…ဆိုင် ကယ် Crazy တစ်ယောက်ပါ ဆိုပြီး အမိုက်စား ဆိုင်ကယ်တွေ နဲ့ရိုက်ထား တဲ့ပုံလေးတွေတင် လိုက် တဲ့ စိုးပြည့်သဇင်…

ပရိ သတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ စိုးပြည့်သဇင်ကတော့ အောင်မြင်နေတဲ့ သရုပ်ဆောင်အဆိုတော်တွေထဲကတစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။စိုးပြည့်သဇင်ဟာ အနုပညာအသိုင်းအဝိုင်းက ဆင်းသက်လာသူတစ်ယာက်ဖြစ်ပြီး အစ်မဖြစ်သူ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်တို့ကလည်း အနုပညာလောကမှာ ထိပ်တန်းရောက်နေတဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။

အစ် မဖြစ်သူတွေနဲ့ အတူ “မင်းသမီး”ပိုးထည်တိုက် ကို ဖွင့်လှစ်ထားတာဖြစ်ပြီး ရောင်းအားကောင်းကာ အောင်မြင်မှုတွေကို သိမ်းပိုက်ရရှိနေတာဖြစ်ပါတယ်။စိုးပြည့်သဇင်ဟာ သရုပ်ဆောင်ပိုင်းမှာ ပီပြင်လွန်းသူတစ်ယောက်ဖြစ်တာကြောင့် အကောင်းဆုံးအကယ်ဒမီဆုကို သိမ်းပိုက်ရရှိထားသူတစ်ယောက်ဖြစ်သလို အဆိုပိုင်းမှာလည်း အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်ပါ။

ဒီ ပုံလေးတွေထဲမှာတော့ YAMAHA Trucker အမျိုးအစားဆိုင်ကယ် နဲ့ Honda Super Cup အမျိုးအစားဆိုင်ကယ်နှစ်စီးနဲ့ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပဲဖြစ်ပါတယ်။

ဒီဓာတ်ပုံလေးတွေကိုတော့ သူရဲ့ Facebook အကောင့်မှာ သူ့မိတ်ဆွေတစ်ယောက်က “ဆိုင်ကယ်တွေ တစ်စီးပြီး တစ်စီး ထုပ်ကြွားနေတာ မနာလိုတော့ဘူးနော်”ဆိုပြီး တင်ထားခဲ့တာဖြစ်ပါတယ်။ စိုးပြည့်သဇင်ကတော့ သူရဲ့စီးတော်ယာဉ်ဆိုင်ကယ်တွေကို ထုတ်ပြလိုက်ပါပြီနော် ။

စိုးပြည့်သဇင်ကတော့ အခုဆိုရင် ရုပ်ရှင်ရိုက်ကူးရေးတွေကို ပြန်လည် လုပ်ကိုင်နေပြီး သူပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားတွေကလည်း ရုပ်ရှင်ရုံတွေကို မကြာခင်ရောက်ရှိလာတော့မှာ ဖြစ်တဲ့အတွက် စိုးပြည့်သဇင်ကို ချစ်ခင်အားပေးကြတဲ့ မိတ်ဆွေတွေလည်း ရင်ခုန်စွာ စောင့်မျှော်နေကြမယ် ထင်ပါတယ်။