သ ရုပ်ဆောင်တစ်ယောက်အနေနဲ့သာမက ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ ပရိသတ်အားပေးဝန်းရံမှုကိုရရှိထား သားညီကတော့ (၃)ရက်နေ့ရောက်လာလို့ မင်းသွေးကိုသတိရမိသွားတဲ့အကြောင်းကို “3 ရက်နေ့ကို ရောက်လာပြန်ပြီ သတိရတယ်ဗျာ ဒီအချိန်ခင်ဗျားရှိနေရင် ပရဟိတ အလုပ်တွေ ဘယ်လောက်များ လုပ်နေလိုက်မလဲ ကျွန်တော့ထက် အသက်အများကြီးငယ်ပေမယ့်

ဘဝကို ဘယ်လိုရှင်သန်နေထိုင်ရမလဲလို့ သင်ပေးခဲ့တဲ့ သူ ကောင်းရာဘုံဘဝမှာ ငြိမ်းချမ်းနေပါစေဗျာ သားညီ” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ ရုပ်ရှင်သရုပ်ဆောင် မင်းသွေးကတော့ လွန်ခဲ့တဲ့(၂၀၁၈)ခုနှစ် အောက်တိုဘာလ(၃)ရက်နေ့ညမှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး သားညီကတော့ (၃)ရက်နေ့ကိုရောက်လာတာမို့ သတိရမိပြီး မင်းသွေးသာရှိနေခဲ့ရင် ပရဟိတတွေ ဘယ်လောက်တောင် လုပ်နေမလဲလို့ တွေ့မိပါတယ်တဲ့။ သားညီကတော့ သူထက်အသက်အများကြီးငယ်တဲ့ မင်းသွေးက ဘဝကို ဘယ်လိုရှင်သန်နေထိုင်ရမလဲလို့ သင်ပေးခဲ့ပါသေးတယ်တဲ့။ သားညီကတော့ ဦးလေးဖြစ်သူကျော်ဟိန်းနဲ့ အစ်ကိုဖြစ်သူဒွေးတို့ရဲ့ အနုပညာအမွေကိုရရှိထားသူပီပီ နောက်ပိုင်းမှာ ပီပြင်တဲ့ဇာတ်ကောင်စရိုက်တွေနဲ့သားညီကိုတွေ့မြင်ရမှာဖြစ်ပြီး ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ ဇာတ်ကားကောင်းတွေကို ရွေးချယ်ရိုက်ကူးနေတာကို တွေ့မြင်ရမှာပါ။

CeleGabar ပရိသတ်ကြီးရေ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်အနေနဲ့သာမက ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ ပရိသတ်အားပေးဝန်းရံမှုကိုရရှိထား သားညီကတော့ (၂၀၁၈)ခုနှစ် အောက်တိုဘာလ(၃)ရက်နေ့ညမှာ ကွယ်လွန်ခဲ့တဲ့ မင်းသား မင်းသွေးကို ယခုလို (၃)ရက်နေ့ရောက်တော့ သတိရမိလို့ပါတဲ့။

Source: Thar Nyi
DarDar-CeleGabar