2.2.2010 မှာ လက် ထပ်ခဲ့တယ်24.1.2019 မှာ ကွာရှင်းခဲ့ပြီ(သူမနဲ့ပျော်ရွှင်ပါစေ)9နှစ်ပြည့်ဖို့ ၈ရက်ပဲလိုတော့တယ်. Anni Dateလဲ မှတ်ထားမယ် မထင်နှစ်ယောက်လုံးချစ်လို့လက်ထပ်ခဲ့တယ်. အစပိုင်းမှာအရမ်းတွေသာယာပီးအဆင်ပြေခဲ့တယ်။ တပ်ထဲမှာနေရတာ ဘယ်လောက်ပင်ပန်းလဲ တပ်ထဲကသူတွေပဲသိတယ်. ခေတ်ရှေ့ပြေးပီးဖလန်းဖလန်းနေခဲ့တဲ့ကျမ တပ်ထဲမှာ အဘွားအိုလေးလိုနေခဲ့ရတယ်။ အဆင်ပြေပါတယ်။ သူငွေသုံးကြမ်းတာလေးက လွှဲရင်ပေါ့။

တဖြေးဖြေးသူ့အချိုးတွေပြောင်းလာခဲ့တယ်. ကျမကိုအရင်လိုဂရုမစိုက်တော့ဘူး။ အိမ်လဲမကပ်တော့ဘူး ကျမအိပ်မှပြန်လာတတ်တယ်. တာဝန်ကျတဲ့နေရာက သူပုန်တပ်တွေပတ်လည်ဝိုင်းနေတဲ့ဖာပွန်မှာပါ ခေါင်ပါတယ် အစားအစာလဲရှားတယ် မီးလဲအချိန်နဲ့ပါ့ ဖုန်းလဲမမိပါဘူး လိုင်းသုံးလို့မရဘူး။ အဲ့တုန်းကပေါ့..ကျမနေရတဲ့အိမ်က တောင်ကုန်းပေါ်မှာအိမ်လုံးချင်းလေးတွေ တစ်အိမ်နဲ့တစ်အိမ်ကပ်မနေဘူး. တစ်နေ့နေ့သူပြန်အလာကို အိမ်အကျယ်ကြီးထဲမှာ သရဲအရမ်းကြောက်တတ်တဲ့ကျမ ကလေးလေးကိုဖက်ပီး စာင့်နေခဲ့တယ်။ သူပြန်မလာတဲ့ညတွေဆို ဘယ်လောက်ခြောက်ခြားခဲ့ရလဲကို့ဘာသာကိုအသိဆုံး. ဘတ်ထရီမီးကလဲတဖြေးဖြေးမှိန်မှိန်လာတယ် အပျင်းပြေစရာ သမီးလေးမျက်နှာပဲထိုင်ကြည့်ပီး မိုးလင်းခဲ့ရတယ်။အိမ်မှာအမေက ဘာမှမခိုင်းဘဲ ဘောကြော့နေလာတဲ့ကျမ ခုတော့ဟင်းချက်လဲကျမ အိမ်သန့်ရှင်းရေးလဲကျမ အဝတ်လျှော်လဲကျမ ကလေးထိန်းလဲကျမ ကို့ကိုယ်ကိုတောင် အဲ့လောက်လုပ်နိုင်ခဲ့မယ်မထင်ထားဘူး အိမ်အကူလဲခေါ်လို့မရ ရဲမေဆိုတာလဲ အမြလာမပေးနိုင်ဘူးလေ အရေးထဲက တပ်ကိစ္စကပေါ်လာလို့ပြေးရပီဆို သမီးလေးကို အိမ်မှာဘယ်လိုမှစိတ်မချဘူးသူများနဲ့ထားခဲ့ရတာ အဖေနဲ့ထားခဲ့ရင်ပိုဆိုး တပ်အလုပ်တွေဆိုလဲမလစ်ဟင်းအောင်လုပ်ခဲ့တယ် တပ်မှာလဲနာမည်ဆိုးမရှိအောင်သူ့အတွက်နခဲ့တယ်. အိမ်အလုပ်ရောတပ်အလုပ်ရော ကလေးတစ်ဖက်နဲ့ လူရုပ်တောင်မပေါက်ဘူး ပိန်ပီးမဲလာတယ်ဒါပေမဲ့ပျော်ပါတယ် သူကြောင့်တော့မဟုတ်ဘူး တပ်ထဲမှာ သမီးအရင်းလိုသဘောထားပေးတဲ့အမကြီးနဲ့ ညီအမအရင်းလိုတိုင်ပင်ဖော်တိင်ပင်ဘက် လုပ်ဖော်ကိုင်ဘက် အန်တီကြီးတွေကြောင့် ပျော်ခဲ့ပါတယ် …။

နဂိုကသူအသုံးကြမ်းတာပဲရှိတာပါ. နောက်တော့ ပေးရမယ်တဲ့ ဆပ်ရမယ်တဲ့ သိန်းဘယ်နှစ်ဆယ်ဆိုပီး. ကို့ယောက်ျားရာထူးမထိခိုက်အောင် ရှိသမျှအကုန်ထုတ်ပေးခဲ့တယ်. နောက်ပိုင်းမော်လမြိုင်ကိုရုံးကတစ်ရက်လွှတ်ရင် သူကသုံးလေးရက်ကြာပီး သုံးသိန်းလောက်ဖြုန်းလာခဲ့တယ်.သူဠေးသုံးခွေးသုံးသုံးတာ ကိုင်သမျှBrandedတွေ ကြီးပဲ …။သူ့အချိုးတွေပိုပိုဆိုးလာတယ်မိန်းမနဲ့ကလေးကိုလုံးဝဂရုမစိုက်ဘူးကျမမှာညနေရုံးဆင်းချိန်ရောက်လို့ ပျော်ရွှင်နေတဲ့မိသားစုကိုကြည့်ပီး ကြိတ်ပီးမျက်ရည်ကျရတယ် အားကျခဲ့ရတယ်အလုပ်ရှုပ်နေလို့ဆိုတဲ့အကြောင်းပြချက်တစ်ခုထဲနဲ့ သူထင်ရာစိုင်းနေခဲ့တယ်မှောင်မဲနေတဲ့အိမ်အိုကြီးထဲမှာ ကလေးနှစ်ယောက်နဲ့ကျမကို တစ်ယောက်ယောက်ကတစ်ခုခုလုပ်သွားမှာ သူမစိုးရိမ်ဘူး …။

အချိုးပြင်လဲခဏပဲကလေးနှစ်ယောက်မွေးပီးထဲက ပိုဆိုးလာတာပါ။ အိမ်ကိုလုံးဝမကပ်တော့ဘူး ကားတွေဆိုင်ကယ်တွေဝယ်တယ်။ လဲတယ် လုပ်ချင်းတိုင်းလုပ်တယ်ပိုက်ဆံပေးစရာအကြွေးတွေရှိတယ် လဲဆိုတော့ ရှိသမျှအကုန်ထုတ်ပေးတယ် မိဘဆင်သမျှ အကုန်ပေါင်နှံပီးပေးခဲ့တယ် …။ကျမကိုယ်ပေါ်ကအနည်းကျဉ်းလောက်ပဲရှိတော့တယ် ကျမသူ့လစာတစ်ခုထဲစုတာမဟုတ်ပါဘူး အိမ်ကအထည်တွေယူတယ် လဆိုင်းနဲ့ပေးတယ် ကျမစုထားသမျှအကုန်သူဖြုနးပစ်တယ် ဘာတွေဒီလောက်ဆယ်နဲ့ချီကုန်လဲမသိပါဘူး တစ်ခါတစ်လေMlmကိုရောက်သွားတယ် အဆက်အသွယ်လဲမလုပ်ဘူး …။မိန်းမကိစ္စလားပထမကိုယ်ဝန်ဆောင်နေတုန်းကတော့မိတယ်သူတောင်းပန်တယ် ထပ်မလုပ်ဘူးတဲ့ပြောတာပါပဲ လိုင်းမိတော့ သူလိုင်းပေါ်မှာပလူပျံနေတာပဲထားတာတွေ ကျမနဲ့ကျတော့ မေးတခွန်းပြောတခွန်းတဖြေးဖြေးကျမလုံးပါးပါးလာတယ်။ ရှိသမျှလဲအကုန်ကုန်ပီ။ တစ်နေကုန်အိမ်မကပ်ဘူး ကျမအိပ်တဲ့အချိန်ရောက်လာပီး အိမ်ရှေ့ ကဆိုဖာမှာလိုင်းသုံးရင်းသူအိပ်တယ် ကျမအပေါ်လုံးဝဥပက္ခေပြုခဲ့တယ်တစ်နေ့ကျမသည်းမခံနိုင်တဲ့အဆုံး ကလေးလက်ဆွဲပီး မိဘအိမ်ကိုအလည်သွားခဲ့တယ်။ သူလိုက်လာချော့မယ်မျှော်လင့်ထားခဲ့တယ် တတ်တတ်စင်အောင်လွှဲတာပဲရောက်ခါစက ကျမဘက်က ကွာမယ်ပြောတော့ သူက ငါသေမှကွာမယ်ဆို ခုတော့ အဲ့မိန်းကလေးကညို့အား အရမ်းကောင်းနေလို့လား အတင်းလာပီး အမြန်ကွာရအောင် ဖောက်ပြန်နေတာသိတယ် …။ဟိုးအရင်ထဲက အပျော်ပဲဆိုပီးထားထားတာ ခုတစ်ယောက်ကိုကျအတည်လား. မဆိုးပါဘူးရွေးတတ်တယ် ချစ်စရာလေး.သူကထားရင် အလန်းတွေပဲထားတတ်တာလေ.အဲ့မိန်းကလေးအတွက်တော့စိတ်မကောင်းပါဘူး …။သူမများကျမAccကိုခိုးကြည့်ခဲ့ရင် ဒီစာကိုတွေ့မှာပါအစ်မ အပင်ပန်းခံဒုက္ခခံပီးပါရမီဖြည့်ပေးခဲ့တဲ့ ဗိုလ်မှူးဖြစ်တော့မယ့် ယောက်ျားတစ်ယောက်ကို မင်းပိုင်ဆိုင်ရတော့မယ်အတွက် Congratulationsပါညီမလေး …။ပခုံးပေါ်ကအပွင့်ပဲမင်းပိုင်ဆိုင်ရမှာမဟုတ်ဘူး အစ်မရဲ့ဝဋ်ကြွေးကိုပါ မင်းပိုင်ဆိုင်ရမှာ

အစ်မတိုင်ရင် ထောင်ကျပီးပြုတ်တယ်သိလား.အော် သူအစ်မအပေါ်ကောင်းခဲ့တာတွေလဲရှိတာပဲဆိုပြီး ထားလိုက်တာ. အစ်မရဲ့ဝဋ်ကြွေးကိုလွှဲပြောင်းပေးခဲ့တယ်နော်. ဗိုလ်မှူးဆိုတဲ့ဂုဏ်ကိုလဲအစ်မမက်ဘူး. သမီးလေးမွေးထားကိုမှမထောက်လုပ်ရက်တာပဲအံ့သြယ်. မင်းတို့ပျော်ရွှင်နေတာမြင်ရလဲအထင်ကြီးမိမှာမဟုတ်ဘူး. အတွင်းမှာဘယ်တွေဖြစ်နေမလဲသိနေတာမို့. မကြာပါဘူး…ဝဋ်မလိုက်ပါစေနဲ့လို့ဆုတောင်းပေးတယ်ညီမလေးဒါတောင်ကွာရှင်းတော့ ကလေးစရိတ်ကိုလုံးဝမပေးချင်ဘူး နှမသားချင်းမစာမနာ.ကျမအိမ်ပြန်သွားလို့ စိတ်လေပီးဖောက်ပြန်တာလို့ပြောတဲ့ယောက္ခမကိုလဲအံ့သြတယ်.အရင်ထဲကဖောက်ပြန်နေတာသိရဲ့သားနဲ့ သားသမီးချင်းကိုယ်ချင်းမစာဘူး ခုထိသူ့သားဘက်ကမှားပါတယ်တစ်ခွန်းမပြောဘူးသူက ပထမကလေးမမွေးခင်ထဲက ဖောက်ပြန်တာ …။ဘာပဲဖြစ်ဖြစ် ကွာရှင်းလိုက်ပြီးတဲ့နောက် ကျမပျော်နေတယ် လွတ်လပ်သွားပီလေ …။ကျမရဲ့ငယ်ရွယ်ပျိုမြစ်ခြင်းတွေကို ဒုက္ခတောမှာစတေးလိုက်ရတာ ကျမရဲ့ဝဋ်ကြွေးလို့သတ်မှတ်ပါတယ် ကျေလောက်ပီထင်ပါတယ် …။ကလေးနှစ်ယောက်ရဲ့မုန့်ဖိုးလောက်ပဲတောင်းထားတယ်. ကျန်တာကျမရှာကြွေးမယ်. ကျမကြိုးစားမယ်. ကျမကလေးတွေကို ကျမလိုမဖြစ်အောင် သေချာပြုစုပျိုးထောင်ပီး လင်ကောင်းသားကောင်းနဲ့ပေးစားမယ်. ကျမကို အားပေးကြတဲ့ စိတ်ပူပေးတဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုအကုန် ကျေးဇူးတင်ပါတယ် ခုလိုအရေးကြုံတော့ မိတ်ဆွေအစစ်တွေပေါလာတာ အဆိုးထဲကအကောင်းပဲ …။ဝမ်းနည်းနေမယ်လဲမထင်ပါနဲ့ ကျမပျော်နေပါတယ် …။ကျမအတွက်အမေမျက်ရည်ကျတာတစ်ခုပဲ ကျမဝမ်းနည်းတယ် ။နောက်ဆိုမျက်ရည်မကျအောင်ထားပါ့မယ်အမေ …။ကျမအခုအရမ်း အဆင်ပြေနေပါတယ်

Credit-ယဉ် ခိုင်(သဲ သဲ)