မြန် မာနိုင်ငံရဲ့နာမည်​ကျော်ရုပ်ရှင်မင်းသား​တွေထဲကမှ တစ်ဦးအပါအဝင်ဖြစ်တဲ့ မင်းသား​ချော​လေး​ဇေရဲထက်နဲ့ အထူးတလည်မိတ်ဆက်​ပေးဖို့မလို​လောက်ဘူးထင်ပါတယ်။ သူဟာဆိုရင် ရုပ်ရည်​ချော​မောရုံသာမက သရုပ်​ဆောင်မှုပိုင်းမှာလည်း ပီပြင်စွာသရုပ်​ဆောင်နိုင်တဲ့မင်းသား​ချော​လေးတစ်လက်ဆိုလည်းမမှား​လောက်ပါဘူး​နော်။ ​ဇေရဲထက်ရဲ့အချစ်​ရေးကိစ္စနဲ့ပတ်သက်ပြီ ​ကောလဟာလသတင်း​တွေထွက်ကုန်တာ​ကြောင့် မကြာ​သေးတဲ့အချိန်ကာလမှာ သူရဲ့ချစ်သူကို officialချပြခဲ့တာပဲဖြစ်ပါတယ်။

ဇေရဲထက်က​တော့ အခုရက်ပိုင်းမှာ ကိုရိုနာ​ကြောင့် အိမ်မှာ​ခေတ္တခနအနားယူ​နေစဉ်မှာ​တော့ အမှတ်တရပုံရိပ်​လေး​တွေနဲ့သူ့ကိုယ်တိုင်ချက်ပြုတ်ထားတဲ့အစားအ​သောက်ပုံရိပ်​လေး​တွေကို တင်​ပေး​လေ့ရှိပါတယ်။ ဧပြီလ(၁)ရက်​နေ့မှာ ​ဇေရဲထက်က “ကြိုဆိုလျက်ကွာ သမီးဆိုရင် အဖေနဲ့ကမယ်၊စာသင်မယ်၊ဘုရားသွားမယ်၊ သားလေးဆိုရင် နှစ်ယောက်သား ktv သွားမယ်၊bar သွားမယ်၊မာဆက်သွားမယ်၊ကလပ်သွားမယ်၊မင်းကိုအကုန်သင်ပေးမယ်၊ငါ့လိုမညံ့အောင်မသွားခဲ့ရတဲ့နေရာတွေကို”ဆိုကာ သူရဲ့လူမှုကွန်ယက်စာမျက်နှာ​ပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။ သူရဲ့ပရိသတ်​တွေက​တော့ ဧပြီ foolလုပ်တယ်ထင်​နေကြ​ပေမယ့် ​ဇေရဲထက်က​တော့ဘာမှမရှင်း​ပြ​တော့ဘဲတင်​ပေးလိုက်တာပါပဲ​နော်။

ပရိသတ်​တွေအတွက် ​ဇေရဲထက်က အ​ဖေ​တော့မယ့်အ​ကြောင်းကို​ ပြန်လည်ပြီမျှ​ဝေ​ပေးလိုက်ပါတယ်​နော်။ ပရိသတ်ကြီးကလည်း ​ဇေရဲထက်က April Foolလုပ်တယ်လို့ဘဲထင်​​နေကြတယ်ထင်ပါတယ်။

Soure…Zay Ye Htet’s facebook,Credi : CeleConnections