မြန် မာနိုင်ငံအတွင်း COVID-19 ပထမဆုံး ကူးစက်ခံရသူ ချင်းအမျိုးသားလူနာနဲ့ နေပြည်တော်ရှိ ဆွစ်ဇာလန်အမျိုးသမီးလူနာတို့ရဲ့ ကျန်းမာရေးအခြေအနေဟာ အလွန်ကောင်းမွန်လျက်ရှိနေပြီး ဆေးရုံကဆင်းရဖို့ နီးစပ်နေပြီလို့ COVID-19 နဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနေသွေးက Facebook မှာ ရေးသားခဲ့ပါတယ်။

မြန်မာနိုင်ငံ၏ ပထမဆုံး COVID လူနာ ချင်းအမျိုးသားနှင့် Case 7 နေပြည်တော်ရှိ ဆွစ်ဇာလန်သူတို့၏ အခြေအနေသည် အထူးကောင်းမွန်လျက်ရှိနေပီး သတ်မှတ်ရက်အထိ ပြုစုကုသပေးမည်ဖြစ်ကာ တဖန် ထပ်မံဓာတ်ခွဲစစ်ဆေးရာတွင် COVID-19 ပိုး မတွေ့ရှိရပါက ဆေးရုံမှ ဆင်းပေးနိုင်မည်ဖြစ်သည်ဟု သိရသည်။ ထိုသို့ ဖြစ်လာပါက မြန်မာ့ဆေးပညာရှင်များသည် COVID လူနာ ၂ဦးကို ပျောက်ကင်းအောင် စတင်ကုသပေးနိုင်ပြီဟု သတ်မှတ်ရတော့မည်ဖြစ်သည်။ မကြာမီ လူနာများစွာကိုလဲ ပျောက်ကင်းအောင် ကုသပေးနိုင်မည်ဟု မျှော်လင့်ပါသည်။ မြန်မာ့ဆေးပညာလောကအတွက် ဂုဏ်ယူစရာဖြစ်လာမည်ဖြစ်သည်”လို့ ဒေါက်တာနေသွေးက ဆိုခဲ့တာပါ။

လက်ရှိမှာတော့ မြန်မာနိုင်ငံအတွင်း COVID-19 အတည်ပြုလူနာ အယောက် (၂၀) အထိ ရှိနေတာပါ။

မိုမိုလေး