သံသရာ မွာ က်င္လည္သမွ် မပူမပင္ မေၾကာင့္မၾက ေအးခ်မ္းစြာေနႏိုင္မယ့္ ဗုဒၶယၾတာ

နံန က္ အိပ္ယာထခ်ိန္တြင္ မိမိတို႔အိမ္တြင္႐ွိေသာ ျမတ္စြာဘုရားကို မ်က္ႏွာသစ္ေတာ္ေရ၊ေသာက္ေတာ္ေရခ်မ္းကပ္ပါ။ မ်က္ႏွာသစ္ေတာ္ေရႏွင့္ ေသာက္ေတာ္ေရခ်မ္း ကပ္လွဴေသာအခါ

ဘဒၵကမ႓ာတြင္ ပြင့္ေတာ္မူေသာ သဗၺညဳတျမတ္စြာဘုရားကို ဘုရားတပည့္ေတာ္၊ တပည့္ေတာ္မသည္ မ်က္ႏွာသစ္ေတာ္ေရႏွင့္ ေသာက္ေတာ္ေရခ်မ္းကို သဒၵါၾကည္ျဖဴစြာ နိဗၺာန္ရည္မွန္း လွဴဒါန္းပါသည္ အ႐ွင္ျမတ္ဘုရား။

ဤကဲ့သို႔လွဴဒါန္းရေသာ ကုသိုလ္ကံ ေစတနာေၾကာင့္ ဘုရားတပည့္ေတာ္၊တပည့္ေတာ္မ၏ စိတ္သည္ တစ္ေန႔တာလံုး ဤေရကဲ့သို႔ေအးျမပါေစ။ပူပင္ေသာက ဟူသမွ်သည္ ပေပ်ာက္၍ ဤေရကဲ့သို႔ ေအးခ်မ္းမႈရ႐ွိပါေစ။

ဘုရားတပည့္ေတာ္၊ ဘုရားတပည့္ေတာ္မ ႏွင့္ ၾကံဳရဆံုရသမွ်ေသာ ခုနစ္ရက္သားသမီးအေပါင္း၏ ဘဝသည္လည္း ဤေရကဲ့သို႔ေအးခ်မ္းၾကပါေစ။ ဘုရားတပည့္ေတာ္၊ တပည့္ေတာ္မ၏ ယၡဳပစၥဳပၸန္၊ အနာဂတ္ ဘဝတစ္ေလွ်ာက္လံုး စိုးရိမ္ပူပင္ေၾကာင့္ၾကမႈအစုစုတို႔သည္

ဤမ်က္ႏွာသစ္ေတာ္ေရ၊ ေသာက္ေတာ္ေရခ်မ္းကပ္လွဴပူေဇာ္ လႉဒါန္းရေသာေစတနာသဒၵါတရားေၾကာင့္ ဘဝတစ္ေလွ်ာက္လံုးမပူမပင္ မေၾကာင့္မၾက ေအးခ်မ္းစြာေနထိုင္ျဖတ္သန္းႏိုင္ပါေစသား အ႐ွင္ျမတ္ဘုရား။

ေန႔စဥ္အျမဲတမ္း နံနက္တိုင္း ယံုၾကည္စြာျပဳလုပ္ေပးပါ။ ယံုၾကည္မႈျဖင့္ ကိုးကြယ္ဆည္းကပ္မႈသည္ ယခု ဤဘဝတြင္သာ မကဘဲ ေနာင္ဘဝမ်ားစြာ တည္ၿငိမ္ေအးခ်မ္းၿပီး ေနာင္ပြင့္ေတာ္မူမည့္ အရိေမတၱယ်ျမတ္စြာဘုရား႐ွင္ကို ဖူးေတြ႕ႏိုင္ၿပီး သာသနာျပဳႏိုင္ေသာပုဂၢိဳလ္ထူးပုဂၢိဳဟ္ျမတ္မ်ားျဖစ္ၾကပါေစ။

Credit to Orginal Uploder

Unicode

သံသရာမှာ ကျင်လည်သမျှ မပူမပင် မကြောင့်မကြ အေးချမ်းစွာနေနိုင်မယ့် ဗုဒ္ဓယတြာ

နံနက် အိပ်ယာထချိန်တွင် မိမိတို့အိမ်တွင်ရှိသော မြတ်စွာဘုရားကို မျက်နှာသစ်တော်ရေ၊သောက်တော်ရေချမ်းကပ်ပါ။ မျက်နှာသစ်တော်ရေနှင့် သောက်တော်ရေချမ်း ကပ်လှူသောအခါ

ဘဒ္ဒကမ႓ာတွင် ပွင့်တော်မူသော သဗ္ဗညုတမြတ်စွာဘုရားကို ဘုရားတပည့်တော်၊ တပည့်တော်မသည် မျက်နှာသစ်တော်ရေနှင့် သောက်တော်ရေချမ်းကို သဒ္ဒါကြည်ဖြူစွာ နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါသည် အရှင်မြတ်ဘုရား။

ဤကဲ့သို့လှူဒါန်းရသော ကုသိုလ်ကံ စေတနာကြောင့် ဘုရားတပည့်တော်၊တပည့်တော်မ၏ စိတ်သည် တစ်နေ့တာလုံး ဤရေကဲ့သို့အေးမြပါစေ။ပူပင်သောက ဟူသမျှသည် ပပျောက်၍ ဤရေကဲ့သို့ အေးချမ်းမှုရရှိပါစေ။

ဘုရားတပည့်တော်၊ ဘုရားတပည့်တော်မ နှင့် ကြုံရဆုံရသမျှသော ခုနစ်ရက်သားသမီးအပေါင်း၏ ဘဝသည်လည်း ဤရေကဲ့သို့အေးချမ်းကြပါစေ။ ဘုရားတပည့်တော်၊ တပည့်တော်မ၏ ယ္ခုပစ္စုပ္ပန်၊ အနာဂတ် ဘဝတစ်လျှောက်လုံး စိုးရိမ်ပူပင်ကြောင့်ကြမှုအစုစုတို့သည်

ဤမျက်နှာသစ်တော်ရေ၊ သောက်တော်ရေချမ်းကပ်လှူပူဇော် လှူဒါန်းရသောစေတနာသဒ္ဒါတရားကြောင့် ဘဝတစ်လျှောက်လုံးမပူမပင် မကြောင့်မကြ အေးချမ်းစွာနေထိုင်ဖြတ်သန်းနိုင်ပါစေသား အရှင်မြတ်ဘုရား။

နေ့စဉ်အမြဲတမ်း နံနက်တိုင်း ယုံကြည်စွာပြုလုပ်ပေးပါ။ ယုံကြည်မှုဖြင့် ကိုးကွယ်ဆည်းကပ်မှုသည် ယခု ဤဘဝတွင်သာ မကဘဲ နောင်ဘဝများစွာ တည်ငြိမ်အေးချမ်းပြီး နောင်ပွင့်တော်မူမည့် အရိမေတ္တယျမြတ်စွာဘုရားရှင်ကို ဖူးတွေ့နိုင်ပြီး သာသနာပြုနိုင်သောပုဂ္ဂိုလ်ထူးပုဂ္ဂိုဟ်မြတ်များဖြစ်ကြပါစေ။

Credit to Orginal Uploder