မြန် မာနိုင်ငံ ကံကောင်းလွန်းတယ်

ကမ္ဘာ့မြေပုံမှာ အိမ်မြှောင်သဏ္ဍာန် သေးငယ်ငယ်နိုင်ငံလေးတစ်ခု..

ဆေးဝါးမပြည့်စုံ ဆေးရုံမလုံလောက် သူနာပြုလျော့ရဲရဲ ဆရာဝန်ရှားပါး ငွေကြေးက ဗလာ ခေတ်မှီနည်းစနစ်ကမရှိ..ဒါတွေကိုကြည့်ပြီး ကမ္ဘာ့မျက်နှာကြီးနိုင်ငံတွေက အထင်သေးကြတယ် သနားကြ တယ် စိုးရိမ်ကြတယ် ရင်တမမဖြစ်နေကြတယ်။

ခေတ်မှီလွန်းတဲ့ သူတို့နိုင်ငံကြီးတွေတောင်မှ ကုမရမနိုင်မနင်းဖြစ် သေကြေကြ လိုက်ပိုက်ကြည့်နေကြရ. . .ဒီနိုင်ငံလေးတော့သနားစရာပေါ့..

စောင့်ကြည့်တွေနဲ့ လမ်းဘေးမှာလူပြည့်ကျပ်ပြီး သုဿာန်ကြီးသဖွယ်ဖြစ်လိမ့်မယ်ပေါ့..

သူတို့နိုင်ငံ သက်ဆိုင်ရာသံရုံးတွေကလဲ အရေးတကြီး ကြေငြာချက်တွေကို သူ့ထက်ငါ ထုပ်ပြန်ကြလေရဲ့..မြန်မာနိုင်ငံက မြန်မြန်ထွက်ခွာသွားကြ အန္တရာယ်ရှိတယ် တဲ့။

ခု..အထင်သေးတဲ့နိုင်ငံကြီးတွေ အံ့သြကုန်ကြပြီ အားကျကုန်ကြပြီ လေးစားကုန်ကြပြီ

သူတို့ထင်သလို လမ်းဘေးမှာအတုန်းအရုန်းလဲနေသူ တွေမရှိကြဘူး

သူတို့ထင်သလို တစ်ပတ်အတွင်းထိမ်းမနိုင်သိမ်းမနိုင် ဖြစ်ပြီး အများအပြား သေတဲ့အလောင်းတွေမရှိဘူး

သူတို့ထင်သလို ရိက္ခာလုယက်မှုတွေတစ်ခုမှဖြစ်မလာ ဘူး..

အံ့သြကုန်ကြတယ် . . .တွေဝေကုန်ကြတယ်. . .စူးစမ်းကုန်ကြတယ်…အထင်ကြီးကုန်ကြတယ်…ဘာ့ကြောင့်များလဲ ဘာလို့လဲပေါ့..

သူတို့မသိတဲ့ လျှို့ဝှက်ချက်တွေ မြန်မာပြည်မှာအများ …ကြီးရှိတယ်

သူတို့ထင်မထားတဲ့ပေးဆပ်မှုတွေ မြန်မာပြည်မှာအများ …ကြီးရှိတယ်

သူတို့မလုပ်နိုင်တဲ့အလုပ်တွေကို မြန်မာပြည်မှာလုပ်နိုင်…တဲ့သူတွေ အများကြီးရှိတယ်

ဆေးရုံမလုံလောက်ဘူးထင်ကြတယ်…ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေက သူတို့ရဲ့နေရာတွေ..ကို ဆေးရုံအဖြစ်ပြောင်းလဲပြစ်လိုက်ကြတယ်

ဒိထက်အံ့သြစရာကောင်းတာက..စောင့်ကြည့်ခံသူတွေ..ကို အစိုးရအထံမှ ဘာစရိတ်အထောက်အပံ့မှမယူပဲ..နှစ်ပတ်လောက် ပြည့်ပြည့်စုံစုံ တင်ကျွေးပလိုက်တယ်

မြို့ကြီးတွေဟာ သုဿာန်တစ်စလိုဖြစ်မယ်ထင်ကြတယ်..

တစ်နိုင်ငံလုံးမြေပြင်သာမက ဝေဟင်ထက်ကပါ…မြတ်ဗုဒ္ဓ၏ အစွမ်းထက်ပရိတ်တွေကိုရွတ်ဖတ်ပြီး…သံဃာတော်အရှင်မြတ်တွေက တားဆီးပေးခဲ့တယ်

သူနာပြုမလုံလောက်ဘူးထင်ကြတယ်

ပြည်သူတစ်ရပ်လုံးက စေတနာ့ဝန်ထမ်းတွေအဖြစ်..ပြောင်းလဲကုန်ကြတယ် ကြက်ခြေနီ မီးသတ် စည်ပင်..စုံလို့..

အစားအစာရိက္ခာမလုံလောက်ဘူးထင်ကြတယ်…ပရဟိတအဖွဲ့အစည်းအသီးသီးတွေ အလျှိုလျှိုပေါ်လာတယ် နေရာအစုံက..

ငွေရေးကြေးရေးအခက်အခဲဖြစ်မယ်ထင်ကြတယ်…ငယ်လတ်ကြီး အရွယ်သုံးပါး လှူလိုက်တာမှပလူပျံလို့.

ဒီကပ်ရောဂါကြီးကြောင့် မနိုင်မနင်းဖြစ်မယ်ထင်ကြတယ်

အစိုးရ တပ်မတော် ရဟန်းရှင်လူ ပြည်သူအားလုံး…တောရောမြို့ပါ ညီညီညွတ်ညွတ်နဲ့ တွန်းလှန်ပြခဲ့တယ်

သူတို့တွေမျက်လုံးပြူးကုန်ကြပြီ…လေးစားကုန်ကြပြီ…အားက်ကုန်ကြပြီ

သူတိုမမြင်နိုင်တဲ့လက်နက်တွေ စွမ်းအားတွေ စေတနာ တွေ..ဒို့နိုင်ငံမှာ…အများကြီးရှိတယ်…မြန်မာပြည်မှာ အများကြီးရှိတယ်

ဒါ့ကြောင့် မြန်မာနိုင်ငံ ကံကောင်းလွန်းနေတယ်

ရတနာသုံးပါးရှိနေတာ ကံကောင်းလွန်းတယ်…ပရဟိတမျိုးစုံရှိနေတာ ကံကောင်းလွန်းတယ်…ညီညီညွတ်ညွတ်ရှိနေတာ ကံကောင်းလွန်းတယ်

ဒီကောင်းကံတွေကို ကပ်ရောဂါကြီးပျောက်သည်အထိ…နိုင်ငံတိုးတက်သည်အထိ တည်ရှိကြပါစေဟုဆန္ဒပြု…လိုက်ပါတယ်……။

ဓမ္မရံသီအရှင်ကဝိန္ဒ(မိုးကုတ်)

4.4.2020