မနေ့ ညကမြောက်ဥက္ကလာပ မြို့နယ် အတွင်း မှာရှိတဲ့ဆိုက်ကားဆရာ အယောက် တစ်ရာ ကို surprise အစီအစဉ်လေးနဲ့ Buy More အဖွဲ့က လိုက်လှူဖြစ်တယ်။တစ်ဦးကို ဆန်၊ဆီ၊ဆား ၊ ငရုတ် ၊ကြက်သွန်နီ၊ ကြက်သွန် ဖြူ ၊ ခေါက်ဆွဲခြောက် ၊ ကုလားပဲ၊ အချိုမှုန့် ၊ ကြာဇံ ၊ ငါးသေတ္တာ၊ အသားတု အားလုံး ၁၂ မျိုး ပါတဲ့ တစ်သောင်းတန် အထုပ်လေး ပါပဲ။

COVID-19 ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အိမ်အပြင်ကို ဘယ်သူမှ မထွက်ကြတော့တဲ့ ဒီအချိန်မှာ ည ၈ နာရီ အထိ ငါးရာ ပဲ ရသေးတယ်တဲ့….” ဆိုက်ကား အားလား အစ်ကို” ဆိုတော့” ဟုတ်အားပါတယ် ” တဲ့” ဆိုက်ကား ဆွဲရတာ အဆင်ပြေလား” ဆိုတော့အိတ်ကပ်လေးကို လက်နဲ့ ဖိပြီး ငါးရာပဲ ရသေးတယ်တဲ့အချိန်က ည ၈ နာရီ ကျော်နေပြီ။” အဲ့ဒါဆို လူ မလိုက်ဘူး။ ကျွန်တော် အထုပ်လေးပဲ တင်ပေးမှာ။”

” အစ်ကိုရယ် စားစရာမရှိလို့ ဆိုက်ကား ထွက်ဆွဲနေရတာ အမှုပတ်အောင် မလုပ်ပါနဲ့ ” တဲ့” ကျွန်တော် ထည့်ပေးချင်တာ ဒီအထုပ်လေးပါ အစ်ကို ” ၁၂ မျိုး ပါတဲ့ တစ်သောင်းတန် အထုပ်လေး ကို မြှောက်ပြလိုက်တယ်။ဆိုက်ကားဆရာကြီးယောက်ကျားအရင့်အမာကြီးက ချက်ချင်း မျက်ရည်တွေ ဝဲ ပြီး လက်တွေ တုန်လာတယ်။

ဆိုက်ကားလေးကသူ့သခင် ရဲ့ ရှိုက်သံ ကို လည်ပြန်ကြည့်ရင်း အိမ်ဘက်ကို မျက်နှာမူလိုက်တယ်။ထို့နောက် အိမ်ကို ဦးတည်ပြီး ဒုန်းစိုင်းပြေးသွားတော့တယ်။လမ်းပေါ်မှာ လူတွေ လည်း မရှိပါဘဲကလန်……ကလန်……. အော်လို့သခင် နဲ့ အတူ ပျော်သွားလိုက်တာ………..မြောက်ဥက္ကလာမြို့ကြီး အသံမထွက်ဘဲ ကြိတ်ငိုတဲ့ အထိ ……………အဲ့ဒီည ကျွန်တော် တစ်သောင်းတန် အထုပ်လေးနဲ့ အတူ ချစ်ချင်းမေတ္တာတွေ ထည့်ပေးလိုက်မိတယ် မျက်ရည်တွေ ကောပဲ ……….

မင်းရသ

တနလ်ာနေ့ ည (6.4.2020) ဆိုက်ကာဆရာ ဦးရေ ၂၀၀ အတွက် surprise အစီအစဉ်လေး ထပ်လုပ်ဖို့ ရှိပါတယ် လုပ်အား ငွေအား ပါဝင်ကူညီနိုင်ပါတယ်။

09887786070