တနင်္ဂနြေ

ဒီကာလအတွင်းစီးပွားဝင်ငွေများ အနည်းငယ်ညံ့နေမည်။

ဝန်ထမ်းများ လက်ရှိအလုပ်အကိုင်နှင့် ပက်သက်၍ အကြံအစည်နှစ်မျိုး၊ ဆုံးဖြတ်ချက်နှစ်မျိုး ဖြစ်နေတတ်ပါတယ်။

တိကျသော ဆုံးဖြတ်ချက်ချရန် ခဲယဉ်းနေပါလိမ့်မည်။

ငယ်ရွယ်သူများ လူချစ်လူခင်ပေါများ၍ သွားလေရာမျက်နှာပွင့်လမ်းနေလိမ့်မည်။

ချစ်ခွင့်တောင်းခံသူ ပေါများနေလိမ့်မည်။

ငွေကြေးအပေးအယူကိစ္စတွင် ကြုံတွေ့ရသော အနှောက်အယှက်များ ကိုဖယ်ရှားနိုင်မည်။

မတော်တဆ အန္တရာယ်သတိရှိရမည်။ အတွေ့အကြုံဆန်းများ ရရှိမည်။

ကျန်းမာရေးနှင့်ပတ်သက်၍ လေဖြန်းတတ် ခြင်း၊ ခန္ဓာကိုယ် လေးလံထိုင်းမှိုင်းတတ်ခြင်း၊ လေးဖက်နာကဲ့သို့ ခံစားရခြင်းများရှိမည်။

အတတ်နိုင်ဆုံး အနေအထိုင် အစားအသောက်ဆင်ခြင်ပြီး နေသင့်ပါတယ်။

ပတ်ဝန်းကျင်၏ မနာလိုခြင်း၊ အမုန်းပွားခြင်း၊ အတိုက်အခံပြုခြင်း များလည်းရှိနေမည်။

အရေးကြီးကိစ္စများအတွက် တနင်္လာသားသမီးတို့နှင့်တိုင်ပင်ခြင်း၊တနင်္လာနေ့များတွင် အကောင် အထည်ဖေါ်ခြင်းများ ပြုလုပ်ပါ။

နိုင်ငံခြားခရီး သွားရန် ရည်ရွယ်ထားခြင်းများရှိပါက မိမိဆန္ဒများ ပြည့်ဝ လိမ့်မည်။

အထက်လူကြီး၊ဖခင်အကြီးအကဲတို့ရဲ့ ကျန်းမာ ရေးကို ဂရုစိုက်ပေးပါ။

အိမ်ထောင်ရေး အနည်းငယ် ကတောက်ကဆများရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၁/၃/၈

အထူးဟော ကျန်းမာရေးဂရုစိုက်ပေးပါ။

ယတြာ လျှက်ဆား တစ်ထုပ် မိတ်ဆွေတစ်ဦးကိုလက်ဆောင်ပေးလိုက်ပါ။

တနင်္လာ

ယခုကာလအတွင်း ဝန်ထမ်းများ လူနေရာ၊ အလုပ်နေရာ အပြောင်းအလဲ၊ အပြောင်းအရွှေ့များရှိနေမည်။

မမျှော်လင့်ဘဲ ရာထူးတိုးခြင်း၊ လစာတိုးခြင်းများလည်း ရှိနိင်သည်။

လက်ရှိအိုးအိမ်၊ ပြန်လည်ပြင်ဆင်ရခြင်းများ၊ အိုးသစ်၊အိမ်သစ်သို့ ပြောင်းရွှေ့နေထိုင်ရခြင်းများလည်း ရှိမည်။

ငယ်ရွယ်သူဖြစ်ပါက အချစ်ရေးကိစ္စ အဆင် ပြေမည်။

အိမ်ထောင်ပြုရန် အကြောင်းအရင်းများလည်း ပေါ်ပေါက်တတ်သည်။

ကျန်းမာရေးတွင် မကြာခဏ ဆေးရုံ၊ ဆေးခန်းရောက်ရတတ်သည်။

သွားနာ၊ သွားကိုက်ခြင်း၊ ရုတ်တရက် သွေးပေါင် ကျခြင်း၊ မူးလဲခြင်းများ ဖြစ် ပေါ်ခံစားရတတ်သည်။

စီးပွားဝင်ငွေကောင်းနေမည်။

လုပ်ငန်းနှစ်မျိုး၊ သုံးမျိုးတစ်ပြိုင်တည်း လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းကောင်းများ ပေါ်ထွက်လာလိမ့်မည်။

ခြံ၊ ကား၊ အခန်း အလဲအလှယ်ကိစ္စ များတွင် ပြဿနာ ဖြစ်တတ် သည်။

ဝန်းကျင်လောကတွင် မရှိတော့ဟု ယူဆ သက်မှတ်ထားသူနှင့် ပြန်လည်ဆုံ တွေ့မည်။

အရာရာကို အတတ် နိုင်ဆုံး စိတ်အေးအေးထား၍ လုပ်ကိုင်ဆောင်ရွက်သင့်သည်။

အိမ်ထောင်ရှင်ဖြစ်ပါက မမျှော်လင့်ပဲ အချစ်ရေး ကိစ္စများ ပေါ်ပေါက်တတ်သဖြင့် အိမ်ထောင်ဖက်နှင့် အဆင်မပြေမှုများ ရှိတတ်ပါတယ်။

အကျိုးပေးဂဏန်း ၄/၅/၉

အထူးဟော ကံမြင့်မားနေမည်။

ယတြာ လိမ္မော်ရည်တစ်ခွက် ဘုရားကပ်လှူပါ။

အင်္ဂါ

ဤကာလအတွင်း ရင်းနှီးမြှပ်နှံ ထားသော လက်လွန်ထားသောငွေကြေးများ ပြန်လည်ရရှိပြီး အကျိုးအမြတ် များလည်း ခံစားရတတ်မည်။

တောင်အရပ်သို့ ခရီးသွားစရာပေါ်ပေါက်လာပါက မသွားသင့်ပါ။

မဖြစ်မနေသွား ရမည် ဆိုပါက တစ်ယောက်တည်းသွားခြင်းကို ရှောင်ပြီး အဖေါ်တစ်ယောက်နှင့်သွားပါ။

ဝန်ထမ်းဖြစ်ပါက လက် အောက်ငယ်သား များအတွက် ပြဿနာဖြေရှင်းရခြင်း၊ စိတ်ညစ်ရခြင်း၊ ငွေကုန်ကြေးကျများရတတ်ခြင်းများကြုံ တွေ့ရတတ်ပါတယ်။

ယခုကာလအတွင်း စီးပွားရေးလုပ်ငန်းများကို မိမိဆန္ဒရှိသည့်အတိုင်း အကောင်အထည်ဖေါ် လုပ်ကိုင်နိုင်လိမ့်မည်။

ကူညီပံ့ပိုးပေးမည့်သူများ ပေါ်ပေါက်လိမ့်မည်။

ရာဟု၊ သောကြာ သားသမီးတစ်ဦးဦးကို ဆရာ တင်ခြင်း ၎င်းတို့ထံမှ အကြံဉာဏ်တောင်းခံရခြင်းများ ပြုလုပ်သင့်သည်။

အလုပ်မှာအတိုက်အခံအချို့ ရင်ဆိုင်နေရ ပေမယ့်ကံဇာတာမြင့်မားနေတဲ့ကာလမို့အကောင်းဆုံးဖြေရှင်းကျော်ဖြတ်နိုင်မှာပါ။

အိမ်ထောင်ရှင်များ အိမ်ထောင် ရေး သာယာမည်။

အချစ်ရေးနှင့်ပတ်သက်၍ လူပျိုကြီး၊ အပျိုကြီးများ စွံလိမ့်မည်။

ကျန်းမာရေးတွင် မတော်တဆ ထိခိုက်အနာတရဖြစ်တတ်ပြီး သံဆူးခြင်း၊ ချော်လဲခြင်းများ ရှိမည်။

ထီဝါသနာပါသူများထီကံစမ်းသင့်တဲ့ကာလပါ။

အကျိုးပေးဂဏန်း ၃/၅/၆

အထူးဟော စိတ်ချမ်းသာစရာ များနေတတ်ပါတယ်။

ယတြာ လူကြီးမိဘကို သဘက်တစ်ထည်လှူဒါန်းလိုက်ပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်းဝန်ထမ်းများ ဌာနအတွင်း အဆင်မပြေမှုများ ဖြစ်တတ်မည်။

အထက်လူကြီး၊အကြီးအကဲ များ၏ အထင်အမြင်လွဲမှားခြင်း သံသယဖြစ်ခြင်းများ ရှိတတ်မည်။

အိမ်ထောင်ရှင်ဖြစ်ပါက မိသားစုအတွင်း သောကြာသားသမီးများကြောင့် စိတ်သောကရောက်ရမှုများ ပြဿနာဖြေရှင်းရမှုများ ဖြစ်နေမည်။

ကျန်းမာရေးနှင့် ပတ်သက်၍ အဆုတ်အအေးပတ်ခြင်း၊ အသက်ရှုမဝခြင်း၊ နှလုံးအားနည်းခြင်း၊ စသည့်ဝေဒနာများ ခံစားရတတ် သည်။

စီးပွားရေးလုပ်ငန်းတွင် ကြိုးစားသလောက် အောင်မြင်မှု မရတတ်ဘဲ ဖြစ်နေတတ်ပါတယ်။

သင့်အနေဖြင့် အခြေအနေ အချိန်အခါကောင်းကို ခေတ္တစောင့်ဆိုင်းသင့်သည်။

မည်သည့်စီးပွားရေးလုပ်ငန်းမျိုးကို လုပ်ကိုင်သည် ဖြစ်စေ၊ ကြားလူမထားပဲ မိမိကိုယ်တိုင် တိုက်ရိုက်ပြောဆိုဆက်ဆံ ပြောဆိုလုပ်ကိုင်ပါ။

ယခုအချိန်သည် ခရီးထွက် နေရသည်ကများနေ၍ အိမ်တွင်နေရသည့်ရက်က အရမ်းနည်းနေတတ်ပါတယ်။ မေတ္တာသစ်နှင့်ပတ်သက်၍ မှားယွင်းသော ရွေးချယ် ဆုံးဖြတ်ချက်များ ချမှတ်မိမည်။ အမှန်တကယ်ရွေးသင့်သောလူကို ပယ်ရှားမိတတ်မည်။

အကျိုးပေးဂဏန်း ဝ/၁/၇

အထူးဟော ကံအညံ့တွေ ရောပါနေတတ်တဲ့ကာလပါပဲ။

ယတြာ ဒူးရင်းသီး ဘုရားကပ်လှူပေးပါ။

ကြာသပတေး

ယခုကာလအတွင်း အိမ်ထောင်ရှင်ဖြစ်ပါက အိမ်တွင်းရေး အဆင်မပြေဖြစ်တတ်၏။

တစ်ဦးနှင့်တစ်ဦး အထင်အမြင်လွဲမှားမှုများ ဖြစ်တတ်ပါတယ်။

ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင် စာမေးပွဲဖြေဆိုရခြင်း၊ ဌာနဆိုင်ရာ သင်တန်းများ တတ်ရခြင်း၊ ပြည်ပခရီးစဉ်ပေါ်ပေါက်တတ်ခြင်းများ ရှိမည်။

ငယ်ရွယ်သူများ အချစ်ရေးတွင် ရှုပ် ထွေးမှု၊ ရန်ပြဿနာပေါ်ရတတ်မှုများ ရှိနေ၍ အထူးသတိထားသင့်ပါတယ်။

ကျန်းမာရေးနှင့်ပတ်သက်၍ သည်းခြေ ဆိုင်ရာဝေဒနာများ၊ ကျောက်ကပ်ဆိုင်ရာဝေဒနာများ ပြင်းပြင်းထန်ထန်ခံစားရတတ်ပါတယ်။

အစားအသောက် အမျိုးမျိုး ရောင်းဝယ်သူ ဖြစ်ပါက စီးပွားဝင်ငွေအထူးကောင်းလိမ့်မည်။

သို့သော်လုပ်ငန်းအတွင်း အရှုပ်အရှင်း ပြဿနာများ ဖြေရှင်းရတတ်သည်။

လူအပြောင်းအလဲဖြစ်ခြင်း၊ သင့်အိမ် တွင်လည်း လူအဝင်အထွက်များခြင်း၊ စိတ်ရှုပ်ရခြင်းများ ရှိမည်။

သို့သော် ကိစ္စရပ်တိုင်းကို မေတ္တာစိတ်၊ သည်းခံ စိတ်မွေးခြင်းဖြင့် အနိုင်ယူပါ။ မိတ် ဟောင်း၊ ဆွေဟောင်းများ အထောက်အကူများရမည်။

စုပေါင်းလုပ်ငန်း အကျိုးပေးမည်။

အခက်အခဲများ ကျော်လွှား နိုင်မည်။

ဝင်လာသမျှငွေကြေးစုဆောင်းရရှိရန် ခက်ခဲနေလိမ့်မည်။

အသုံးအစွဲလျှော့ချပါ။

ပညာရေးမှာထင်သလောက် တိုး တတ်မှုမရှိဖြစ်တတ်ပါတယ်။

အကျိုးပေးဂဏန်း ၄/၆/၇

အထူးဟော လုပ်ကိုင်ဆောင်ရွက်သမျှ တေ့လွဲလွဲနေတတ်ပါတယ်

ယတြာ အုန်းနို့ကျောက်ကျော ဘုရားကပ်လှူပါ

သောကြာ

ယခုကာလအတွင်း ထီပေါက်နိုင်သော ကာလဖြစ်ပြီး အင်္ဂါသားသမီးများဖြင့် စပ်တူစပ်ဖက် ထီကံစမ်းပေး ပါ။

လူမှုရေးကိစ္စများ ဆောင်ရွက်မှုများပြား၍ မျက်နှာပွင့်လန်းသောကာလဖြစ်သည်။

လုပ်ငန်းရှင်များ ငွေကြေး အကျိုးပေး ကောင်းမွန်သော်လည်း အတိုက်အခံများကြောင့် ပြဿနာများ ဖြေရှင်းနေရမည်။
ပညာသင်ကြားနေသူ များ မိမိ၏ပညာရေးကိစ္စများအတွက် ငွေကြေးသုံးစွဲကုန်ကျမှုများနေရတတ်ပါတယ်။

အိမ်ထောင်ရှင်များ ငွေကြေး၊ စီးပွားဥစ္စာတိုးတတ်နေချိန်ဖြစ်၍ အိမ်ထောင်ရေးအဆင်ပြေသော်လည်း မျက်နှာပွင့်လန်းမှုကြောင့် စိတ်အနှောက် အယှက်များ ကြုံမည်။

ချစ်သူများ ငွေကြေးကိစ္စနဲ့ပက်သက်ပြီးချစ်သူနဲ့စကားများရတတ်ပါတယ်။

ကံဇာတာဆက် လက်မြင့် မားတိုးတတ်မည်။

လုပ်ငန်းတွင် တွေးခေါ်ယူဆချက်များ တည့်မတ်မှန်ကန်နေသည့်အတွက် အခွင့်အရေး ကောင်း များရရှိမည်။

အတိုက်အခံများ ဖြတ်ကျော်ရသော်လည်း အောင်မြင်မှုမျာ ဆွတ်ခူးရယူခွင့်ရှိနေသည်။

နိုင်ငံ ခြား ငွေ ကြေးအကျိုးအမြတ်များ ရရှိနိုင်ပါတယ်။

လူမှုရေးကိစ္စရပ်တစ်ခုတွင် စေတနာထားပြီး ကူညီထားပါလျှက် သင့် စေတနာကို စော်ကားခံရခြင်းကြောင့် ဒေါသထွက် စိတ်ထိခိုက်စရာဖြစ်မည်။

အကျိုးပေးဂဏန်း ၁/၂/၆

အထူးဟော အလုပ်စီးပွားတိုးတတ်အောင်မြင်မည်။

ယတြာ အကြော်စုံဘုရားကပ်ပေးပါ။

စေန

ဒီကာလအတွင်းစိတ်ဆိုးဒေါသထွက်နေမှုများ လွှမ်းမိုးနေချိန်ဖြစ်သော ကြောင့် ဘာသာရေးပိုင်း အလေးထား ဆောင်ရွက်သင့်သည်။

လုပ်ငန်းရှင်များ ငွေကြေး၊ ကြွေးမြီးကိစ္စများအတွက် သောကများရမည်။

ပညာသင်ကြားနေ သူများ ကြိုးစားအားထုတ်မှု အားကောင်းသော်လည်း လွဲချော်နေမည်။

အိမ်ထောင်ရှင်များ ဆွေမျိုးသားချင်းကိစ္စများ အတွက် နားလည်မှုလွဲချော်မည်။

ကိုယ့်ချစ်သူကို အရင်တုန်းကထက် ပိုမို၍ သံယောဇဉ်နှောင်ကြိုးများ ငြိတွယ် နိုင်သော ကာလဖြစ်သည်။

စိတ်သောကများပြားရသော ကာလဖြစ်သည်။ ငွေကြေးတွင် အတိုက်အခံများ တွေ့ကြုံ ၍ ဆုံးရှုံးနစ်နာမှုများ ယှဉ်တွဲနေမည်။

ကျန်းမာရေးတွင် အပူရှပ် အဖျားနှင့် ကိုက်ခဲမှုရောဂါများ ဖြစ်ပွားတတ် ပါတယ်။

လုပ်ငန်းသစ်၊ နယ်ပယ်သစ်တွင် နေထိုင်လှူပ်ရှားရန် အပြောင်းအလဲများ ပေါ်ပေါက်လာလိမ့်မည်။

ခရီးဝေး သွားလာမှုများ တွေ့ကြုံတတ်ပြီး အတိုက်အခံကြုံတတ်သည်။

အဆက်အသွယ်ကောင်း၊ အခွင့်အရေးကောင်းများ ရရှိနိုင်သော်လည်း အကျိုးမရှိနိုင်ပါ။

လုပ်ငန်းအတွင်း မနာလိုသူတစ်ဦးရှိနေမည်။ မိမိဘက်က မှန်မှန်သာပြုလုပ် ဆောင်ရွက်ပါ။

စကားအပြောအဆိုသတိထားနေထိုင်သင့်သည်။

အကျိုးပေးဂဏန်း ၂/၃/၇

အထူးဟော ကိုယ်ရေးကိုယ်တာ ကိစ္စတွေများနေတတ်ပါတယ်။

ယတြာ ဇီးကြံရည် ဘုရားကပ်လှူပေးပါ။

၇ ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ