဘူး။ ကိုယ်ကတော့ ကိုယ်လုပ်တဲ့အချိန်မှာ အကောင်းဆုံး ဖြစ်အောင်တော့ လုပ်ပေးတယ်။ သူတို့ ထုတ်တာမထုတ်တာတော့ ကိုယ်နဲ့ မဆိုင်တော့ဘူးပေါ့နော်။အဲဒါကြောင့်မို့ အချို့ကားတွေဆို သုံးလေးနှစ်ကြာမှ ထွက်လာတဲ့ အခါကျတော့ acting တွေလည်း updae မဖြစ်၊ အဝတ်အစားတွေလည်း update မဖြစ် အဲ့လိုမျိုးတွေ ဖြစ်ကုန်တာ တော်တော်စိတ်ပျက်ဖို့ကောင်းတယ်”လို့ ရင်ဖွင့်ထားပါတယ်။