အ ခုအချိန်မှာ အာဆီယံနိုင်ငံတွေက ခရီးသွားတွေရဲ့ နိုင်ငံကူးလက်မှတ်မှာ တရုတ်ပြည်ကို သွားခဲ့တဲ့ ဗီဇာသမိုင်းရှိနေရင် နိုင်ငံတချို့က ၀င်ခွင့်မပေးတော့ဘူး..။

အာဆီယံနိုင်ငံတွေမှာလည်း ဗိုင်းရပ်စ်တွေပြန့်နေတာကိုး…။ ဧပြီလ ၃ ရက်နေ့အထိ အာဆီယံနိုင်ငံတွေရဲ့ ကိုရိုနာဗိုင်းရပ်စ်အသစ် ပြန့်ပွားမှု နောက်ဆုံးသတင်းတွေ ဖြစ်ပါတယ်။

🇧🇳 ဘရူနိုင်း (Brunei)

▪️အတည်ပြုလူနာ – ၁၃၄ ယောက်..

▪️ သေဆုံးသူ ၁ ယောက်..။ မတ်လ ၂၈ ရက် (စနေနေ့) ဘရူနိုင်းရဲ့ ဗိုင်းရပ်စ်ကြောင့် ပထမဆုံးသေဆုံး..။ အသက် ၆၄ နှစ် အရွယ် ..။

▪️နိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေ အားလုံး ဘရူနိုင်း နိုင်ငံက ထွက်ခွါခွင့်ပိတ်ထားတယ်..။

▪️ဘရူနိုင်းရဲ့ လူနာသုညက အသက် ၅၃ နှစ်ရှိတဲ့ ဒေသခံတစ်ယောက်ပေါ့…။

သူက ကွာလာလမ်ပူက သူငယ်ချင်းသုံးယောက်နဲ့ အတူ ဘရူနိုင်းကိုပြန်လာပြီး ဘရူနိုင်းမှာ COVID-19 စခဲ့တယ်။

🇰🇭 ကမ္ဘောဒီးယား (Cambodia)

▪️အတည်ပြုလူနာ – ၁၁၄ ယောက်..။

▪️ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃ ယောက်

▪️ ၀န်ကြီးချုပ်က တိုင်းပြည်အတွင်းက ကာစီနို လောင်းကစားရုံအားလုံးကို ပိတ်ဖို့ အမိန့်ပေးခဲ့..။

▪️ ကမ္ဘောဒီးယားမှာ လေးလအရွယ်ကလေးငယ်လေးလည်း ဗိုင်းရပ်စ်ဝင်နေခဲ့..။

🇮🇩 အင်ဒိုနီးရှား (Indonesia)

▪️အတည်ပြုလူနာ – ၁,၉၈၆ ယောက်..

▪️ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၇၀ ယောက်

▪️ ပြန်ပြီးသက်သာလာတာ ၁၁၂ ယောက်

▪️ အင်ဒိုနီးရှားနိုင်ငံ အစ္စလာမ်ဘာသာ ယုံကြည်သူတွေရဲ့ ရမ်မနန် (ဥပုသ်လ) ရှိတယ်။ ၂၀၂၀ နှစ်ပြည့် ရမ်မနန် (ဥပုသ်လ) ဟာ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့ ညနေပိုင်းမှာ စပြီး မေလ ၂၃ ရက်နေ့၊ စနေနေ့မှာ အပြီးသတ်မှာဖြစ်တယ်။

အဲဒီရက်တွေပြီးရင် ရမ်မဇာမ်(Eid) ပိတ်ရက်ရှည်မှာ နှစ်စဉ်အစုလိုက်အပြုံလိုက် ခရီးသွား၊ လည်ပတ်ကြတဲ့ ဓလေ့ရှိကြတာမို့ အစိုးရကပိတ်ရက် ရွှေ့ဖို့ သို့မဟုတ် အသစ်ထပ်ပေးဖို့ စီစဉ်..။

🇱🇦 လာအို (Laos)

▪️အတည်ပြုလူနာ – ၁၀ ယောက်..

▪️ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ မရှိသေး ..။

▪️လာအိုနိုင်ငံအတွင်း ဝင်ပေါက်တွေအားလုံးကိုပိတ်ထား

▪️လာအို COVID-19 အစဟာ ၂၈ နှစ်အရွယ် ဟိုတယ်လုပ်သားနဲ့ ၃၆ နှစ်အရွယ်အမျိုးသမီး ဧည့်လမ်းညွှန်ဖြစ်တယ်..။

▪️ မြန်မာနိုင်ငံ၊ လာအို၊ တရုတ် ရွှေတြိဂံနယ်စပ်ဖြတ်လမ်းကို ပိတ်လိုက်ပြီ..။

🇲🇾 မလေးရှား (Malaysia)

▪️အတည်ပြုလူနာ – ၂,၉၀၈ ယောက်..

▪️ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၅ ယောက်

▪️ မလေးရှားနန်းတော် ဝန်ထမ်းခုနစ်ယောက် ကိုရိုနာဗိုင်းရပ်စ်ရနေလို့ ဘုရင်နှင့်ဘုရင်မ အခြားသူတွေနဲ့မတွေ့ဘဲ သီးသန့်နေရတယ်..။

▪️ ဗိုင်းရပ်စ်ကူးစက်မှု အများစုက ဗလီမှာကျင်းပတဲ့ ဘာသာရေးပွဲတစ်ခုနဲ့ ဆက်စပ်နေတယ်။ အဲဒီ ဘာသာရေးပွဲကို နိုင်ငံပေါင်းများစွာက လူပေါင်း ၁၀၀၀၀ ကျော်တက်ရောက်ခဲ့..။

🇲🇲 မြန်မာ (Myanmar)

▪️အတည်ပြုလူနာ – 20 ယောက်..

▪️ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁ ယောက်

▪️ မတ်လ ၂၉ ရက်၊ တနင်္ဂနွေ နေ့ကစပြီးဗိုင်းရပ်စ်ပျံ့နှံ့မှုကိုတားဆီးဖို့ မြန်မာပြည်ဝင်ခွင့်ဗီဇာကို ဆိုင်းငံ့လိုက်ပြီ..။

🇵🇭 ဖိလစ်ပိုင် (Philippines)

▪️အတည်ပြုလူနာ – ၃,၀၁၈ ယောက်

▪️ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၃၆ ယောက်

▪️ဧပြီ ၂ ရက်နေ့က လက်ဘနွန် မှာရောက်နေတဲ့ ဖိလစ်ပိုင်သံအမတ် Bernardita Catalla ဟာ COVID-19 ကြောင့် သေဆုံးခဲ့..။

▪️သမ္မတ Rodrigo Duterte က ဧပြီလ ၁၂ ရက်နေ့အထိ ဖိလစ်ပိုင်ကျွန်းတစ်ခုလုံးကို lockdown လုပ်ထား..။

🇸🇬 စင်္ကာပူ (Singapore)

▪️အတည်ပြုလူနာ – ၁,၁၁၄ ယောက်..

▪️ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅ ယောက်

▪️ စင်္ကာပူမှာ COVID -19 ရောဂါ တားဆီးရေးအတွက် စည်းမျဉ်းတွေကိုချိုးဖောက်ရင် စင်္ကာပူဒေါ်လာ ၁၀၀၀၀ (အမေရိကန်ဒေါ်လာ ၇၀၀၀) နဲ့ ထောင်ဒဏ်ခြောက်လအထိ ချမှတ်ထား..။

🇹🇭 ထိုင်းနိုင်ငံ (Thailand)

▪️အတည်ပြုလူနာ -၁,၉၇၈ ယောက်

▪️ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၉ ယောက်

▪️ သောကြာနေ့က ထိုင်းနိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ညမထွက်ရအမိန့်ကိုကြေညာခဲ့..။ (ည ၁၀ နာရီ ကနေ မနက် ၄ နာရီ အထိ)

🇻🇳 ဗီယက်နမ် ( Vietnam)

▪️အတည်ပြုလူနာ -၂၃၇ ယောက်..

▪️ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ မရှိသေး

▪️ ဗီယက်နမ်နိုင်ငံဟာ ဗီဇာကင်းလွတ်ခွင့်ပေးထားတဲ့ ရှစ်နိုင်ငံ ( ယူနိုက်တက်ကင်းဒမ်း၊ ဒိန်းမတ်၊ နော်ဝေ၊ ဖင်လန်၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီနဲ့ စပိန်နိုင်ငံ) အတွက် ဗီဇာကင်းလွတ်ခွင့်ကို ခေတ္တရပ်ဆိုင်းထား..။

မရွှေမိုး (ကိုရီးယား)
April 4th,2020.