Cele Gabar ပရိသတ်ကြီးေ ရ မိုးသိုလေး လို့ ချစ်စနိုးခေါ်ရတဲ့ Myanmar Idol ပြိုင်ပွဲဝင်လေး အေးမြဖြူကို အားလုံးချစ်ကြမယ်ထင်ပါတယ်နော် ..။ ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာ ပါရမီပါတဲ့ မိုးသိုလေးကတော့ ဆိုကရေးတီးမှာလည်း ဆုတွေရခဲ့သလို ကလေးသရုပ်ဆောင်အဖြစ်လည်း ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ သူလေးပါ ။ မြန်မာအိုင်ဒေါလ်ပြိုင်ပွဲအပြီးမှာတော့ မိုးသိုလေးကို ဝန်းရံအားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေအများအပြား ရှိခဲ့ပြီး အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုရိုက်ကူးဖို့တောင် လက်ခံထားပြီလို့သိရပါတယ် ။

Myanmar Idol ပြိုင်ပွဲဝင်တွေထဲမှာ အငယ်ဆုံးလေးဖြစ်တဲ့ မိုးသိုကို ပြိုင်ပွဲဝင်ညီအစ်ကိုမောင်နှမတွေနဲ့ ပရိသတ်တွေက ချစ်စနိုးနဲ့ စနောက်လေ့ရှိကြပါတယ် ။ ဒီတစ်ခါမှာတော့ မိုးသိုလေးကို နဖူးပြောင်လို့ လေယာဉ်ကွင်းလို့ စနေကြတဲ့သူတွေကို မိုးသိုက အခုလိုတုန့်ပြန်လာခဲ့ပါတယ် ။ ဘာလေယာဉ်ကွင်းလဲ မဟာနဖူးလို့ခေါ်တယ် မှတ်ထားကြဆိုတဲ့စာသားလေးကို သူမရဲ့ မိုင်ဒေးမှာရေးသားခဲ့တာဖြစ်ပါတယ် ။

မိုးသိုလေးကို စနောက်နေကြတဲ့ ပရိသတ်ကြီးကတော့ သူမရဲ့ ချစ်စဖွယ်အရေးသားလေးကြောင့် အသည်းယားနေကြမှာအမှန်ပါပဲ ။ မဟာနဖူးလေးနဲ့ မိုးသိုလေးကို ချစ်ကြတဲ့ ပရိသတ်ကြီးကတော့ ဘယ်လိုပဲဖြစ်ဖြစ် ချစ်ပါတယ်လို့ မှတ်ချက်တွေပေးနေကြပြီး သူမရဲ့ချစ်စဖွယ်တုန့်ပြန်မှုလေးကို အချစ်ပိုနေကြပါတယ်ပရိသတ်ကြီးရေ ..။

Source : Aye Mya Phyu
Emily (Cele Gabar)