ဒီေ န့ နံနက်ပိုင်းက ကျွန်တော်တို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာန ကို

ကလေးတစ်ဦး အထုပ်တစ်ထုပ် ပစ်ချပြီး

ချက်ချင်းဆိုသလို ထွက်ပြေးသွားတာမြင်လိုက်ရတယ်

ဒါနဲ့ပဲကျွန်တော်တို့ တာဝန်ကျ ဆေးလူမှု ညီမတစ်ဦးက

အမြန်ပြေးကြည့်တော့

ကျွန်တော့်ရင်ထဲထိ စူးနစ်သွားစေခဲ့တယ် အဲဒါကတော့…

စာထဲမှာရေးထားတာလေးက

Doctor ရေ ဒီ H g လေးတွေက သားတို့ သူငယ်ချင်းတွေ မုန့်ဖိုးလေးတွေစုပြီးလှူတာပါ။ နောက်ပြီးတော့ Doctor တိုလဲကျန်းမာရေးဂရုစိုက်ကြပါနော်..

c 0 v i d 19 ရောဂါပျောက်ကင်းနိုင်ဖို့ကို တို့ကိုပဲ အားကိုးနေရတာပါ။ ဒီကပ်ရောဂါကြီးလဲ အမြန်ဆုံးပြီးဆုံးပါစေလို့လဲ ဆုတောင်းပေးလိုက်ပါတယ်

ံH G လေးတွေကတော့ ကောင်းမကောင်းမသိပေမယ့် သားတို့လဲတက်နိုင်သလောက်ပါဝင်ချင်လို့ပါ

Doctorတို့ အားလုံးဘေးကင်းပါစေ