… နောက်ဆုံးနှုတ် ဆက်သီချင်း နဲ့ ပရိ သတ်တွေကိုရောဒိုင်လူကြီးတွေ ကိုပါ ဝမ်းနည်းမျက် ရည်လည်စေခဲ့ တဲ့ မူးလာ…

ဒီ တစ်ပတ်မှာတော့ Myanmar Idol အဆိုပြိုင်ပွဲကြီးဟာဆိုရင်ဖြင့်ကျန်ရှိနေတဲ့ ပြိုင်ပွဲဝင်တွေက ” ရုပ်ရှင်ဇာတ်ဝင်တေးသီချင်း” များနဲ့ ယှဉ်ပြိုင်ပြီး ဒုတိယအကြိမ်မြောက် ” စိတ်အားတက်ကြွစေမယ့် သီချင်းတွေနဲ့ ထပ်မံယှဉ်ပြိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဒီနေ့သောကြာနေ့ကတော့ Result Show ဖြစ်တာကြောင့် ပရိသတ်တွေရော ပြိုင်ပွဲဝင်တွေအပြင် ဒိုတွေပါရင်ခုန်ခဲ့ကြတာပဲ ဖြစ်ပါတယ်။Result Showရလာဒ်အနေနဲ့ နှုတ်ဆက်ထွက်ခွာခဲ့ရတဲ့သူတွေက Wild Card နဲ့ပြန်လည်ခေါ်ယူထားတဲ့ တန်ခွန်ကျော်နဲ့ နှုတ်ခမ်းနီမလေးတွေအသည်းစွဲ မူးလာတို့ပဲဖြစ်ပါတယ်။

သီဆိုခဲ့တဲ့ သီချင်းနှစ်ပုဒ်လုံးမှာ ရလဒ်ကောင်းတွေနဲ့ မှတ်ချက်ကောင်းတွေရရှိခဲ့ကြတာဖြစ်ပေမယ့် ဘယ်သူမှမထင်မှတ်ထားတဲ့ မူးလာတစ်ယောက်ပြုတ်သွားတာကတော့ ဝမ်းနည်းစရာပါပဲနော်။

နောက်ဆုံးနှုတ်ဆက်သီချင်းကိုလည်း “နေရောင်အောက်က အသက်ရှုသံများ”သီချင်းနဲ့ ပရိသတ်တွေကိုရော ဒိုင်လူကြီးတွေကိုပါ ဝမ်းနည်းခြင်းတွေမရှိအောင် စိတ်တက်ကြွသွားအောင် သီဆိုဖျော်ဖြေသွားခဲ့ပါတယ်..။ ပရိသတ်ကြီးရော ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရတဲ့ စောခရစ်မူးလာအတွက် အားပေးစကားလေးတွေပြောပေးသွားပါဦးနော်..။CRD – Cele Connections