မေ တ္တာ ရပ်ခံလွှာ..

ကျနော်တို့ သူငယ်ချင်းတွေ Seniors တွေ Juniors တွေ Front line မှာ လူနာအတွက် ပြင်ဆင်ထားပုံလေးကို
သိအောင်အရင်ပြောပါရစေခမျာ…. အကယ်၍ Covid 19 နဲ့ ရောဂါလက္ခဏာ ဆင်တူတဲ့ လူနာ လာခဲ့ ရင်….emergency dpt မှာ.. Full PPE နဲ့ စမ်းပါတယ်….ခရီးသွား ရာဇဝင်ပါပေးခဲ့ရင်…Contact နည်းသွားအောင် လူနာကိုIsolation Ward ထဲ ပို့ပါတယ် ခမျာ..

Isolation Ward ထဲ ပို့ရတဲ့ ရည်ရွယ်ချက်က…အခြားသော လူနာများကို မကူးနိုင်အောင်ရယ် ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက်ပါ…. မနေ့က လူနာဟာ…ရောဂါလက္ခဏာ ပုံစံတူပါတယ်..ဒါပေမယ့် ခရီးသွား ရာဇဝင် မေးလို့ လုံးဝမရခဲ့ပါဘူး…..လှည့်ပတ်မေးပါတယ်….မရှိပါဘူးငြင်းခဲ့ပါတယ်….လာပို့တဲ့ သားဖြစ်သူဟာ….ဒူဘိုင်းက ပြန်လာတယ်ဆိုတဲ့ခရီးသွား ရာဇဝင်ကို…
အရေးပေါ်ကို ကျော်ပြီး….ဆေးကုသဆောင် ရောက်မှ ထုတ်ပြောပါတယ်…သူ့ဆီက ကူးတာလား Local Transmission လား မသိနိုင်ပေမယ့်….အကယ်၍ ခရီးသွား ရာဇဝင် သိခဲ့ရင် ထိနိုင်တဲ့ ပမာဏ ပိုနည်းအောင် ကိုင်တွယ်နိုင်ပါလိမ့်မယ်…..

ဘာရည်ရွယ်ချက် နဲ့ မပြောလဲ မသိပေမယ့်…ဖြစ်ပြီးသွားတာတွေ အတွက် စိတ်မကောင်းပါဘူး..ဘာတွေ ပေးဆပ်လိုက်ရလဲဆိုတော့….Front Liners တွေ ထဲက…EM တစ်ခုတည်းကပဲ SAS 1 PG 1 Nurse 3 (EM nurse) X.ray 1
Worker 1 မနက်ဖြန် မနက် Swab ယူပါမယ်… Q 14 ရက် ထိပါမယ်.. (သက်ြန်ပိတ်ရက်မှာပါ မိသားစုနဲ့ နေခွင့်ဆုံးရှုံးသွားရပါတယ်…)

အဲ့ထက်ဆိုးတာက…EM သာ အဲ့လို ထိနေရင်…. ပြိုပါလိမ့်မယ်…. ဖြစ်ပြီး သွားတာတွေ အတွက်… ကျနော်တို့ ဘာမှ ပြန်လုပ်လို့ မရပါဘူး…. ကျနော်တို့ ​မေတ္တာ ရပ်ခံတာပါခမျာ… ကျနော်တို့ သူငယ်ချင်းတွေ အစ်ကိုအစ်မ ညီ ညီမ တွေ အတွက်ရော… ပြည်သူပြည်သား အားလုံးအတွက်ပါ…ခရီးသွားရာဇဝင်လေး အမှန်အတိုင်းပြောပေးကြပါ ပြည်ပ က ပြန်လာလို့ နေမကောင်းရင် ကြိတ်မကုကြပါနဲ့…. သေချာလေး ကုပေးမှာပါ….. သေချာလေး ပြောပေးကြပါ…. ဝိုင်းဝန်းကူညီပေးကြပါ ခမျာ…
မေတ္တာ ရပ်ခံတာပါ…

ချစ်ခြင်းများစွာဖြင့်
လေးစားစွာဖြင့် ခရစ်ဒက် ……မောင်စီ

(လူနာအ​ကြောင်းကို ဖွငိ့ဆိုအပ်သည်မှ လွဲ၍ ဆိုတဲ့ Ethics နဲ့ နည်းနည်းငြိနေပေမယ့် တစ်တိုင်းပြည်လုံး အရေးမို့ ရေးလိုက်ပါတယ် ဆရာဆရာမတို့ ခွင့်လွှတ်ပေးကြပါ..)