ဆက်စီ မော်ဒယ်လ်တစ်ယောက်အနေ နဲ့ အနုပညာလောကမှာအောင်မြင်မှုတွေရရှိနေတဲ့ ဇာဇာထက်ကတော့ အမျိုးသမီး MMA ဖိုက်တာ Bozhena Antoniyar နဲ့ Relationship ချိတ်လိုက်တာလည်းဖြစ်ပါတယ်။ဇာဇာထက်ကတော့ အချစ်ရေးနဲ့ပတ်သက်ပြီး အေးဆေးတည်ငြိမ်နေခဲ့တာကြာပြီဖြစ်ပေမယ့် အခုလို အမျိုးသမီး MMA ဖိုက်တာနဲ့ အချစ်ရေးကိုတော့ ပရိသတ်တွေက အံ့အားသင့်ခဲ့ရတာအမှန်ပါ။

အမျိုး သမီး MMA ဖိုက်တာ Bozhena Antoniyar ကတော့ MMA ဖိုက်တာတစ်ယောက်မဖြစ်ခင်မှာတော့ မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံ ဆုကို (၂)ကြိမ်တိုင်တိုင် ရရှိခဲ့သူလည်းဖြစ်ပါတယ်။ သူဟာ (၂၀၁၃)ခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက်လည်း လေ့ကျင့်သင်ကြားခဲ့ပါသေးတယ်။သူဟာ ဝမ်းချန်ပီယံရှစ် ပွဲဦးထွက် ပွဲမှာတင် ပြိုင်ဘက်ကို (၂၄)စက္ကန့်ထဲနဲ့ ပွဲသိမ်းယူနိုင်ခဲ့ပါသေးတယ်။ လက်ရှိမှာတော့ အင်ဒိုနီးရှားနိုင်ငံက နာမည်အကြီးဆုံး Bali MMA မှာ လေ့ကျင့်နေတာလည်းဖြစ်ပါတယ်။ Bozhena Antoniyar ရဲ့ ပရိသတ်တွေကတော့ အခုလို Sexy မော်ဒယ်လ် ဇာဇာထက်နဲ့ Relationship တင်လိုက်တဲ့ အပေါ်မှာတော့ သဘောတူတဲ့သူတွေရှိသလို မိန်းကလေးချင်းကြိုက်တာမို့ သဘောမတူတဲ့ ပရိသတ်တွေလည်း ရှိကြပါတယ်။

CeleGabar ပရိသတ်ကြီးရေ Sexy မော်ဒယ်လ်တစ်ယောက်အနေနဲ့ အနုပညာလောကမှာအောင်မြင်မှုတွေရရှိနေတဲ့ ဇာဇာထက်ကတော့ အမျိုးသမီး MMA ဖိုက်တာ Bozhena Antoniyar နဲ့ Relationship ချိတ်လိုက်တာလည်းဖြစ်ပါတယ်။ ပရိသတ်ကြီးရော သူတို့(၂)ဦးကို သဘောတူရဲ့လား။

Source: Zar Htet
DarDar-CeleGabar