ကို ရိုနာ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ကို ကြိုတင်ကာကွယ်နိုင်ရန် အတွက် ပြည်၊ ပေါက်ခေါင်းနှင့် သဲကုန်းမြို့ ရှိ လဝက ရုံး များနှင့် ပေါက်ခေါင်း မြို့  မြို့နယ် အုပ်ချုပ် ရေးမှူး ရုံးကို ဧပြီ လ (၃) ရက်က စတင်ကာ ပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရုံးများမှ ဝန်ထမ်းများ ကို facility quarantine ( ရိက္ခာနှင့် လိုအပ်သည်များအပြည့်အစုံ ထောက်ပံ့ကာ သီးသန့် ခွဲထားခြင်း ) ထားရှိ မည်ဖြစ်ကြောင်း ပဲခူး တိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်း အား အရင်း အမြစ် ဝန်ကြီးဌာန ဝန်ကြီး ၊ ပဲခူးတိုင်း COVID -19 ကာကွယ်ရေး ကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဦးက ဧပြီ ၂ ရက်တွင် ပြောသည်။

ကိုရိုနာ ဗိုင်းရပ်စ် အတည်ပြုလူနာ နံပါတ် ၁၇ သည် ပေါက်ခေါင်းမြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဖြစ်ပြီး မတ် ၂၈ ရက်နှင့် ၂၉ ရက်က Covid -19 ရောဂါ ကာ ကွယ်ရေး အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ယင်းအစည်းအဝေး သို့ လဝက ဦးစီးမှူး ၊ လွှတ်တော်အမတ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စည်ပင် သာယာရေးကော် မတီ ဝင်များ စုစုပေါင်း ၂၀ တက်ရောက်ခဲ့ကြသဖြင့် အထက်ပါအတိုင်း စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

̎ မြို့နယ် လဝကမှူး က အစည်းအဝေးတက်တော့ သူ့ (လူနာနံပါတ် ၁၇) အနားနီးတယ်။ မြို့နယ်လဝကမှူးက ပေါက်ခေါင်းနဲ့ သဲကုန်းကို တွဲကိုင်ရတယ်။ အဲ ဒါကြောင့် ပေါက်ခေါင်း သဲကုန်း လဝ က ရုံးကို ပိတ်မယ်။ ပြည်ရုံး လဝက ဦးစီးမှူးနဲ့ အစည်းအဝေး တက်ခဲ့တဲ့ လဝက ဦးစီးမှူးက ကားအတူတူစီးတယ်။ အဲ ဒါကြောင့် ရုံးတွေ အကုန် ပိတ်မယ်။ အစောင့်လောက်ပဲ ထားမယ် ̎ ဟု ဦးထွန်းထွန်းဦးက ပြောသည်။

လူ နာ နံပါတ် ၁၇ နှင့် အစည်းအဝေး အတူတက်ခဲ့သည့် လွှတ်တော်အမတ် ၄ ဦး အပါအဝင် ၂၀ ဦးကို ကျောင်းတစ်ကျောင်းတွင် facility quarantine ( ရိ က္ခာနှင့် လိုအပ်သည်များအပြည့်အစုံ ထောက်ပံ့ကာ သီးသန့် ခွဲထားခြင်း ) ပြုလုပ်မည်ဖြစ်ပြီး ယင်း ၂၀ ဦး၏ မိသားစုဝင်များအား home quarantine ထားရှိ မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

̎ အစည်းအဝေး မှာ တစ်ယောက်နဲ့တစ်ယောက် ၃ ပေ စီ ခွာနေခဲ့ကြပါတယ်။ ဒီဖြစ်ရပ် သတင်းတွေ ကြားတဲ့အချိန်မှာလည်း အစည်းအဝေးတက်သူတွေ အား လုံး အိမ်မှာပဲ self quarantine လုပ်ကြပါတယ်။ အခုထိတော့ အပူချိန် ပုံမှန်ပါပဲ ။ ရောဂါပိုး တွေ့ရှိခဲ့တဲ့ သူကလည်း အစည်းအဝေးတုန်းက နှာခေါင်းစည်း တပ် ထားပါတယ် ̎ ဟု ယင်းအစည်းအဝေးကို တက်ရောက်ခဲ့သည့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ချစ်ကပြောသည်။

facility quarantine ထားရှိမည့်နေရာ များအတွက် သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးများအား စီစဉ်ထားပြီးဖြစ်ကာ လူဦးရေနှင့် ထားရှိမည့် နေရာ အတိအကျကို မတ် (၃) ရက် မနက်တွင် သိရှိရမည် ဖြစ်သည်ဟု ဦးထွန်းထွန်းဦးက ဆိုသည်။

လူနာ နံပါတ် ၁၉ သည် လူနာ နံပါတ် ၁၅ ၏ အမျိုးသားဖြစ်ပြီး ရန်ကုန်တွင် လူနာနံပါတ် ၁၅ နှင့် အတူနေထိုင်သည့် ကလေးများကို နယ်မှ သွားရောက် ခေါ်ဆောင်ရာမှ ကလေးများပါ ရောဂါပိုး ကူးစက်ခံခဲ့ရသည်။

crd:The myanmar Time