ဝမ်း နည်းလို့ပြောပါရစေ”

ပြည်သူတွေအနေနဲ့ အမြင်ကျယ်ကျယ်ကြည့်ပေးကြပါ။ စာနာတရားလေးတွေထားပေးကြပါ။ ကျန်းမာရေးအသိတရားလေးတွေ သေချာသိပြီးမှ နေထိုင်ကြပါ။

မိတ်ဆွေတို့အတွက် မိတ်ဆွေတို့ အကြောက်လွန်နေတဲ့ ဆေးရုံကြီးတွေမှာ လူနာတွေနားမှာ ကျွန်မတို့ ကျန်းမာရေးဝန်ထမ်းတွေ ကြောက်စိတ်မရှိ သေချာကုသစောင့်ရှောက်ပေးနေကြပါတယ်။

အခုအခါမှာ Covid-19 Case (ကိုရိုနာဗိုင်းရပ် ကူးစက်သူ) တွေပေါ်လာပြီးနောက် ကျန်းမာရေးဝန်ထမ်းလေးတွေ အိမ်ကနေမောင်းချခံရတယ်။ House Surgeon တချို့ အဆောင်တွေက ဖယ်ခိုင်းခံရတယ်။ နယ်ကလာတဲ့ဆရာဝန်အချို့ အိမ်‌ငှားလက်မခံတော့တာကြုံနေကြရတယ်။

ကျွန်မတို့ကတော့ ဆေးရုံကိုလာသူ ရောဂါရှိသူမရှိသူမရွေးဘဲ စောင့်ရှောက်ပေးပါလျက် ကျွန်မတို့တွေကို အခုလို မောင်းထုတ်၊ ဖယ်ထုတ်ခံရတာ နေစရာမရှိတော့တာထက် ရင်ထဲနင့်နေအောင် ခံစားရပါတယ်။

အခုလည်း လက်ထောက်ဆရာဝန်လေးတွေ အယောက် ၃၀ လောက်နေဖို့ ဆေးရုံနား နီးနီးနားနားစီစဉ်ပေးချင်လို့ နေရာပေးသူကပေး Aircon တပ်ပေးသူကတပ်ပေးပေမယ့် ပတ်ဝန်းကျင်က ကန့်ကွက်နေလို့အဆင်မပြေဖြစ်ရတယ်လို့သိရပါတယ်။

ကိုယ့်အိမ်က ကိုယ့်သား၊ ကိုယ့်သမီးလေးတွေသာဆို ဘယ်လိုခံစားရမလဲ။ အသက်စွန့်လည်း ကုပေးနေပါလျက်၊ တလွဲ အယူတွေ၊ အသိတွေနဲ့ ကျွန်မတို့တွေအပေါ် အရမ်းမရက်စက်ကြပါနဲ့။

ကျွန်မတို့အပေါ် ကူညီစောင့်ရှောက်ပေးကြပါလို့တောင်းဆိုချင်ပါတယ်။ အမကြီးဒေါ်နီလာကျော်မှ နေစရာ စီစဉ်ပေးမည်ဖြစ်သဖြင့် အဆင်ပြေသွားပါပြီ။

Dr.ဝင်းသန္တာဖြူ ဆေးရုံအုပ် – မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး