…Wild Card နဲ့ ပြန် လည်ရောက်ရှိလာ ခဲ့ပေမဲ့ လည်း ကံ မကောင်းစွာ ပဲပြန်လည်ထွက်ခွာခဲ့ရတဲ့ တန်ခွန်ကျော်…

Myanmar Idol Season (4) ပြိုင် ပွဲကြီးကတော့ ပ ရိသတ်စိတ်ဝင်စားမှု အပြည့်အဝရရှိထား တဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပြီး လက်ရှိမှာဆိုရင်တော့ week (8)ကိုလည်း ရောက်ရှိနေပြီလည်းဖြစ်ပါတယ်။မနေ့က ဒီဇင်ဘာလ (၁၉)ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၈)ပတ်မြောက်သီဆိုယှဉ်ပြိုင်မှုမှာတော့ Country Week မှာ နှုတ်ဆက်ထွက်ခွာခဲ့ရတဲ့ တန်ခွန်ကျော်က Channel-9 wild card winner အဖြစ် ပရိသတ်တွေပေးတဲ့ Voting အများဆုံးနဲ့ Myanmar Idolပြိုင်ပွဲကြီးကို ပြန်လည်ရောက်ရှိလာပြီး ပါဝင်သီဆိုယှဉ်ပြိုင်ခွင့်ကိုရရှိခဲ့ပါတယ်။

တန်ခွန်ကျော် ဟာ ခွန်အားအပြည့်နဲ့ ဖျော်ဖြေယှဉ်ပြိုင်ဖို့ ရောက်ရှိလာခဲ့ပြီး Week (8)ရဲ့ စိန်ခေါ်မှုဖြစ်တဲ့ “ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းများ”နဲ့သီဆိုယှဉ်ပြိုင်မှုမှာ “တစ်ပြည်သူ မရွှေထား”ရုပ်ရှင်ဇာတ်ကားထဲမှ တေးရေးတေးဆို စန္ဒယားလှထွဋ် ရေးစပ်သီဆိုထားတဲ့ “တစ်ပြည်သူ မရွှေထား”သီချင်း၊”စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ အကျိုးပြုသီချင်း”တွေနဲ့သီဆိုယှဉ်ပြိုင်မှုမှာတော့ “ကမ္ဘာမြေ ငြိမ်းချမ်းပါစေ” သီချင်းနဲ့ ရရှိလာတဲ့ Wild Card အခွင့်အရေးကိုအကောင်းဆုံး အသုံချပြီး ဖျော်ဖြေခဲ့တာကိုလည်း ပရိသတ်တွေတွေ့မြင်ခဲ့မယ်ထင်ပါတယ်။

သိုပေမဲ့လည်းစိတ်မကောင်းစွာနဲ့ပဲ အိမ်ပြန်ဖို့နှုတ်ဆက်ခဲ့ရပြန်ပါတယ်။ တန်ခွန်ကျော်ဟာ ရရှိလာတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချက အကောင်းမွန်ဆုံးတွေကို ချပြခဲ့ပေမဲ့လည်း ကံတရားက သူ့ဘက်မှာ မရှိခဲ့ဘူးလို့ပဲဆိုရမှာပါ။CeleGabar ပရိသတ်ကြီးတွေရေ တန်ခွန်ကျော်အတွက် အားပေးစကားလေးတွေပြောသွားပေးပါဦး။

Source – Myanmar Idol
CRD-Chilli – CeleGabar