အိန္ဒိ ယက ရဲအရာရှိတစ်ယောက်ကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကို နည်းဗျူဟာအသစ်တစ်မျိုးနဲ့ ပညာပေးလာပြန်ပါတယ်။ ရာဂျက်ရှ် ဘာဘူဟာ သူပတ္တရောင်လှည့်နေတုန်းမှာ လူတွေက သူ့ကိုမြင်ရင် ကြောက်လန့်သွားအောင်လို့ ဗိုင်းရပ်စ်နဲ့တူအောင် ပုံစံထုတ်ထားတဲ့ ဦးထုပ်ကို ဆောင်းထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်ကန့်သတ်ဖို့အတွက် အိန္ဒိယတစ်နိုင်ငံလုံးကို ၂၁ရက်တာ ပိတ်သိမ်းထားတာပဲ ဖြစ်ပါတယ်။ ကားတွေကို ဘေးချရပ်စေပြီး အိမ်မှာပဲနေကြဖို့ အရေးကြီးကြောင်း သိစေဖို့ ကြိုးစားနေတဲ့ ဗိုင်းရပ်စ်ဦးထုပ်နဲ့ ရာဂျက်ရှ်ကို ချင်းနိုင်မြို့ရဲ့ လမ်းမပေါ်မှာ တွေ့ကြရတယ်လို့ ဆိုပါတယ်။

သူ က Asian News International ကို ဒီလိုပြောပါတယ်။ “နည်းမျိုးစုံနဲ့ ပညာပေးနေပေမယ့်လည်း လူတွေက လမ်းပေါ် ထွက်နေကြတုန်းပဲ။ ရဲတွေက ဘယ်လောက် အလေးအနက်ထားကြောင်းကို လူတွေ သဘောပေါက်လာအောင်လို့ ဒီကိုရိုနာဦးထုပ်ကို ဆောင်းရတာပါ”။ “ဦးထုပ်က မတူခြားနားတဲ့ ပုံစံတစ်မျိုးနဲ့ ပညာပေးဖို့ ကြိုးစားတာပေါ့။ ဒီဦးထုပ်ကို ဆောင်းထားတော့ လမ်းသွားလမ်းလာတွေရဲ့ စိတ်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ဆိုတဲ့ အတွေးဝင်လာမယ်လေ”လို့လည်း ၎င်းက ပြောပါတယ်။

အ ထူးသဖြင့် ကလေးတွေက ဒီဦးထုပ်ဆောင်းထားတဲ့ သူ့ကို မြင်ကြတဲ့အခါ ကြောက်ပြီး အိမ်ပြန်ပြေးချင်ကြတယ်လို့ ဆိုပါတယ်။ ပန်းချီဆရာတစ်ယောက် ဦးထုပ်ကို ဗိုင်းရပ်ပုံစံ စက္ကူနဲ့ ချိုးပြီး သူ့ကို ဝတ်ဖို့ ပေးထားတာဖြစ်တယ်လို့ ဆိုပါတယ်။

Credit-Writer_နေဇင်ထွန်း ( XYZ News )
Source : Metro