ပ ရိသတ်ကြီးရေ အဆိုတော်အောင်ရင်ကတော့ တစ်ခေတ်တစ်ခါကအောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော်ကြီးတစ်ဦးပါပဲနော်။ မိသားစုလိုက်အင်္ဂလန်မှာနေလိုက် သားဖြစ်သူမိုးအောင်ရင်ရှိတဲ့ မြန်မာပြည်ပြန်လာလိုက်နဲ့ တစ်လှည့်စီနေထိုင်သူပ ဖြစ်ပါတယ်။ မြန်မာပြည်ပြန်လာချိန်မှာလည်း အနုပညာအလုပ်တွေကိုအချိန်ရရင်ရသလို ပြုလုပ်တတ်ပါသေးတယ်။

ယ ခုဆိုရင် Covid19 (Corona)ဗိုင်းရပ်စ်ရောဂါဟာ နိုင်ငံတော်တော်များများမှာ ဖြစ်ပွားနေပြီး အင်္ဂလန်မှာနေထိုင်နေတဲ့ အဆိုတော်အေင်ရင်ပါဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အနုပညာရှင်တော်တော်များများစိတ်မကောင်းဖြစ်ကြောင်းစာများရေးကာ အမြန်ဆုံးပျောက်ကင်းဖို့ ဆုတောင်ပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဒီနေ့မနက်မှာတော့ အောင်ရင်ဟာ သူ့ရဲ့ကွန်ရက်စာမျက်နှာကနေ ” ကိုဗစ်လား ငဗစ်လားမသိပါဘူး။ကျနော်နေမကောင်းတော့ ဘိလပ်ကသူငယ်ချင်းဆရာဝန်က Covid 19 ကူးစက်ခံရတဲ့ လက္ခဏာပြနေတယ်ပြောပါတယ်။အင်္ဂလန်မှာ ဒီလက္ခဏာပြပေမဲ့အိမ်မှာပဲနေရတယ် Test လုပ်မှသာလျှင် Positive လား။Negative လားသိနိုင်ပါမယ်။ ဒီမှာက ဆေးရုံတက်ရတဲ့သူပဲ Test လုပ်ပေးပါတယ်။ဘာပဲဖြစ်ဖြစ် ကျနော်နေကောင်းပါပြီ။ဆုတောင်းမေတ္တာပို့သပေးသူများအားလုံး။ကျေးဇူးတင်ရှိပါတယ် ။ပါရာစီတမော ၂ လုံး ၄ ကြိမ်နဲ့ ၁၂ ရက်မနက်တိုင်း Vitamin C တလုံးသောက်ပါတယ်။ဘိလပ်က ကျနော့်ရဲ့သူငယ်ချင်းဆရာဝန် ၃ ယောက်ဟာလည်းCorona Virus ကြောင့်နေမကောင်းဖြစ်တာအိမ်မှာ ၂ ပါတ် self quarantine လုပ်ပြီးပြန်ကောင်းတာတွေ့ရလို့ အမျိုးတွေကိုလည်းသိပ်ပြီး အကြောက်မလွန်ဖို့ ပြောချင်ပါတယ်ကိုယ်ခံအားကောင်းဖို့သာဂရုစိုက်ကြပါကျနော့်ကိုလည်း ကိုယ်ခံအားကောင်းဖို့ယခုလိုချက်ပြုတ်ကျွေးတဲ့ ဒေါ်မိုးကိုလည်း ကျေးဇူးတင်ပါတယ်ဗျ ” ဆိုတဲ့ စာလေးနဲ့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်လာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အောင်ရင်အတွက် ဝမ်းသာစကားလေးပြောခဲံပါဦးနော်