COVID 19 ရော ဂါ ကာကွယ်ဆေးထုတ်မည့် ဒေါက်တာ အောင်မြင့်နှင့် ဆေးသုတေသန ညွှန်ချုပ်အပါအ၀င် ဆေးထုတ်လုပ်သူ ပညာရှင်အဖွဲ့ ရန်ကုန်မြို့တွင် ဧပြီ ၂ ရက်က တွေ့ဆုံခဲ့ကြောင်း ဒေါက်တာအောင်မြင့်၏ တပည့်ဖြစ်သူ ဒေါက်တာ သန်းဇော်ဦးက ပြောသည်။ ဧပြီ ၂ရက်က အကုန်သိ သတင်းဌာနမှ ဆက်သွယ်မေးမြန်းရာတွင် ဒေါက်တာအောင်မြင့်၏ တပည့်ဖြစ်သူ ဒေါက်တာ သန်းဇော် ဦးက အတည်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဆရာနဲ့ ဆေးသုတေသနက ညွှန်ချုပ်အပါအ၀င် ဆေးထုတ်လုပ်တဲ့ အတွေ့အကြုံရှိတဲ့ ပညာရှင်တွေနဲ့ ဒီကနေ့ဧပြီ ၂ ရက်က ရန် ကုန်မှာ နေ့လယ် ၁ နာရီက တွေ့ပါတယ်။ အဲဒီမှာ ဆေးထုတ်လုပ်ဖို့ သုတေသနလုပ်ဖို့ အချိန်ဇယားတွေကို တိုင်ပင် ဆွေးနွေး ကြ တယ်။ ဆေးထုတ်ဖို့က ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမြင့်ထွေးကို ဆက်လက်တင်ပြမယ်လို့ ဆိုတယ်။ တနင်္လာနေ့ အကြောင်း ပြန်မယ်လို့ သိရပါတယ်”ဟု ၄င်းက ပြောသည်။

ဒေါက်တာအောင်မြင့်သည် တိရိစ္ဆာန်ဆေးကု ဆရာဝန်တစ်ဦးဖြစ်ပြီး ၂၀၀၀ ခုနှစ် ၀န်းကျင်တွင် ကြက်များတွင် ဖြစ်ပွားသော ဗိုင်း ရပ်စ်အား တိုက်ထုတ်နိုင်သည့် ကာကွယ်ဆေးကို ထုတ်လုပ်အောင်မြင်ခဲ့သော ဆရာဝန်တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

“ ဆရာက ၂၀၀၀ ခုနှစ် ၀န်းကျင်တုန်းက ကြက်တွေအများဆုံး သေဆုံးတဲ့ ရောဂါကို ဆေးထုတ်လုပ်ပြီး အောင်မြင်ခဲ့ဘူးတယ်။ ဥပမာ သိန်းနဲ့ချီတဲ့ ကြက်ခြံက အသေအများဆုံး ဖြစ်နေတဲ့အခါမှာ အဲဒီသေတဲ့ ကြက်ကနေနမူနာ ပုံစံယူပြီးတော့မှ အဲဒီကောင် ကို ပျိုးပြီးတော့ ဆေးထုတ်တာ။ ဆိုပါစို့ အခုရောဂါဖြစ်နေတာလည်း တခြားနိုင်ငံက ကာကွယ်ဆေးကို ကျွန်တော်တို့ နိုင်ငံက ယူ သုံးဖို့ အဆင်မပြေဘူး။ ရောဂါဖြစ်နေတဲ့ ဒေသက နေပြီးတော့မှ သတ္တ၀ါရဲ့ သစ်သျူး ဒါမှမဟုတ် သွေးနမူနာကိုယူပြီးတော့မှ ပိုး အမျိုးအစားကို အသုံးချပြီးတော့မှ ဘက်တီးရီယားနဲ့ ပုံစံယူပြီးတော့မှ ထုတ်တာ။ အဲဒီဟာက ဘာဖြစ်လည်းဆိုတော့ အဲဒီဒေသ အတွက်ကို အနာနဲ့ ဆေးတွေ့တဲ့ သဘောပေါ့။ ဒါပေမဲ့ ဒါဟာ ကုသဆေးမဟုတ်ဘူး။ ကာကွယ်ဆေးပေါ့။ အခုက ဒီအလုပ်ကို ဆရာက လုပ်နိုင်မယ်လို့ ကျွန်တော်တို့ကတော့ ယုံကြည်တယ်”ဟု ဒေါက်တာဝင်းစိုးဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ဧပြီ ၂ ရက်အထိ COVID 19 ရောဂါပိုး တွေ့ရှိသူ ၁၆ ဦးရှိပြီး ၄င်းတို့ထဲမှ လူနာအမှတ် ၅ ကင်ဆာရောဂါ ဝေဒ နာရှိသူမှာ မတ်လ ၃၁ ရက် မနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ၀ူဟန်မြို့မှ စတင်ဖြစ်ပွားသော ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါသည် နိုင်ငံပေါင်း ၂၀၀ ကျော်သို့ ကူးစက်ပျံ့နှံ့ခဲ့ပြီး ရောဂါပိုးကူးစက်သူ ၉ သိန်းကျော်နှင့် ကူးစက်လူနာ ၅ သောင်းဝန်ကျင် ရှိနေပြီး ဖြစ်ကြောင်း သိရ သည်။

အကုန်သိ