ရေ ဦးမြို့နယ်မှ စံပြရွာလေး အိမ်ခြေ 200 ကျော်လောက်ရှိပီး တိပိဋကတ် ဆရာတော်ထွက်တဲ့ ရွာဗုကြီးရွာလေးပေါ့ရွာအဝင်ကိုဂိတ် နဲ့ထားတယ်

လူငယ်လေးတွေက 4ယောက်တစ်ဖွဲ့ စောင့်ပြီး အပူချိန်တိုင်းတယ်ပြည်တော်ပြည် 8ယောက်ကိုနေ့အလှည့်ကျ စောင့်နေတာက အမျိုးသမီးတွေ ယောကျာ်းတွေသာတာဝန်ရှိတာမဟုတ်ဘူး တာဝန်ချလို့မဟုတ်ဘူး ကျမတို့လည်းတာဝန် ယူသင့်တယ် ထင်လို့ တာဝန်ယူတာပါတဲ့နေရပ်ကိုပြည်လာကြတဲ့ ပြည်တော်ပြန်များကလည်း ဒီရောဂါဆိုးကြီးကိုကျွန်တော်တို့သိတယ် ဖေ့ဘုတ်လည်းသုံးတယ် ဒီဗိုင်းရပ်သာပါလာမယ်ဆိုရင် ကျွန်တော်တို့မိသားစု ကျွန်တော့ရွာကိုအကူးမခံနိုင်ဘူ

သမိုင်းမှာတရားခံအဖြစ်မခံနိုင်ဘူး ဒါ့ကြောင့် ကျွန်တော်တို့ ကိုစောင့်ကြည့်စရာမလိုဘူး ပြေးမှာလည်းမဟုတ်ဘူး ကျွန်တော်တို့ကြောင့် ခုလို အလုပ်ရှုပ်‌ နေကြတာကို စိတ်မကောင်းဖြစ်နေတာတဲ့ လေးစားစရာကောင်းလိုက်တာ သူတို့မလာခင်က အမှိုက်တွေရှုပ်နေတဲ့ကျောင်းလေး ခုတော့ ကျောင်းဝန်းတခုလုံး အမှိုက်မရှိတော့ဘူး သူတို့မလာခင်က ကျိုးပဲ့နေတဲ့ခုံလေးတွေကို ကျားကန် ဟောင်းနွမ်းနေတဲ့ခုံလေးတွေကို ရွေဘော်ထိုး လို့ အသစ်ဖြစ်ကုန်ကြပီ

ကျွန်တော်တို့နေခဲ့တဲ့ကျောင်းလေး ကျွန်တော်တို့ သားသမီးတွေ စာသင်မဲ့ကျောင်းလေး ကျွန်တော်တို့ သားသမီးတွေထိုင်မဲ့စာသင်ခုံလေးတွေကို ကိုယ်တတ်တဲ့ပညာနဲ့ ခုလို လုပ်ခွင့်ရတာကိုက COVID ရဲ့ကျေးဇူးကြောင့်ပါဗျာတဲ့အုပ်ချုပ်ရေးမှူကလည်း တရွာလုံးကို ကိုယ်တိုင် ဆေးဖျန်း ထုံးဖြူးလို့ လူငယ်သလောက်စီမံတတ်ပါပေတယ်။ဘယ်လိုပဲဖြစ်ဖြစ် တာဝန်ဆိုတာထက် အသိတရားလေးနဲ့လုပ်နေကြတဲ့ရွာလေးကိုဂုဏ်ပြုမှတ်တမ်းတင်လိုက်ပါတယ်ဗျာ

Credit :U Nyi Win Aung’ Facebook