သီ ချင်းအေးအေးလေးတွေ ဆိုရင်း ပရိသတ် အခိုင်အမာ ရရှိထားတဲ့ ရွှေထူး တစ်ယောက်ကတော့ လက်ရှိအချိန်မှာ သီချင်းဆိုတဲ့ အပြင် သရုပ်ဆောင် တစ်ယောက်အနေနဲ့ လုပ်ကိုင်ရင်း အောင်မြင်နေတဲ့ သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်နေပြီ ဖြစ်ပါတယ်။ ရွှေထူးကတော့ ချစ်စရာကောင်းတဲ့ ဇနီးလေး ရွှေမှုံရတီနဲ့ ရွှေလက်တွဲနေပြီး ပျော်ပျော်ရွှင်ရွှင်နေနေတာလည်း ဖြစ်ပါတယ်။

ရွှေထူးကတော့ လက်ရှိဖြစ်ပျက်နေတဲ့ ကမ္ဘာကပ်ရောဂါကြီးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်တဲ့သူ တစ်ယောက်ဖြစ်သလို သူ့ပရိသတ်တွေကိုလည်း အမြဲသတိထားဖို့ ပြောနေတာ ဖြစ်ပါတယ်။ ရွှေထူးကတော့ ဒီရောဂါကြီး ဖြစ်ပျက်နေတဲ့ အချိန်မှာ လိုင်းပေါ်မှာ တက်လာတဲ့ ပုံတွေထဲမှာမှ တိုက်တိုက်ဆိုင်ဆိုင် သူနဲ့ဆုံဖူးပြီး သူအားပေးတဲ့ နံပြားရောင်းတဲ့ အဖိုးနဲ့ ပတ်သက်ပြီး ပြောပြထားတာ ဖြစ်ပါတယ်။

ရွှေထူးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ပဲပြုတ်နံပြားရောင်းတဲ့ အဖိုးပုံလေးကို ရှဲလ်ပြီးတော့ ကျွန်တော် လှည်းတန်းကို စရောက်တဲ့ လူပျိုပေါက်အရွယ်ထဲက ရောင်းနေတဲ့အဘ Power မှာ Dota ခုတ်ရင်း ပဲနံပြားလေးဆွဲရတာအနှစ်ပဲ တွေ့ခဲ့ရင် အဲ့အဘကို အားပေးပေးကြပါဦးခင်ဗျာ ဆိုပြီး ရေးသားထားတာကို တွေ့ရပါတယ်။အဲ့အဖိုးပုံလိုင်းပေါ်မှာ တက်လာတဲ့ အချိန်မှာ တော်တော်များများလည်း စိတ်မကောင်းဖြစ်ကြသလို အိမ်မှာနေရမယ့် အချိန်မှာ ဒီလိုမျိုး လိုက်ရောင်းနေရတာကြောင့် လှူချင်တဲ့အလှူရှင်တွေကလည်း ရှိနေတာ ဖြစ်ပါတယ်။ ရွှေထူးကတော့ တစ်ဖက်တစ်လှမ်းကနေ ဒီအဖိုးအတွက် အထောက်အပံ့ပေးလိုက်တာ ဖြစ်ပါတယ်။