….ပရိ သတ်တွေအထ င် နဲ့ ထပ် တူလုံးဝကျခဲ့ တဲ့ယနေ့ ည မြန်မာအိုင်ဒေါ ရဲ့Grand Final ပြိုင် ပွဲ ရလဒ်….

အသက်ရှူရပ်မတတ်ရင်ခုန်ရသော မြန်မာအိုင်ဒေါရဲ့Result show ကတော့ ကျင်းပနေတာဖြစ်ပါတယ်။ပြိုင်ပွဲဝင်များရဲ့ကြိုးစားအားထုတ်မှုတွေဟာလည်း အံ့မခန်းဖြစ်ခဲ့ပြီး Final ကို ပြိုင်ပွဲဝင်အကုန်လုံးကို ခေါ်ယူသွားချင်လောက်အောင်ဖြစ်စေပါတယ်။

မနေ့ ကတော့ ပြိုင်ပွဲဝင်တွေဟာ ဇာတ်ဝင်တေးသီချင်းများ နဲ့ စိတ်ခွန်အားဖြစ်စေသောအကျိုးပြုသီချင်းများ ဆိုတဲ့ခေါင်းစဉ်နှစ်ခုအောက်မှာ သီချင်းနှစ်ပုဒ်ဆီယှဉ်ပြိုင်ခဲ့ကြပါတယ်။အကောင်းဆုံးယှဉ်ပြိုင်ခဲ့ပေမဲ့ ပရိသတ်တွေရဲ့ရွေးချယ်မှု Voting ရလဒ်ကတော့ထွက်ပေါ်လာခဲ့ပါပြီ။မြန်မာအိုင်ဒေါကိုနှုတ်ဆက်ထွက်ခွာခဲ့ရသူနှစ်ဦးကတော့ Wild Card နဲ့ပြန်လည်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ တန်ခွန်ကျော် နဲ့ Mooler တို့ဖြစ်ပါတယ်။Final မှာ Winner ဖြစ်ဖို့အတွက်အကြိတ်အနယ်ဆက်လက်ယှဉ်ပြိုင်ရမယ့်သူ(၃)ဦးကတော့ ဘင်ဂျမင်ဆုမ်း၊အေးမြဖြူနဲ့အက်စတာဒေါ့ချင်းဆုန်တို့ပဲဖြစ်ပါတယ်။အလွန်ကြိုးစားကြသလို ပရိသတ်အားပေးကြမ်းတဲ့သူတို့(၃)ဦးက နောက်ဆုံးအဆင့်အထိပါဝင်ခဲ့တာကတော့ ပရိသတ်တွေမျှော်မှန်းထားတဲ့ ရလဒ်အတိုင်းဖြစ်လာတယ်လို့ဆိုရမှာပါ…

Congradulations ပါ….

Source : MMID
Credit – Moe – Cele Gabar