နိုင် ငံကျော် အဆိုတော်ကြီး ဦးအောင်ရင်ကတော့ COVID-19 ရောဂါ ကူးစက်ခံရတဲ့ လက္ခဏာတွေကို ခံစားနေခဲ့ရပြီး အိမ်မှာ (၁၂) ရက် အတွင်း self quarantine လုပ်ကာ ကျန်မာရေးအခြေအနေပြန်ကောင်းလာတဲ့အကြောင်းစုံကိုတော့ “မင်္ဂလာပါ ကိုဗစ်လား ငဗစ်လားမသိပါဘူး ကျွန်တော်နေမကောင်းတော့ ဘိလပ်က သူငယ်ချင်းဆရာဝန်က Covid 19 ကူးစက် ခံရတဲ့ လက္ခဏာပြနေတယ်ပြောပါတယ် အင်္ဂလန်မှာ ဒီလက္ခဏာပြပေမဲ့အိမ်မှာပဲနေရတယ် Test လုပ်မှသာလျှင် Positive လား Negative လားသိနိုင်ပါမယ်

ဒီမှာက ဆေးရုံတက်ရတဲ့သူပဲ Test လုပ်ပေးပါတယ် ဆေးရုံကိုလည်းအသက်ရှုရတာခက်တဲ့လူနာမှသာလက်ခံပြီးတင်ပါတယ် ဘာပဲဖြစ်ဖြစ် ကျွန်တော်နေကောင်းပါပြီ ဆုတောင်းမေတ္တာပို့သပေးသူများအားလုံး ကျေးဇူးတင်ရှိပါတယ် ပါရာစီတမော (၂) လုံး (၄) ကြိမ်နဲ့ (၁၂) ရက် မနက်တိုင်း Vitamin C တစ်လုံးသောက်ပါတယ် ဘိလပ်က ကျွန်တော့်ရဲ့သူငယ်ချင်း ဆရာဝန် (၃) ယောက်ဟာလည်း Corona Virus ကြောင့်နေမကောင်းဖြစ်တာ အိမ်မှာ (၂) ပါတ် self quarantine လုပ်ပြီး ပြန်ကောင်းတာတွေ့ရလို့ အမျိုးတွေကိုလည်း သိပ်ပြီး အကြောက်မလွန်ဖို့ ပြောချင်ပါတယ် ကိုယ်ခံအားကောင်းဖို့သာဂရုစိုက်ကြပါ ကျွန်တော့်ကိုလည်း ကိုယ်ခံအားကောင်းဖို့ ယခုလိုချက်ပြုတ်ကျွေးတဲ့ ဒေါ်မိုးကိုလည်း ကျေးဇူးတင်ပါတယ်ဗျ” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ ဦးအောင်ရင်ကတော့အိမ်မှာ (၁၂) ရက် အတွင်း self quarantine လုပ်ပြီး ပါရာစီတမော (၂) လုံး (၄) ကြိမ်နဲ့ (၁၂) ရက် မနက်တိုင်း Vitamin C တစ်လုံးဆီသောက်ရင်း ကိုယ်ခံအားကောင်းဖို့ ဇနီးဖြစ်သူ ဒေါ်မိုးရဲ့ ချက်ပြုတ်ကျွေးမှုတွေကြောင့် ပြန်လည်ကောင်းမွန်လာပါပြီတဲ့။

CeleGabar ပရိသတ်ကြီးရေ နိုင်ငံကျော်အဆိုတော်ကြီး ဦးအောင်ရင်ကတော့ COVID-19 ရောဂါ ကူးစက်ခံရတဲ့ လက္ခဏာတွေကို ခံစားနေခဲ့ရပြီး အိမ်မှာ (၁၂) ရက် အတွင်း self quarantine လုပ်ကာ ပါရာစီတမော (၂) လုံး (၄) ကြိမ်နဲ့ (၁၂) ရက် မနက်တိုင်း Vitamin C တစ်လုံးဆီသောက်ရင်း ကိုယ်ခံအားကောင်းဖို့ ဇနီးဖြစ်သူ ဒေါ်မိုးရဲ့ ချက်ပြုတ်ကျွေးမှုတွေကြောင့် ပြန်လည်ကောင်းမွန်လာပါပြီတဲ့နော်။

Source: Aung Yin
DarDar-CeleGabar