COVID-19 ကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ကရင်ပြည်နယ်မှ ပါဝင်ဆောင်ရွက်နေသူများနှင့် တွေ့ဆုံ‌ဆွေးနွေးပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်များကို ကောက်နှုတ်ဖော်ပြထားသည်။

အမေတို့ နိုင်ငံကတော့ မချမ်းသာတော့ ပြည်သူတွေရဲ့ စိတ်ဓာတ်ကိုပဲ အဓိကအားကိုးရတယ် – ပြည်သူတွေကြားထဲမှာ ပိုပြီးစည်းလုံးညီညွတ်လာအောင် အခွင့်အရေးတစ်ခုပေးတယ်လို့ပဲ မြင်စေချင်တယ်။ -ဒီအချိန်မှာ ရဲတွေရဲ့တန်ဖိုးကို ပြနိုင်တယ်။ ကိုယ်က ကိုယ့်နိုင်ငံအတွက် လုပ်နေပါတယ်။ စနစ်ကြောင့် လွဲမှားခဲ့တာတွေလည်း ရှိတာပေါ့။ – အပြစ်အနာအဆာကင်းတဲ့ အဖွဲ့အစည်းဆိုတာ ဘယ်တော့မှ မရှိဘူး။ တချိန်လုံးပဲ ပြင်ယူနေရတယ်။
-ဘယ်လောက်ပဲ သည်းခံရ၊ သည်းခံရ တစ်နေ့စာ၊ တစ်နေ့စာ အားထုတ်ပါ။ – ပြန်လာတဲ့ အလုပ်သမားတွေက အနာဂတ်အတွက်လည်း စဉ်းစားရသေးတယ်။ သားတို့(ရဲတွေ)ကတော့ COVID-19 ပြီးသွားလည်း ကိုယ့်အလုပ်မှာ ကိုယ်အေးအေးဆေးဆေး ဆက်လုပ်ရုံပဲ။ – ပြန်လာတဲ့ အလုပ်သမားတွေကတော့ COVID-19 ပြဿနာကျော်လွန်သွားရင် အလုပ်ပြန်ရပါ့မလားဆိုတာ စဉ်းစားရသေးတယ်။

ညီညီညွတ်ညွတ်နဲ့ အားလုံးပူးပေါင်းဆောင်ရွက်နိုင်မယ်၊ အားလုံးက စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာနိုင်မယ်ဆိုရင် COVID-19 ပြန့်ပွားမှု ထိန်းမနိုင်၊ သိမ်းမရအဆင့်ကို ရောက်မသွားအောင် ကျွန်မတို့ ထိန်းသွားနိုင်မှာပါ။
– ပြည်သူတစ်ယောက်ချင်းစီက ကိုယ့်အတွက်ရော၊ ကိုယ့်မိသားစုအတွက်ရော၊ ကိုယ့်အသိုင်းအဝိုင်းအတွက်ရော၊ ကိုယ့်နိုင်ငံအတွက်ရော ဝိုင်းပြီးတော့ ကြိုးစားကြမယ်လို့ မျှော်လင့်ပါတယ်။