မၾကာေ သးမီကမွ လူမှုကွန်ရက်စာမျက်နှာတွေထက်မှာရေပန်းစားခဲ့တဲ့ ဓာတ်ပုံလေးတစ်ပုံရှိပါတယ် ။

အဲဒါကတော့ မီးပွိုင့်မှာ ပန်းရောင်းနေတဲ့ ပန်းသည် သားအဖရဲ့ ပုံရိပ်လေးဖြစ်ပြီး Covid-19 ကြောင့် လူတွေအားလုံး Stay home နဲ့အကာကွယ်ယူနေချိန်မှာ တစ်ဝမ်းတစ်ခါးအတွက် မနားနိုင်ဘဲ ကလေးငယ်လေးနဲ့အတူ ဝမ်းရေးအတွက် ရှာဖွေစားသောက်နေရတဲ့ ပုံရိပ်လေးဟာ လူတိုင်းရဲ့ရင်ထဲကို နင့်နေအောင် ခံစားသွားရစေခဲ့ပါတယ် ။

အဆိုတော်လင်းလင်းက သူ့ရဲ့ Profile မှာ အဓိပ္ပါယ်တွေအများကြီးနဲ့ စို့နင့်စေတဲ့ ပန်းသည်သားအဖရဲ့ ပုံရိပ်လေးကို တင်ခဲ့ပါသေးတယ် ပရိသတ်ကြီးရေ ။

လင်းလင်းက “ကျနော့် ပရိုဖိုင်ပုံက သားအဖကိုရှာတွေ့ပြီး အဖွဲ့သားများနဲ့ အလှူရှင်များရဲ့ စုပေါင်းကုသိုလ်ပြုခွင့်ရ” ဆိုပြီး အမှတ်တရ ပြောထားပါတယ်။

လင်းလင်းက ထိုသားအဖရဲ့ ပုံကို လွန်ခဲ့တဲ့ရက်ပိုင်းကတည်းက တွေ့ရှိခဲ့ပြီး ဖေ့စ့်ဘုတ်စာမျက်နှာမှာ ပရိုဖိုင်ပုံတောင် ထားထားတာ ဖြစ်ပါတယ်။ ပြည်သူတွေကလည်း ချို့တဲ့တဲ့သားအဖနှစ်ယောက်ရဲ့ပုံကိုမြင်ပြီး ဂရုဏာသက်နေတာကြောင့် လင်းလင်းတို့က အခုလို တွေ့အောင်ရှာပြီး လှူဒါန်းပေးတာ အရမ်းကို ဝမ်းသာစရာပါပဲနော်။

Credit –