C OVID – 19 ကို အ ကြောင်းပြု၍ ဆန်အပါအဝင် အ ခြေခံ စားသောက်ကုန်စည်များ၊ ဆေးနှင့်ဆေးပစ္စည်းများ ဈေးတင် ရောင်းလျှင် အစိုးရကထိန်းသိမ်း အရေးယူမည်ဟု စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင် စိုးက ပြောသည်။အဆိုပါ ကုန်ပစ္စည်းများကို အရေးကြီးကုန်စည်အဖြစ် သတ် မှတ်ပြီးနောက် လက်ရှိပေါက်ဈေး ဖြင့် ဈေးနှုန်းသတ်မှတ်မည်ဖြစ် သည်။ သတ်မှတ်ဈေးနှုန်းထက် ဈေးတင်ရောင်းခြင်း၊ ဈေးကစား ခြင်းတို့ စစ်ဆေးတွေ့ရှိလျှင် အ ရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေဖြင့် အရေးယူမည်ဟု ၎င်း ကဆိုသည်။

“ဈေးတင်ရောင်းရင် အရေး ယူမှာပါ” ဟု ဦးအောင်စိုးက ပြောသည်။ ဆန်အပါအဝင် အခြေခံစား သောက်ကုန်များ၊ ဆေးနှင့်ဆေး ပစ္စည်းများကို ဈေးနှုန်းသတ်မှတ် နိုင်ရန် စီးပွားကူးသန်းနှင့်ပုဂ္ဂလိက စီးပွားရေးအသင်းအဖွဲ့များ မတ် လ ၂၉ ရက်တွင်ဆွေးနွေးခဲ့သည်။အဆိုပါ ကုန်ပစ္စည်းများ တစ်ခုချင်းစီ၏ သတ်မှတ်ဈေးနှုန်း များကို မကြာမီ ထုတ်ပြန်ကြေ ညာမည်ဖြစ်သည်။ သတ်မှတ်ဈေး နှုန်းထက် ပိုမိုရောင်းချသည်ကို အထောက်အထား အခိုင်အမာရှိ ပါက စားသုံးသူကိုယ်တိုင် ရဲစခန်း တွင် အမှုဖွင့်တိုင်ကြားနိုင်ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန ဒုတိ ယညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။

အရေးကြီးကုန်စည်နှင့် ဝန် ဆောင်မှုဥပဒေသည် ရဲအရေးပိုင် သော ဥပဒေဖြစ်သည်။ ယင်းဥပ ဒေကိုကျင့်သုံးရန် နိုင်ငံတော်သမ္မ တရုံးက မတ်လ ၂၈ ရက်တွင် အမိန့်ညွှန်ကြားစာကို ဝန်ကြီးဌာန သို့ ပေးပို့ထားကြောင်း ဒုတိယ ညွှန်ကြားရေးမှူးက ပြောသည်။အဆိုပါဥပဒေဖြင့် အရေးယူ ခံရလျှင် ကျူးလွန်သည့် ပြစ်မှု အမျိုးအစားလိုက် ထောင်ဒဏ် ခြောက်လမှ သုံးနှစ်အထိနှင့် ငွေ ဒဏ် ကျပ်ငါးသိန်း (သို့မဟုတ်) ပြစ်ဒဏ်နှစ်ခုစလုံး ကျခံရမည် ဖြစ်သည်။အစိုးရ၏ ဆောင်ရွက်ချက် က ဈေးနှုန်းအဆမတန်ကစား ခြင်းမဖြစ်စေရန် ထိန်းခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံဆန်စပါး အ သင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင် က ပြောသည်။လက်ရှိတွင် ဆန်အပါအဝင် စားသောက်ကုန်များ ပြည်တွင်း၌ အလုံအလောက်ရှိနေပြီး အစိုးရ နှင့် ပုဂ္ဂလိကတို့ ဆက်လက်ပူး ပေါင်း ဆောင်ရွက်မည်ဟု ၎င်းက ပြောသည်။