ရန် ကုန်က ဘယ်ကပြန်လာလာ ၁၄ ရက် Q တဲ့ ..

အလုပ်ပြန်ဆင်းရမယ်ဆိုပြီး နယ်ကနေ ရန်ကုန်ပြန်လာတာ .. Express မစီးရဲလို့ အိမ်ကလိုက်ပို့ပေးတယ် .. အဆောင်ကိုဖေဖေတို့ချပေးသွားတော့ ည ၉ နာရီကျော်.. ချပေးပြီး ဖေဖေတို့ကပြန်သွားတယ် ကိုယ်လည်းပုံမှန်လိုပဲ အခန်းတေရှင်းနေတာ .. ည ၁၀ နာရီလောက်မှာ တံခါးလာခေါက်ပါတယ် အဝေးပြေးကလာတဲ့သူတွေ့လိုက်လို့တဲ့.. ယောကျာ်းလေး ၃ ယောက်ပါ…

အဲ့ဒါ ဒီမှာနေနေကျဖြစ်‌‌ကြောင်း အိမ်ခဏပြန်ပြီး အိမ်ကပဲပြန်လိုက်ပို့တဲ့အကြောင်း ဖျားတာဘာညာမရှိကြောင်းပြောပေမယ့်မရပါဘူး ..

”တာဝန်အရ ဆက်လုပ်ရမလား ခုချက်ချင်းတိုက်ခန်းကဆင်းပေးမလား ” မေးပါတယ် .. ခဏနေတော့ နောက်တယောက်ထပ်ရောက်လာပါတယ် .. ,”အဝေးပြေးကပြန်လာတယ်ဆို ဘယ်လိုပဲဖြစ်ဖြစ် ဒီတိုက်မှာ နေခွင့်မပေးပါဘူးတဲ့ အဲ့တော့ ခုဆင်းမလား စောင့်ကြည့် Q ၁၄ ရက်နေမလား” မေးပါတယ် ..

အဲ့ချိန်ကြီး တနေရာရာသွားဖို့လည်းမပြေသလို နီးနီးနားနားမှာ အမျိုးလည်းမရှိပါဘူး အဲ့တော့အိမ်ကိုဖုန်းပြန်ဆက်ရတယ် ဖေဖေတို့က တော်တော်ဝေးဝေးရောက်နေပြီ..

ခဏနေတော့ ယောကျာ်းလေးနှစ်ယောက်ပြန်ရောက်လာတယ်.. အောက်လိုက်လာပေးပါတဲ့.. ရပ်ကွက်အုပ်ချုပ်ရေးမှူး တိုက်တာဝန်ခံဘာညာ စုစုပေါင်း လူ ၃၀ လောက်က အောက်မှာ ကိုယ့်အခန်းကိုမော့ကြည့်မော့ကြည့်နဲ့ ထောင်ဝရမ်းပြေးကျနေတာပဲ..

နာမည်မေးတယ် ဖုန်းနံပါတေ မှတ်ပုံ‌တင် အဖေအမေနာမည်အကုန်မေးတယ် ည ၁၂ လောက်မှာ ဖေဖေတို့ရောက်လာတယ်.. အဲ့တော့မှ စကားပြောတာနည်းနည်းအဆင်ပြေသွားတယ်.. ဖေဖေကလည်းလမ်းမှာ ကားတောင်မရပ်ရဲလို့ ထမင်းဟင်း ရေ‌နွေးကစ ထည့်လာတာဘာညာပြောတော့ နားလည်ပါတယ်တဲ့.. သူတို့ကိုလည်း နားလည်ပေးပါတဲ့.. အဲ့ထဲကတယောက်က သူ့ဖုန်းနံပါတ်ပေးတယ် နာမည်မေးတော့ မပြောပါဘူး..

အလုပ်ကခွင့်ရလို့ ပြန်ကြတဲ့သူတေရှိရင် အဆောင်မှူး.. တိုက်ပိုင်ရှင်တွေကို အခြေအနေ အရင်ဖုန်းဆက်မေးကြပါနော်..

အဆောင်မှာတယောက်ထည်းရှိနေတုန်း လူ ၄ ၅ ‌ယောက်တံခါး‌တေလာ‌ခေါက်.. လူ အယောက် ၃၀ လောက်က တယောက်တခုစစ်ဆေး မောင်းထုတ်တာမျိုး ခံရမှာစိုးလို့ပါ.. ညကြီးမင်းကြီးဆို သွားစရာနေရာလည်းမရှိပါဘူး…

ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီအရင်သွားပြီး အကြောင်းကြားထားရင် ပိုအဆင်ပြေမယ်ထင်ပါတယ်.. မဖြစ်မနေ နေရမယ်ဆို အလုပ်ဆင်းရမယ့်ရက်ကပ်မှ လာမိတာမျိုးကျ အဆင်ပြေမှာမဟုတ်လို့ပါ…

စစ်ဆေးတာ ခံယူပါတယ်နော်.. စစ်ဆေးတာက အပူချိန်တိုင်းတာမျိုးမဟုတ်ပါဘူးရှင့် တိုင်းလည်းမတိုင်းပါဘူး တယောက်တခု မေးနေကြတာမျိုးပါ.. အကုန်လည်း ပြေပြေလည်လည်ပြန်ဖြေပါတယ်.. အဲ့လူအုပ်ကြီးနဲ့ ည ၁၂ လောက် မေးတာအကုန် သေချာပြန်‌ဖြေနေခဲ့တာပါ.. နယ်ကပြန်လာတယ်ဆိုပြီး နေခွင့်မပေးပဲ အာကြမ်းလျှာကြမ်းနဲ့ မောင်းပဲချနေလို့ အိမ်ကိုဖုန်းပြန်ဆက်လိုက်ရတာပါ…

Phyo Pa Pa Aung