Fan တွေကို မစော်ကားဘူး …

ကိုယ့်အမြင်ပဲ ကိုယ်ပြောချင်တာပါ …

ဒီတပတ် final List ကို တက်သွားတဲ့ ၃ ယောက်က ဘင်ဂျမင် အေးမြဖြူ အက်စတာ ဖြစ်ပြီး ပြုတ်သွားတဲ့ ၂ ယောက်ကတော့ မူးလာ နဲ့ တန်ခွန်ကျော် …

စိတ်မသက်သာဘူး။ ကိုယ်တွေက ပညာနဲ့ နားနဲ့ နားထောင်တာကိုး ဘာတွေကို ဘာမှ မပြောချင်ပေမဲ့ ဒိုင်တွေလဲ စိတ်ဆင်းရဲနေရသလို

ပြိုင်ပွဲဝင်တဲ့ ကလေးတွေကလဲ ပြုတ်ရမှာကို အရမ်းဝမ်းသာနေတဲ့ ပုံစံပါ … ဘယ်လောက်တောင် စိတ်ဖိစီးမှု ခံစားနေရလဲဆိုတာ သိသာပါတယ်။ မြန်မြန်ပြုတ်လေ မြန်မြန် ဝမ်းသာလေဆိုတဲ့ ပုံစံ ဖြစ်နေတာ Top 7 လောက်ထဲက သိသာနေတာ။ တော်တော် ကိုယ်ချင်းစာမိပါတယ်။

ဒီတပတ်မှာလဲ

အဆင်မပြေတာတခုပဲ …

ဘင်ဂျမင် အမြဲတမ်း Save နေတာကို နားမလည်နိုင်ဘူး …

အမြင်ပြောရရင် လုံးဝ မ ok တော့ဘူး …

ဒီနေ့ Save တာတောင်မှ ထိပ်ဆုံး Save သွားသေး။

ဘာတွေမှန်းကို မသိဘူး။ အမှန်အတိုင်းပြောတာ …

ဒါပေမဲ့ မှန်းမိတာတခုက ဒီတပတ် Winner က ပထမဆုံး အနေနဲ့ အမျိုးသမီး ဖြစ်မှာပါ။

Credit – Zin Moe