…”ခရီး ထွက်ရင်းနေမကောင်းဖြစ်နေ တဲ့အဖေ့ ကို ဂရုတစိုက် နဲ့ပြုစုပေးနေကြ တဲ့ မိုးအောင်ရင် တို့မောင်နှမနှ စ်ယောက်”…

ပရိ သတ်ကြီးရေ တေးသံရှင်အောင်ရင်ကတော့ သားတစ်ယောက်သမီးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီး မိသားစုတွေပျော်ပျော်ပါးပါးနေထိုင်နေကြတာပဲဖြစ်ပါတယ်။

သားချောလေး မိုးအောင်ရင်ဟာဆိုရင် ဖေဖေ့ရဲ့အနုပညာအမွေကိုဆက်ခံပြီး အနုပညာလမ်းကြောင်းပေါ်မှာ တစိုက်မက်မက်လျှောက်လှမ်းနေတဲ့ ပြည်သူချစ်မင်းသားချောလေးတစ်ယောက်ပါနော်။

အောင်ရင်တို့မိသားစုလေးက သာယာနွေးထွေးမှုအပြည့်နဲ့ ချစ်ချစ်ခင်ခင်ရှိကြလို့ ပရိသတ်တွေကလည်းအရမ်းချစ်ကြပြီးစောင့်ကြည့်အားပေးနေကြတာပဲဖြစ်ပါတယ်။လက်တလောမှာဆိုရင်တော့ အောင်ရင်တို့မိသားစုက အထက်မြန်မာပြည်မှာရှိတဲ့ ဘုရားစုံကိုဖူးမျှော်ဖို့အတွက် ခရီးထွက်နေကြတာပါ။

အောင်ရင်တို့မိသားစုလေးယောက်ကတော့ စိတ်တူကိုယ်တူရှိကြပြီး ပျော်ပျော်ပါးပါးလည်ပတ်နေကြတာပါနော်။မိုးအောင်ရင်တို့မောင်နှမနှစ်ယောက်က မိဘအပေါ်မှာလည်းသိတတ်လိမ္မာပြီး စကားနားထောင်တဲ့သားသမီးတွေဖြစ်ကြပါတယ်။

အခုဆိုရင်လည်း ခရီးထွက်နေတဲ့အချိန်လေးမှာ ဖခင်ဖြစ်သူအောင်ရင်က ဖျားနာနေတာကြောင့် မိုးအောင်ရင်နဲ့သဉ္ဇာအောင်ရင်တို့ မောင်နှမနှစ်ယောက်က ဖေဖေ့ကိုသေသေချာချာနှိပ်ပေးပြီး ပြုစုပေးနေတဲ့ပုံရိပ်လေးကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။Photo Credit:Aung Yin’s Facebook